မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီက ကြီးမှူးကျင်းပသည့် “မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၇၅ ပြည့် အထိမ်းအမှတ်၊ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ၁၅ နှစ်ပြည့်ပြပွဲ” ကို ဒီဇင်ဘာလ ၁၁ရက်နေ့က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲအခမ်းအနားမှာတရုတ် အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမှ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကို ဖိတ်ကြားခဲ့ပြီးဆွေးနွေးဖလှယ်ခြင်းများပြုလုပ်ခဲ့ပြီး အဆိုပါပြပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ အများပြည်သူအတွက် တစ်ပတ်ကြာ ဖွင့်လှစ်ပြသသွားမည် ဖြစ်ကြောင်း သိရပါသည်။
ပြပွဲတွင် သမိုင်းဝင် ဓာတ်ပုံ ၂၀၀ နီးပါး၊ အဖိုးတန် စာရွက်စာတမ်းနှင့် ပစ္စည်း ၃ဝ ကျော်တို့မှတစ်ဆင့် မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး သမိုင်းကြောင်းနှင့် လုပ်ငန်းလည်ပတ်မှု စီမံခန့်ခွဲမှု အောင်မြင်မှုများကို စနစ်တကျ ပြန်လည်ဖော်ပြထားပြီး စွမ်းအင်ထောက်ပံ့ရေး၊ ပြည်သူ့အကျိုးပြုလူမှုဘဝ၊ လူရည်ချွန်မွေးထုတ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးစသည့် နယ်ပယ်များတွင် စီမံကိန်း၏ အောင်မြင်သော ရလဒ်များကို အဓိကဖော်ပြထားပြီး စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၏ တန်ဖိုးကို ပီပြင်စွာရှင်းလင်းထားသည်။
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး နှစ် ၆ဝ ပြည့်နှင့် တိုက်ဆိုင်သော ၂ဝ၁ဝ ပြည့်နှစ်၊ ဇွန်လ ၃ ရက်နေ့တွင် တရားဝင် စတင်တည်ဆောက်ခဲ့ပြီး ၁၅ နှစ်ကြာ တည်ဆောက်ရေးနှင့် လည်ပတ်မှုသမိုင်းတစ်လျှောက်တွင် ဤစီမံကိန်းသည် မြန်မာ-တရုတ် စွမ်းအင် ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာ ဖြစ်လာခဲ့သည်။
အဆိုပါစီမံကိန်းသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃ သန်းကို လူမှုအကူအညီများ ပေးအပ်ခဲ့ပြီး လူမှုရေး တာဝန်ယူမှု စီမံကိန်း ၅၀၈ ခုကို အကောင်အထည်ဖော်ခဲ့သည်။ ပညာရေး၊ ကျန်းမာရေး၊ ရေပေးဝေရေး၊ လျှပ်စစ်မီးပေးရေး၊ သယ်ယူပို့ဆောင်ရေးစသည့် ပြည်သူ့လူမှုဘဝ၏ အရေးကြီးသော နယ်ပယ်များစွာကို လွှမ်းခြုံထားပြီး ဒေသခံပြည်သူများ၏ လူမှုဘဝအခြေအနေများကိုတိုးတက်စေခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အားဖြည့်သွားမည်ဖြစ်ပြီး၊ ဘေးကင်း၊ တည်ငြိမ်၊ ထိရောက်သော လည်ပတ်မှု တာဝန်ကို ခိုင်မြဲစွာ ထမ်းဆောင်သွားမည်ဖြစ်ကာ”စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှု၊ စွမ်းအင်ကို ပေးအပ်ခြင်း၊ သုံးစွဲသူများ၏ တိုးတက်မှုကို တွန်းအားပေးခြင်း၊ ပြည်သူများ၏ ပျော်ရွှင်မှုအတွက် စွမ်းအားသစ် ဖြည့်ဆည်းပေးခြင်း” ဟူသည့် တန်ဖိုးရှိသောရည်မှန်းချက်ကို လက်ကိုင်ထားပြီး၊ တရုတ်ရေနံ၏ E-Light စွမ်းအင် အလင်းရောင်ဖြင့် တရုတ်-မြန်မာ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို ထွန်းလင်းစေကာ၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” ရေနံနှင့် သဘာဝဓာတ်ငွေ့ ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာ စီမံကိန်းကို ဖန်တီးရန်နှင့် မြန်မာ-တရုတ် ရိုးရာ ချစ်ကြည်ရေးကို နက်ရှိုင်းစေရန် မဆုတ်မနစ် ကြိုးပမ်းသွားမည် ဖြစ်သည်
