Tuesday, April 22, 2025

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ...

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ...

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း...

စစ်ကိုင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု(၁၁၁)စုအား ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်သူများအနက် အိမ်ထောင်စု(၁၁၁)စုအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ယနေ့ ဧပြီ ၂၂ ရက်နံနက်ပိုင်းက IBEC ဆရာတော်တည်...

နျူကလီးယားဓာတ်ပေါင်းဖို ၁၉ ခု အီရန်...

လက်ရှိလည်ပတ်နေသော နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုအပြင် နောက်ထပ် ၁၉ ခုထပ်မံတည်ဆောက်ရန် ရည်ရွယ်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ပြောကြားသည်။ X လူမှုမီဒီယာပလက်ဖောင်းတွင် တင်ခဲ့သည့်...
HomeNewsLocal Newsမြန်မာ-ထိုင်းနယ်စပ်ဝင်/ထွက်ဂိတ်များမှ နှစ်နိုင်ငံ နေ့ချင်းပြန်သွားရောက်သူများ...

မြန်မာ-ထိုင်းနယ်စပ်ဝင်/ထွက်ဂိတ်များမှ နှစ်နိုင်ငံ နေ့ချင်းပြန်သွားရောက်သူများ RDT ဖြင့်စစ်ဆေးခြင်းအား ကင်းလွတ်ခွင့်ရမည်

ကျန်းမာရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၁၉ ရက်(ယနေ့)ည ၁၂ နာရီမှစတင်သက်ရောက်မည့် မြန်မာ -ထိုင်း နယ်စပ်ဝင်/ထွက်ဂိတ်များမှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့်သူများလိုက်နာရမည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များထုတ်ပြန်ရာ၌ ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

မြန်မာ-ထိုင်း နယ်စပ်ဝင်ထွက်ဂိတ်များမှ ဝင်ရောက်မည့် ခရီးသွားများသည် ကျန်းမာရေးဝန် ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးများအနက် တစ်မျိုးမျိုးအား မြန်မာနိုင်ငံမဝင်မီ ၁၄ ရက်ကျော်က အကြိမ်ပြည့်ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်ပါရှိရမည်ဖြစ်ကာ ယင်း သတ်မှတ်ချက်အား အသက် (၁၂)နှစ်အောက်ကလေးများကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

ထို့ပြင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရခြင်းမရှိသေးသူများသည် မြန်မာနိုင်ငံသို့မဝင်ရောက်မီ ၄၈ နာရီအတွင်း ကိုဗစ်(၁၉) ရောဂါကင်းရှင်းကြောင်း RT-PCR နည်းဖြင့်စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေပါရှိရမည်ဖြစ်သည်။

ယင်း စာရွက်စာတမ်း/အထောက်အထားများ၏ မိတ္တူတစ်စုံစီကို မြန်မာ-ထိုင်း နယ်စပ်ဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံ ပြသရမည်ဖြစ်သည်။

ခရီးသွားများသည် ကျန်းမာရေးကြေညာချက် (Health Declaration Form)အား မြန်မာနိုင်ငံရောက်ချိန်၌ မြန်မာ-ထိုင်း နယ်စပ်ဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံ တင်ပြရမည်ဖြစ်ပြီး မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိပါက ဥပဒေအရအရေးယူခံရမည်ဖြစ်သည်။

ထို့အတူ နယ်စပ်ဝင်/ထွက်ဂိတ်၌ ကိုယ်အပူချိန်တိုင်းခြင်းနှင့်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းတို့ကိုခံယူရမည်ဖြစ်ကာ ကုန်ကျစရိတ်အဖြစ် တစ်ဦးလျင် မြန်မာငွေ ၁၅၀၀၀ ကျပ်အား မိမိအစီအစဥ်ဖြင့် ကျခံရမည်ဖြစ်ကာ နှစ်နိုင်ငံ နေ့ချင်းပြန်သွားရောက်သူများအနေဖြင့် RDT ဖြင့်စစ်ဆေးခြင်းအား ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

