အဆိုပါ ဒေသအတွင်းရှိ တရားမဝင်အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများတွင် နိုင်ငံပေါင်း (၂၀) မှ လူပေါင်းသောင်းနှင့်ချီ၍ ထိုင်းနိုင်ငံမှတဆင့် တရားမဝင်ဖြတ်ကျော်ကာ ဝင်ရောက်လာပြီး လုပ်ငန်းလုပ်ကိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ နေရာအား သက်ဆိုင်ရာက ဝင်ရောက်ထိန်းသိမ်းကာ တရားမဝင် ဝင်ရောက်လာသူများအား ထိန်းသိမ်းထားပြီး သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိရာလက်ရှိအချိန်ထိ ပြည်ပနိုင်ငံသား (၉၄၀၃) ဦးကို ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ (၃၀) ရက်မှ နိုဝင်ဘာ (၅) ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြ ည်ပနိုင်ငံသား (၁၀၇၆၂) ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် လွှဲပြောင်းရန် ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁၃၅၉) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ပေါ်ပြူလာနယူးစ်
