Saturday, February 15, 2025

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့်...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က...

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း မစောတံတားတွင် ခရီးသွားယာဉ် ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးမစောတံတား၌ ယနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ထိုသို့ ပိတ်ဆို့ရခြင်းမှာ ယာယီသံဘေလီတံတားအစားကွန်ကရစ်တံတားအသစ်ဆောက်လုပ်ရန်...
HomeNewsLocal Newsမြန်မာ့အရေး ညှိနှိုင်းတိုင်ပင်ဆွေးနွေးအဖြေရှာသည့် နည်းလမ်းကိုသာ...

မြန်မာ့အရေး ညှိနှိုင်းတိုင်ပင်ဆွေးနွေးအဖြေရှာသည့် နည်းလမ်းကိုသာ တရုတ်ထောက်ခံဟုဆို

(Unicode)

မြန်မာ့အရေး ညှိနှိုင်းတိုင်ပင်ဆွေးနွေးအဖြေရှာသည့် နည်းလမ်းကိုသာ တရုတ်ထောက်ခံဟုဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးသံတမန်မစ္စတာစွန်းကော်ရှန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သတ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က နိုဝင်ဘာ ၁၆ရက်တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူမစ္စတာ ကျောက်လိကျန်းက ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို ထောက်ခံကြောင်း ပြောဆိုသွားသည်ဟု တရုတ်မီဒီယာတစ်ခုဖြစ်သည့် CRIက ယနေ့ ဖော်ပြသည်။

ညှိနှိုင်းဆွေးနွေးတိုင်ပင်ခြင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဥပဒေမူဘောင်အတွင်းဟု မစ္စတာ ကျောက်လိကျန်းက ပြောကာ ဘက်အသီးသီးတို့က(အဖွဲ့စုံ၊ပုဂ္ဂိုလ်စုံကို ရည်ညွှန်းခြင်းဖြစ်သည်) ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ ဖြေရှင်းရေးနည်းလမ်းကို အလျင်အမြန် ရှာကြံရန် ထောက်ခံကြောင်းဆိုခဲ့သည်။

“တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်းနိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးတို့အား ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဥပဒေမူဘောင်အတွင်းတွင် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ ဖြေရှင်းရေးနည်းလမ်းကို အလျင်အမြန် ရှာကြံရန် ထောက်ခံကြောင်း” ပြောရေးဆိုခွင့်ရှိသူမစ္စတာ ကျောက်လိကျန်းကပြောကြားခဲ့သည်ဟု China Radio International က ဆိုသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးသံတမန်မစ္စတာ စွန်းကော်ရှန်းသည် နိုဝင်ဘာလ ၁၅ ရက်နေ့က နစကဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည်။

အခြားသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဖြစ်၊မဖြစ်ကိုမူ သတင်းမထုတ်ပြန်သေးသည်။

နစကဥက္ကဋ္ဌနှင့် မစ္စတာ စွန်းကော်ရှန်းတို့ တွေ့ဆုံရာတွင် နစက၏ လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံနှင့် အာဆီ ယံအဖွဲ့ဝင်နိုင်ငံများ ဆက်ဆံရေး၊ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့၏ ဆက်ဆံရေး အခြေအနေ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု နစကကသတင်းထုတ်ပြန်ထားသည်။

(Zawgyi)

ျမန္မာ့အေရး ညႇိႏႈိင္းတိုင္ပင္ေဆြးေႏြးအေျဖရွာသည့္ နည္းလမ္းကိုသာ တ႐ုတ္ေထာက္ခံဟုဆို

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွေရးရာအထူးသံတမန္မစၥတာစြန္းေကာ္ရွန္း၏ ျမန္မာႏိုင္ငံခရီးစဥ္ႏွင့္ ပတ္သတ္ၿပီး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဘက္က ႏိုဝင္ဘာ ၁၆ရက္တြင္ ျပဳလုပ္သည့္ ပုံမွန္သတင္းစာရွင္းလင္းပြဲတြင္ ေျပာေရးဆိုခြင့္ရွိသူမစၥတာ ေက်ာက္လိက်န္းက ညႇိႏႈိင္းတိုင္ပင္ေဆြးေႏြးျခင္းကို ေထာက္ခံေၾကာင္း ေျပာဆိုသြားသည္ဟု တ႐ုတ္မီဒီယာတစ္ခုျဖစ္သည့္ CRIက ယေန႔ ေဖာ္ျပသည္။

