တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေနှင့်တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မစ္စတာ ရန်ဝေးချွင်တို့ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ရန်ဝေးချွင်အား တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေက ဇန်နဝါရီ ၁၆ ရက်မွန်းလွဲ ၂ နာရီခွဲတွင် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် ဆက်ဆံရေးနှင့်စီးပွားရေးဆိုင်ရာကူးသန်းရောင်းဝယ်မှုများ မြှင့်တင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပညာသင်ဆုများ တိုးမြှင့်ရရှိရေးကိုလည်း မြန်မာသံအမတ်ကြီးနှင့်ညွှန်ကြားရေးမှူးချုပ် မစ္စတာ ရန်ဝေးချွင်တို့ကဆွေးနွေးခဲ့ကြသည်။

