Friday, February 13, 2026

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...
HomeNewsLocal Newsမြန်မာ-တရုတ်နယ်စပ်ဂိတ်၂ခုမှနေ၍ ပို့ကုန်ယာဉ်နှင့်ကွန်တိန်ယာဉ်စုစုပေါင်း၇စီးဖြင့် ပို့ကုန်...

မြန်မာ-တရုတ်နယ်စပ်ဂိတ်၂ခုမှနေ၍ ပို့ကုန်ယာဉ်နှင့်ကွန်တိန်ယာဉ်စုစုပေါင်း၇စီးဖြင့် ပို့ကုန် စပို့

မြန်မာ-တရုတ်နယ်စပ်ဂိတ်၂ခုမှနေ၍ ပို့ကုန်ယာဉ်နှင့်ကွန်တိန်ယာဉ်စုစုပေါင်း၇စီးဖြင့် ပို့ကုန် စပို့

ကိုဗစ်ကြောင့် ခေတ္တပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဂိတ်များထဲမှ ကျင်စန်းကျော့ဂိတ်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ထိုဂိတ်၂ခုမှနေ၍ မြန်မာပို့ကုန်များကို စတင်တင်ပို့နေပြီဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသတင်းတစ်ရပ်ကဖော်ပြသည်။

ကျင်စန်းကျော့ဂိတ်သည် ၂၀၂၁ခုနှစ် ဇူလိုင်၈ရက်က စပြီးပိတ်လိုက်သည့် ဂိတ်တစ်ခုဖြစ်သည်။

ယခုနိုဝင်ဘာ ၂၆ရက်ကစပြီး ပြန်ဖွင့်လှစ်လိုက်ရာ ကျင်စန်းကျော့ဂိတ်မှနေ၍ နိုဝင်ဘာ ၂၆ရက်က မြန်မာဘက်မှနေ၍ တရုတ်နိုင်ငံဘက်သို့ ကွန်တိန်နာငါးစီးဖြင့် ကုန်ပစ္စည်းများတင်ပို့ ရောင်းချနိုင်ခဲ့သည်ဟု စီးပွားကူးသန်းကဖော်ပြသည်။

သီဟိုဠ်စေ့ တစ်စီး၊ ရော်ဘာ နှစ်စီး၊ ဆန်ကွဲ နှစ်စီးဖြစ်ကြောင်း ကုန်သွယ်ရေးဇုန်ညွှန်ကြားရေးမှူး ဦးစိန်ဝင်းကပြောဆိုထားသည်။

တရုတ်နိုင်ငံဘက်က ကွန်တိန်နာငါးစီးဝင်ရောက်လာပြီး ဆိုင်ကယ်အပိုပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည်ဟု ၎င်းက ပြောဆိုကာ နောက်ပိုင်းတွင် အစီးရေ ပိုတိုး လာမည်ဖြစ်ကြောင်းလည်း ပြောသည်။

ကျင်စန်းကျော့ဂိတ်မှနေ၍ ပို့ကုန်၊သွင်းကုန်များအား ကွန်တိန်နာဖြင့် ဆောင်ရွက်မည်ဟုသိရသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှနေ၍လည်း နိုဝင်ဘာ ၂၆ ရက်တွင် ချင်းရွှေဟော်စခန်းမှ တစ်ဆင့် ရွှင်ချွမ်လုံထုတ်လုပ်မှု ကုမ္ပဏီ လီမိတက်မှ တစ်စီးလျှင် လက်ဖက် ခြောက်ကုန်ကြမ်း ၃ ဒသမ ၉၂၉ တန် တင်ဆောင်သည့် ၁၂ ဘီး ယာဉ်နှစ်စီး စုစုပေါင်း လက်ဖက်ခြောက် တန်ချိန် ၇ ဒသမ ၈၅၈ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ နိုင်ခဲ့သည်။ တရုတ်ဘက်မှလည်း ဓာတ်မြေ သြဇာတစ်စီးနှင့် လူသုံးကုန်ပစ္စည်းတင်ယာဉ် တစ်စီး၊ စုစုပေါင်း နှစ်စီး တင်သွင်းခဲ့သည်ဟုသိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု ကြောင့် မြန်မာ-တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် မူဆယ်(မန်းဝိန်းဂိတ်)၊ ကျင်စန်းကျော့ဂိတ်နှင့် ကြုံကုတ်-ပန်ဆိုင်းဂိတ်တို့ကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှစပြီး တရုတ်နိုင်ငံ ဘက်မှယာယီရပ်ဆိုင်းခဲ့သည့် အပြင် ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ တင်ပို့တင်သွင်းခြင်း ကိုလည်း ၂၀၂၁ ခုနှစ် ဧပြီလမှ စပြီး ယာယီရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

Zaw Gyi

ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္၂ခုမွေန၍ ပို႔ကုန္ယာဥ္ႏွင့္ကြန္တိန္ယာဥ္စုစုေပါင္း၇စီးျဖင့္ ပို႔ကုန္ စပို႔

