Tuesday, June 9, 2026

ပဲခူးတိုင်းတွင် မိုးတွင်းရေကြီးမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ...

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြောင်း ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောသည်။ မိုးသည်းထန်စွာ...

မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းရုံးခန်းဖွင့်လှစ်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းတောင့်ရှိ Inno City ၌ မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းရုံးခန်းကို ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့သည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ...

UFC Freedom250 ပွဲစဉ်များကို ရန်ကုန်အမေရိကန်စင်တာတွင်...

အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးနှစ် (၂၅၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည့် UFC Freedom250 ခေါင်ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌ အတူတကွကြည့်ရှုနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ...

ဘင်းမ်စတက် (၂၉) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Hotel Sheraton ၌ ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်က ကျင်းပသည့် ဘင်းမ်စတက် (BIMSTEC)...
HomeMoviesမြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့်...

မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ချိတ်ဆက်ပေးမည့် ပြပွဲကျင်းပမည်

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်း (UMBEEA) မှ ကြီးမှူးကျင်းပမည့်
“Myanmar–China Trade & Investment Expo 2026 ကို ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို Yangon Convention Center (YCC), Yangonတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ချိတ်ဆက်ပေးမည့် အထူးပြပွဲဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် MSMEs လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ စားသောက်ကုန်နှင့် လူသုံးကုန် လုပ်ငန်းများ
၊စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ အလှကုန်၊ ဖက်ရှင်နှင့် လက်မှုပစ္စည်းလုပ်ငန်းများ
ဝန်ဆောင်မှုလုပ်ငန်းများပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်ကြောင်းလည်း အသိပေးထားသည်။

မြန်မာ MSMEs များအတွက် အထူးအားပေးနှုန်း (Special Local MSME Price) ဖြင့် Booth များ ငှားရမ်းနိုင်ကြောင်းလည်း သိရသည်။

Expo တွင် ပါဝင်ခြင်းဖြင့် မိမိလုပ်ငန်းနှင့် ထုတ်ကုန်များကို လူသိများစေရန် ဖောက်သည်အသစ်များ ရရှိစေရန် တရုတ်နှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်နိုင်ရန်ကိုယ်စားလှယ်များ၊ ဖြန့်ချိရေးလုပ်ငန်းများနှင့် တွေ့ဆုံနိုင်ရန် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေနိုင်ရန် အခွင့်အရေးကောင်းများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

Union of Myanmar Bamar Ethnic Entrepreneurs Association သို့ ဝင်ရောက်ပြသလိုသူများ အနေဖြင့် အမြန်ဆုံး စာရင်းပေးသွင်းကြပါရန် ဖိတ်ခေါ်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတိုင်းတွင် မိုးတွင်းရေကြီးမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ ဆောင်ရွက်ထား စက်တပ်လှေ ၇၉ စီး၊ မီးစက် ၂၀ လုံး၊ ရေစုပ်စက် ၁၈ လုံး အသင့်ပြင်ထား

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြောင်း ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောသည်။ မိုးသည်းထန်စွာ ရွာသွန်းလာပါက ရေကြီးရေလျှံမှုများအတွက် တိုင်းဒေသကြီးတစ်ဝန်း ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်စီစဉ်ထားကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းရွှေက “မိုးများသည်းထန်စွာ ရွာသွန်းလာပါက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ အဆင်သင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်သည်” ဟု ပြောကြားသည်။ ဇွန်လ ၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းခဲ့ပြီးနောက်...

မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းရုံးခန်းဖွင့်လှစ်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းတောင့်ရှိ Inno City ၌ မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းရုံးခန်းကို ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့သည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ဒု-ပါမောက္ခ ချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တဇောတိကအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပ ရိတ်တရားတော်များကိုရွတ်ဖတ်ပေးတော်မူကြပြီးနောက် မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဦးတင်ဝင်း(သံအမတ်ကြီး-ငြိမ်း)နှင့် အဖွဲ့ဝင်များကလှူ ဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ မြန် မာ-ထိုင်းချစ်ကြည်ရေးအသင်း ဒု-ဥက္ကဋ္ဌ(၁)ဗိုလ်မှူးချုပ်ဝင်းမောင်(သံအမတ်ကြီး-ငြိမ်း)၊ အတွင်းရေးမှူးဦးမျိုးမင်းဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှသံရုံးယာယီတာဝန်ခံ Mr.Yordying Suposri တို့တက်ရောက်ခဲ့ကြသည်။ Photo-Ko Aung Myint

UFC Freedom250 ပွဲစဉ်များကို ရန်ကုန်အမေရိကန်စင်တာတွင် အတူတကွကြည့်ရှုနိုင်ရန် အမေရိကန်သံရုံး ဖိတ်ခေါ်

အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးနှစ် (၂၅၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည့် UFC Freedom250 ခေါင်ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌ အတူတကွကြည့်ရှုနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖိတ်ခေါ်ထားကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကို ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက်သူများအနေဖြင့် မနက်စာသုံးဆောင်ရင်း အိမ်ဖြူတော်တောင်ဘက် မြက်ခင်းပြင်မှ တိုက်ရိုက်ထုတ်လွှင့်မည့် UFC Freedom250 ပွဲစဉ်များကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့ပြင် Freedom250 အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံရှိ MMA (Mixed Martial Arts)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071