ညႇိႏႈိင္းေဆြးေႏြးတိုင္ပင္ျခင္းကို ဖြဲ႕စည္းပုံအေျခခံ ဥပေဒႏွင့္ ဥပေဒမူေဘာင္အတြင္းဟု မစၥတာ ေက်ာက္လိက်န္းက ေျပာကာ ဘက္အသီးသီးတို႔က(အဖြဲ႕စုံ၊ပုဂၢိဳလ္စုံကို ရည္ၫႊန္းျခင္းျဖစ္သည္) ညႇိႏႈိင္းတိုင္ပင္ေဆြးေႏြးျခင္းျဖင့္ ႏိုင္ငံေရးဆိုင္ရာ ေျဖရွင္းေရးနည္းလမ္းကို အလ်င္အျမန္ ရွာႀကံရန္ ေထာက္ခံေၾကာင္းဆိုခဲ့သည္။

“တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းေကာင္းႏိုင္ငံျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံဘက္အသီးသီးတို႔အား ဖြဲ႕စည္းပုံအေျခခံ ဥပေဒႏွင့္ ဥပေဒမူေဘာင္အတြင္းတြင္ ညႇိႏႈိင္းတိုင္ပင္ေဆြးေႏြးျခင္းျဖင့္ ႏိုင္ငံေရးဆိုင္ရာ ေျဖရွင္းေရးနည္းလမ္းကို အလ်င္အျမန္ ရွာႀကံရန္ ေထာက္ခံေၾကာင္း” ေျပာေရးဆိုခြင့္ရွိသူမစၥတာ ေက်ာက္လိက်န္းကေျပာၾကားခဲ့သည္ဟု China Radio International က ဆိုသည္။

တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွေရးရာအထူးသံတမန္မစၥတာ စြန္းေကာ္ရွန္းသည္ ႏိုဝင္ဘာလ ၁၅ ရက္ေန႔က နစကဥကၠ႒ႏွင့္ ေတြ႕ဆုံခဲ့သည္။

အျခားေသာ ပုဂၢိဳလ္မ်ားႏွင့္ ေတြ႕ဆုံျဖစ္၊မျဖစ္ကိုမူ သတင္းမထုတ္ျပန္ေသးသည္။

နစကဥကၠ႒ႏွင့္ မစၥတာ စြန္းေကာ္ရွန္းတို႔ ေတြ႕ဆုံရာတြင္ နစက၏ လုပ္ငန္းစဥ္ ၅ ရပ္ႏွင့္ ဦးတည္ခ်က္ ၉ ရပ္ခ်မွတ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနမႈႏွင့္ ျပည္သူမ်ားမွ ေ႐ြးခ်ယ္သည့္ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းေပၚတြင္ ခိုင္ခိုင္မာမာျဖင့္ ဆက္လက္ေလွ်ာက္လွမ္းႏိုင္ေရး ေဆာင္႐ြက္ေနမႈအေျခအေန၊ ျမန္မာႏိုင္ငံႏွင့္ အာဆီ ယံအဖြဲ႕ဝင္ႏိုင္ငံမ်ား ဆက္ဆံေရး၊ တ႐ုတ္ႏိုင္ငံႏွင့္ အာဆီယံအဖြဲ႕တို႔၏ ဆက္ဆံေရး အေျခအေန၊ ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးဆိုင္ရာ ေဆာင္႐ြက္ေနမႈႏွင့္ တ႐ုတ္ႏိုင္ငံမွ ကူညီေဆာင္႐ြက္ေပးေနမႈ အေျခအေနမ်ားကို ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္ဟု နစကကသတင္းထုတ္ျပန္ထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071