ကိုဗစ္ေၾကာင့္ ေခတၱပိတ္ထားသည့္ ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္မ်ားထဲမွ က်င္စန္းေက်ာ့ဂိတ္ႏွင့္ ခ်င္းေရႊေဟာ္ကုန္သြယ္ေရးစခန္းတို႔ကို ျပန္လည္ဖြင့္လွစ္လိုက္ၿပီျဖစ္ရာ ထိုဂိတ္၂ခုမွေန၍ ျမန္မာပို႔ကုန္မ်ားကို စတင္တင္ပို႔ေနၿပီဟု စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနသတင္းတစ္ရပ္ကေဖာ္ျပသည္။

က်င္စန္းေက်ာ့ဂိတ္သည္ ၂၀၂၁ခုႏွစ္ ဇူလိုင္၈ရက္က စၿပီးပိတ္လိုက္သည့္ ဂိတ္တစ္ခုျဖစ္သည္။

ယခုနိုဝင္ဘာ ၂၆ရက္ကစၿပီး ျပန္ဖြင့္လွစ္လိုက္ရာ က်င္စန္းေက်ာ့ဂိတ္မွေန၍ နိုဝင္ဘာ ၂၆ရက္က ျမန္မာဘက္မွေန၍ တ႐ုတ္နိုင္ငံဘက္သို႔ ကြန္တိန္နာငါးစီးျဖင့္ ကုန္ပစၥည္းမ်ားတင္ပို႔ ေရာင္းခ်နိုင္ခဲ့သည္ဟု စီးပြားကူးသန္းကေဖာ္ျပသည္။

သီဟိုဠ္ေစ့ တစ္စီး၊ ေရာ္ဘာ ႏွစ္စီး၊ ဆန္ကြဲ ႏွစ္စီးျဖစ္ေၾကာင္း ကုန္သြယ္ေရးဇုန္ညႊန္ၾကားေရးမွူး ဦးစိန္ဝင္းကေျပာဆိုထားသည္။

တ႐ုတ္နိုင္ငံဘက္က ကြန္တိန္နာငါးစီးဝင္ေရာက္လာၿပီး ဆိုင္ကယ္အပိုပစၥည္းႏွင့္ လူသုံးကုန္ပစၥည္းမ်ားျဖစ္သည္ဟု ၎က ေျပာဆိုကာ ေနာက္ပိုင္းတြင္ အစီးေရ ပိုတိုး လာမည္ျဖစ္ေၾကာင္းလည္း ေျပာသည္။

က်င္စန္းေက်ာ့ဂိတ္မွေန၍ ပို႔ကုန္၊သြင္းကုန္မ်ားအား ကြန္တိန္နာျဖင့္ ေဆာင္ရြက္မည္ဟုသိရသည္။

ခ်င္းေရႊေဟာ္ကုန္သြယ္ေရးစခန္းမွေန၍လည္း နိုဝင္ဘာ ၂၆ ရက္တြင္ ခ်င္းေရႊေဟာ္စခန္းမွ တစ္ဆင့္ ရႊင္ခၽြမ္လုံထုတ္လုပ္မွု ကုမၸဏီ လီမိတက္မွ တစ္စီးလၽွင္ လက္ဖက္ ေျခာက္ကုန္ၾကမ္း ၃ ဒသမ ၉၂၉ တန္ တင္ေဆာင္သည့္ ၁၂ ဘီး ယာဥ္ႏွစ္စီး စုစုေပါင္း လက္ဖက္ေျခာက္ တန္ခ်ိန္ ၇ ဒသမ ၈၅၈ တန္ကို တ႐ုတ္နိုင္ငံသို႔ တင္ပို႔ နိုင္ခဲ့သည္။ တ႐ုတ္ဘက္မွလည္း ဓာတ္ေၿမ ၾသဇာတစ္စီးႏွင့္ လူသုံးကုန္ပစၥည္းတင္ယာဥ္ တစ္စီး၊ စုစုေပါင္း ႏွစ္စီး တင္သြင္းခဲ့သည္ဟုသိရသည္။

ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိမွု ေၾကာင့္ ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္မ်ားျဖစ္သည့္ မူဆယ္(မန္းဝိန္းဂိတ္)၊ က်င္စန္းေက်ာ့ဂိတ္ႏွင့္ ၾကဳံကုတ္-ပန္ဆိုင္းဂိတ္တို႔ကို ၂၀၂၁ ခုႏွစ္ ဇူလိုင္လမွစၿပီး တ႐ုတ္နိုင္ငံ ဘက္မွယာယီရပ္ဆိုင္းခဲ့သည့္ အျပင္ ခ်င္းေရႊေဟာ္ကုန္သြယ္ ေရးစခန္းမွ တင္ပို႔တင္သြင္းျခင္း ကိုလည္း ၂၀၂၁ ခုႏွစ္ ဧၿပီလမွ စၿပီး ယာယီရပ္ဆိုင္းထားခဲ့ျခင္းျဖစ္သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071