တရုတ်နိုင်ငံသည် မြန်မာ့အရေး၌ အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီလကကြားဝင်စေ့စပ်ပေးခဲ့ရာ မအောင်မြင်သည့်တိုင် မြန်မာ့အရေး၌ အရေးပါသောဩဇာရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။
မြန်မာ့ပဋိပက္ခများ သည် အရှိန်မြင့်လာသဖြင့် တရုတ်နိုင်ငံတစ်နိုင်ငံတည်းသာမက အာဆီယံအသိုက်အဝန်း၏ ကြားဝင်စေ့စပ်ပေးမှုသည်လည်း လိုအပ်လာသဖြင့် အာဆီယံ၏ပါဝင်ပတ်သက်မှုသည်လည်း အရေးတကြီးလိုအပ်လာပြီဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများကပြောကြားခဲ့သည်။
Hong Kong’s Centre on Contemporary China and the World တက္ကသိုလ် မှ သုေတ သီ တစ်ဦးဖြစ်သူ ဒေါက်တာ ဘရိုင်းန်ဝေါင်း ကမူ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် မြန်မာနှင့်အနီးစပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံအပါအဝင် တရုတ်နှင့်ဒေသတွင်းအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုက သာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ထိရောက်မှုရှိနိုင်ကြောင်းပြောကြားခဲ့သည်။
လွန်ခဲ့သည့်သုံးနှစ်ကစတင်ခဲ့သည့် မြန်မာ့အရေးအကျပ်အတည်းက ပဋိပက္ခများကို ဖြစ် စေ ခဲ့သဖြင့် ဒေသဆိုင်ရာအဖွဲ့ အစည်း များက အဓိကဖျန်ဖြေပေးသည့် အခန်းကဏ္ဍတွင်ပါနေရခြင်းဖြစ်သည်။
အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအားလုံးသဘောတူညီထားသည့် အကြမ်းဖက်မှုချက်ခြင်းရပ်တန့်ရေး၊ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ နှင့်လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေးစသည့် အစီအစဉ်ငါးရပ်နှင့်အကောင်အထည်ဖော်ဆောင်ရွက် နေသည်။
သို့သော် အဆိုပါ အချက်အလက် ၅ ရပ်ပါ အစီအစဉ်ကို ထိရောက်အောင်အကောင်အထည် မဖော်နိုင်သေးသဖြင့် ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ်အသစ် ဆရီသာသာဗီဆင်ဦးဆောင်သည့်အစိုးရအနေဖြင့် မြန်မာ့အရေး၌ ယခုထက်ပိုမိုတက်ကြွစွာပါဝင်ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံကပြန်လည်သုံးသပ်နေကြောင်းလည်းဆိုခဲ့သည်။
Source : စီအင်န်အေ