Tuesday, February 18, 2025

ယူကရိန်းအရေးအမေရိက-ရုရှား ဆွေးနွေးပွဲကို တရုတ်နိုင်ငံက တုံ့ပြန်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ တရုတ်နိုင်ငံသည် ယူကရိန်းအရေးအခင်းကို ဖြေရှင်းရန် အမေရိကနှင့် ရုရှားအကြား ဆွေးနွေးမှုများအပါအဝင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံးကို ကြိုဆိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ...

ပြင်ပအနှောက်အယှက်ဖိအားများအာဆီယံ ပယ်ချ–မလေးရှား

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ဒေသကို အနှောင့်အယှက်ဖြစ်စေမည့် ပြင်ပဖိအားများကို ပယ်ချကြောင်း မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးက...

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅)...

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင်...
HomeNewsLocal Newsမြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)...

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်ပြည့်အထိမ်းအမှတ် မဟာမုနိဘုရားကြီးတွင် ကန်ဒေါ် လာ (၁၄၀၀၀) တန်ဖိုးရှိ Solar လျှပ်စစ်မီးတပ်ဆင်လှူဒါန်း

မြန်မာ-တရုတ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်ပြည့် ဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် အမေရိကန်ဒေါ်လာ (၁၄၀၀၀) တန်ဖိုးရှိ 30kw Solar လျှပ်စစ်မီး တပ်ဆင်လှူဒါန်းပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ထိုသို့ လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီ (၂၂) ရက် နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုပြင် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Ping၊ မြန်မာ-တရုတ်ပူးပေါင်း ဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ရှိသူများ၊ ဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

မဟာမုနိဘုရားကြီးဝင်ပေါက်ရှိ တပ်လှူဒါန်းထားသော Solar လျှပ်စစ်ရုံရှေ့တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကောင်စစ် ဝန်ချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ Solar လျှပ်စစ်တပ်ဆင်ထားသည့် အခန်းတွင်း ကြည့်ရှုပြီးနောက် ဘုရားရင်ပြင်တော်၊ စွယ်တော်တိုက်ရှေ့ရှိ ကမ္ဗည်းကျောက်စာအား နံ့သာရည်များ ပက်ဖျန်းပေးကြသည်။

၎င်းအခမ်းအနားတွင် မြန်မာ-တရုတ်နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ် ပြည့်အား ဂုဏ်ပြုသောအားဖြင့် Solar လျှပ်စစ်မီး တပ်ဆင်လှူဒါန်းရခြင်း ရည်ရွယ်ချက်များ၊ တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး နှစ်နိုင်ငံဖွံဖြိုး တိုးတက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအား မန္တလေးမြိုအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ် ဝန်ချုပ် Ms. Gao Ping က ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး နှစ်နိုင်ငံဖွံဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားများကို တိုင်းဒေ သကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့နောက် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ရှိသူက အသင်း၏ ဆောင်ရွက်ချက်များ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌက ကျေးဇူးတင်စကားများ ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တရုတ်ကောင်စစ်ဝန်ချုပ်နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ရှိသူအား ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းအရေးအမေရိက-ရုရှား ဆွေးနွေးပွဲကို တရုတ်နိုင်ငံက တုံ့ပြန်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ တရုတ်နိုင်ငံသည် ယူကရိန်းအရေးအခင်းကို ဖြေရှင်းရန် အမေရိကနှင့် ရုရှားအကြား ဆွေးနွေးမှုများအပါအဝင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံးကို ကြိုဆိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဂွို ဂျီယာကွန် က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွင် ပါဝင်သူများနှင့် အကျိုးစီးပွားပါဝင်ပတ်သက်သူ အားလုံးသည် သင့်လျော်သော အချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်၌ ပါဝင်နိုင်ကြမည်ဟု မျှော်လင့်ကြောင်းလည်း သူက ထပ်မံပြောကြားခဲ့သည်။ ဂွို ဂျီယာကွန်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံသည် တွေ့ဆုံဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုကသာ အကျပ်အတည်းများကို ဖြေရှင်းနိုင်သည့်...

ပြင်ပအနှောက်အယှက်ဖိအားများအာဆီယံ ပယ်ချ–မလေးရှား

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ဒေသကို အနှောင့်အယှက်ဖြစ်စေမည့် ပြင်ပဖိအားများကို ပယ်ချကြောင်း မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ တရုတ်ညီလာခံ: အရှေ့တောင်အာရှ ၂၀၂၅  အစည်းအဝေးသို့ အပိတ်မိန့်ခွန်း ပြောကြားရာတွင် ဝန်ကြီး တင်ကူးဇာဖရူး အဗ္ဒူလ် အဇစ် က အာဆီယံ၏ဘက်မလိုက်ဘဲကြားနေမှုကို အလေးပေးပြောကြားခဲ့ပြီး ၎င်းတို့၏စည်းကမ်း နည်းလမ်းများနှင့်အညီ အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေးကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။ ဇာဖရူးက အာဆီယံ သည် စည်းလုံးညီညွတ်ရမည်ဖြစ်ပြီး ၎င်း၏...

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ တရားဝင် ဖိတ်ကြားချက်အရခဲ့ ခရီးစဉ်အတွက် စိစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ပြောဆိုခဲ့သည်။ ယခုခရီးစဉ်သည် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မစ္စတာ Sonexay ၏ ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးအပါအဝင် နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေမည့် နည်းလမ်းများကို နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးကြမည်ဖြစ်သည်။ ခေါင်းဆောင်များအနေဖြင့် မူ-းယစ်ဆေးဝါး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071