ထို့ပြင် RDT ဖြင့်စစ်ဆေးပြီး၍ ၁ နာရီအတွင်း ဓာတ်ခွဲအဖြေအရ ကိုဗစ်(၁၉)ရောဂါပိုးမတွေ့ရှိရပါက ခရီးစဥ်အတိုင်း ဆက်လက်သွားရောက်နိုင်ကြောင်း သိရသည်။

RDT နည်းဖြင့်စစ်ဆေးစဥ် ကိုယ်အပူချိန်မြင့်ခြင်း၊ကိုဗစ်(၁၉)ရောဂါလက္ခဏာများတွေ့ပါက ချက် ချင်းသီးခြားထားရှိ၍ သတ်မှတ်ထားသည့် ဆေး ရုံ(သို့)ကုသရေးစင်တာ(သို့)ဟိုတယ်သို့ လွှဲပြောင်းပို့ဆောင်ကာ ကုသမှုခံယူရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌နေထိုင်စဉ် ကိုဗစ်(၁၉)ရောဂါလက္ခဏာများပေါ်ပေါက်လာပါက ရောက်ရှိရာဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခြင်းမပြုမီ ထိုင်းနိုင်ငံ၏လိုအပ်ချက်အရ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်လိုပါက ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ဓာတ်ခွဲခန်းများတွင် မိမိစရိတ်ဖြင့်ဆောင်ရွက်နိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားသားခရီးသွားများသည် အသွားအလာကန့်သတ်ခြင်း၊ဓာတ်ခွဲစစ်ဆေးမှုနှင့်ဆေးကုသမှု ကုန်ကျစရိတ်များအားကျခံရမည်ဖြစ်ကာ သံတမန်များ၊ကုလသမဂ္ဂအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတကာဝန်ထမ်းများနှင့်မိသားစုဝင်များအား Home Quarantine ခွင့်ပြုပေးမည်ဖြစ်သည်။

ထို့ပြင် ခရီးသွားများသည် မြန်မာ-ထိုင်းနယ်စပ်ဝင်ထွက်ဂိတ်တာဝန်ရှိသူများနှင့်သက်ဆိုင်ရာ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို တိကျ စွာလိုက်နာရမည်ဖြစ်ပြီး ပျက်ကွက်ပါကဥပဒေအရအရေးယူခံရမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ နိုင်ငံတော်အဆင့်လာရောက်သည့် နိုင်ငံတော်အဆင့် ဧည့်သည်တော်များ(သို့)နိုင်ငံခြားကိုယ်စားလှယ်တော်များသည် ဆိုက်ရောက်မည့် နေ့ရက်မတိုင်မီ အလုပ်လုပ်ရက် အနည်းဆုံး ၅ ရက်ကြိုတင်၍ ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ထိန်းချုပ်ကုသရေးဗဟိုကော်မတီ၊နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့သို့တင်ပြ၍ သတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်တောင်းခံနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ တည်ဆောက်မှု လုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် (၂၄၀၀) တင်ဆောင်လာသည့်ရေယာဉ်သည် ရန်ကုန်မြို့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတားသို့ ဧပြီ (၂၀)...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ယနေ့ ဧပြီ ၂၂ ရက်ကထုတ်ပြန်ခဲ့သည်။ မြန်မာ့တပ်မတော်မှ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင် ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုကိုရှေးရှု၍ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန် ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်...

စစ်ကိုင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု(၁၁၁)စုအား ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်သူများအနက် အိမ်ထောင်စု(၁၁၁)စုအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ယနေ့ ဧပြီ ၂၂ ရက်နံနက်ပိုင်းက IBEC ဆရာတော်တည် ထောင်ထားသော IBEC ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ IBEC ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာ၊ PLAN International နှင့် FLYDO အဖွဲ့တို့ပူးပေါင်း၍ သံတူရွင်း၊ သွပ်ကြိုး၊ အိမ်ရိုက်သံ၊ သံတူ၊ ပလာယာ၊ နိုင်လွန်ကြိုး၊ စောင်၊ ခြင် ထောင်၊ တာပေါ်လင်များကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ " လာမယ့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071