Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeMoviesမြန်မာ့အရေးကို မြန်မာနိုင်ငံကသာ အသိရှိဆုံးဖြစ်ပြီး...

မြန်မာ့အရေးကို မြန်မာနိုင်ငံကသာ အသိရှိဆုံးဖြစ်ပြီး ဖြေရှင်းနိုင်စွမ်းရှိဟု ကုလလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုအပေါ် နိုင်ငံခြားရေး၀န်ကြီးဌာနထုတ်ပြန်

မြန်မာ့အရေးကို မြန်မာနိုင်ငံကသာ အသိရှိဆုံးဖြစ်ပြီး ဖြေရှင်းနိုင်စွမ်းရှိဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုအပေါ် နိုင်ငံခြားရေး၀န်ကြီးဌာနက ဒိဇင်ဘာ ၂၃ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

ဒီဇင်ဘာ ၂၁ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ခြင်းအပေါ် နိုင်ငံခြား‌ရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏အခြေအနေသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာဖြစ်သည့်အတွက် လုံခြုံရေးကောင်စီက ယခုကဲ့သို့ဆုံးဖြတ်ချက်အဆိုကို အတည်ပြုချမှတ်ခဲ့ခြင်းသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် ညီညွတ်ခြင်းမရှိကြောင်းဖော်ပြထားသည်။

ဗြိတိန်နိုင်ငံက ဦးဆောင်တင်သွင်းသည့်အဆိုတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သောအချက်များစွာ ပါဝင်သည်ကို တွေ့ရှိရကြောင်း၊ အကြမ်းဖက်မှုများရပ်တန့်ရန်တောင်းဆိုထားသည်ကိုလည်း တွေ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တည်ဆဲဥပဒေများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကာ အကြမ်းဖက် လုပ်ရပ်များကိုကျူးလွန်လျက်ရှိသော၊ တရားမဝင်အဖွဲ့အစည်းများအဖြစ် ကြေညာထားခြင်းခံရသည့် NUG နှင့် PDF တို့၏ လုပ်ရပ်များကိုသာ ရှုတ်ချတားဆီးရန်လိုအပ်သည်ဟု ဆိုသည်။

၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များနှင့်အညီ လွတ်လပ်၍ တရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပပြိး အနိုင်ရသည့် ပါတီအား နိုင်ငံတော်တာဝန်လွှဲအပ်ပေးရေးအပါအဝင်ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အတွက် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာအစိုးရ၏ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ချက်များကို အားပေးထောက်ခံရန် လိုအပ်ကြောင်း အသိပေးထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် ထိတွေ့ဆက်ဆံရာတွင်လည်း မြန်မာနိုင်ငံ၏ အခြေခံရပ်တည်ချက်များဖြစ်သည့် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို လေးစားရန်မူများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဖြင့်ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံဖြစ်ပြီး မြန်မာ့အရေးစဉ်းစားရာတွင် သမိုင်းကြောင်းနှင့် အမျိုးသားစရိုက်လက္ခဏာများ ကိုလည်းကောင်း၊ ကိုလိုနီစနစ်၏ သွေးခွဲအုပ်ချုပ်မှုကြောင့်ဖြစ်ပေါ်ရသည့်စိတ်ဝမ်းကွဲပြားမှုများကို လည်းကောင်း ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း ယင်းသို့သောနက်နဲကျယ်ပြန့်သည့်ကိစ္စရပ်များကို မြန်မာနိုင်ငံကသာ အသိရှိဆုံးဖြစ်ပြီး ဖြေရှင်းနိုင်စွမ်းရှိသည်ဟုလည်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးတို့အတွက် ပြည်သူလူထု၏အကျိုး စီးပွားကိုရှေ့ရှုလျက် နိုင်ငံတော်လုံခြုံတည်ငြိမ်၊ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အားပေးထောက်ခံရမည့်အစား၊ ပြည်တွင်းတည်ငြိမ်မှုကို ထိခိုက်ပျက်ပြားစေမည့်ဖိအားပေးမှုများသည် မည်သို့မျှအထောက်အကူမပြု ကြောင်းနှင့် ယင်းသို့သောဆောင်ရွက်ချက်များကို မြန်မာနိုင်ငံက လက်ခံမည်မဟုတ်ကြောင်းကိုလည်း ဖော်ပြထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ပါအချက်များသည် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်း ရေးအတွက် အပြုသဘောအကျိုးဖြစ်ထွန်းမှုမရှိစေဘဲ၊ နိုင်ငံရေးသွတ်သွင်းရန်ရည်ရွယ်ထားသည့် အချက်များကိုသာ ဦးစားပေးထားကြောင်း တွေ့ရှိရကြောင်၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့အရေးဆောင်ရွက် ရာတွင် ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ မြန်မာနိုင်ငံ၏ အခြေခံမူဝါဒ ရပ်တည်ချက်များနှင့်အညီသာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး၀န်ကြီးဌာနကဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071