Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန်...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့...

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်...

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ...
HomeNewsLocal Newsမြန်မာ-တရုတ်စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်းရန် ဗိုလ်ချုပ်မှုးကြီးတိုက်တွန်း

မြန်မာ-တရုတ်စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်းရန် ဗိုလ်ချုပ်မှုးကြီးတိုက်တွန်း

မြန်မာနိုင်ငံတွင်သတ္တုထုတ်လုပ်လိုပါက မြန်မာနိုင်ငံသို့လာရောက်ဆွေးနွေးရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းက မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွေ့ဆုံပွဲတွင် ဆွေးနွေးဖိတ်ခေါ်ခဲ့သည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ သတ္ထုတူးဖော်ရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍမြှင့်တင်နိုင်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လိုမှုနှင့်ပတ်သက်၍ တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မေးမြန်းခဲ့ကြသည်။

အဆိုပါ မေးမြန်းမှုများအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌမှ သတ္ထုတူးဖော်မှုအဆင့်မြှင့်တင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှထွက်ရှိသည့် သဘာဝသယံဇာတ ပစ္စည်းများအား ကုန်ကြမ်းအဖြစ်ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းကို ခွင့်မပြုထားသော်လည်း ကုန်ချောအဖြစ်ထုတ်လုပ်တင်ပို့ခြင်းကိုခွင့်ပြုပေးထားသည်ဟု ပြန်လည်ဖြေကြားသည်။

ထို့ကြောင့် သယံဇာတများထုတ်ယူခြင်းမှာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်၍ မြန်မာနိုင်ငံတွင်သတ္ထုထုတ်လုပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လိုပါက မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။

ထို့အတူ စွမ်းအင်ကဏ္ဍနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းများအတွက်လည်း လာရောက်ဆွေးနွေးနိုင်ကာ မိမိအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုကို ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး Waste To Energy ကိုလည်း ဒုတိယဦးစားပေးအနေဖြင့်စိတ်ဝင်စားသော်လည်း ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်ကိုထည့်သွင်းတွက်ချက်ရန်လိုသည်ဟုလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြန် လည်ဖြေကြားခဲ့သည်။

ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-တရုတ်စီး ပွားရေးလုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်း၍ လုပ်ငန်းများမြန်ဆန်စွာဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုသည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီ (Darkhan Satybaldy) နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လွတ်လပ်၍...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊ မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ခေတ္တရပ်နားစဉ် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071