Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeNewsLocal Newsမြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ...

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂ဝ၂၅ ပြုလုပ်မည်

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိအထည်ချုပ်လုပ်ငန်းရှင် ၁ဝဝ ခန့် လာရောက်ပြသမည့် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂ဝ၂၅ ပြပွဲကို Inya Lake Hotel, Yangon Convention Center (YCC) ၌ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါကုန်စည်ပြပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅၊ ၆၊ ၇ ရက်တို့တွင် (၃) ရက်တိုင်တိုင်ပြုလုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ ပူးပေါင်းကာ တရုတ်-မြန်မာနှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာဆက်ဆံရေးများ၊ အလားအလာရှိသည့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ရေရှည်ပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံမှ အမှတ်တံဆိပ် ၁၀ ခုခန့်နှင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဆက်စပ်ပစ္စည်းများ၊ အဝတ် အထည်ဆိုင်ရာ စက်ပစ္စည်းများ ပြသသူ ၁၀၀ ကျော်တို့မှ ၎င်းတို့၏ ထုတ်ကုန်များကို လာရောက်ပြသကြမည်ဖြစ်ပြီး မြန်မာ့အသေးစားအလတ်စားလုပ်ငန်းများ၏ Made in Myanmar ထုတ်ကုန်များကိုလည်း မြှင့်တင်သွားမည်ဖြစ်သည်။

ထို့ပြင် အာဆီယံနိုင်ငံများမှ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအဖွဲ့ဖြစ်သော ASEAN Federation of Textile (AFTEX) မှ ကျွမ်းကျင်သုံးသပ်သူများ၏ အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Panel Discussion များ၊ ဖျော်ဖြေရေးအစီအစဉ်များဖြစ်သော မြန်မာတိုင်းရင်းသားရိုးရာ ဝတ်စုံပြပွဲများ၊ တရုတ် – အာဆီယံနိုင်ငံများမှ ရိုးရာဝတ်စုံပြိုင်ပွဲများ၊ CMP and Local brands Fashion Show : Exhibitors’ Business Matching p Garment related industries များ၏ ဆွေးနွေးပွဲများဖြင့်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ပြပွဲသို့ လာရောက်မည့်သူများအနေဖြင့်လည်း သက်ဆိုင်ရာပြခန်းများမှ ကိုယ်စားလှယ်များနှင့် တို-က်ရို-က်ဆက်သွယ်နိုင်မည့် အခွင့်အရေးများရရှိမည်ဖြစ်ကာ လုပ်ငန်းပိုင်းဆိုင်ရာများတွင်လည်း အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဖြစ်သည်။

နိုင်ငံတကာမိတ်ဖက်များအနေဖြင့်လည်း ပြပွဲတွင်ခင်းကျင်းပြသမည့် ဒေသတွင်းအထည်အလိပ်နှင့် အထည်ချုပ်စက်ရုံများ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် အဝတ်အထည်ထုတ်လုပ်မှုဆိုင်ရာ နောက်ဆုံးပေါ်နည်းပညာများကို လေ့လာနိုင်မည်ဖြစ်သကဲ့သို့ Made in Myanmar ထုတ်လုပ်သူများထံမှ ရောင်စုံဆန်းပြားသော အထည်အလိပ်ထုတ်ကုန်ပစ္စည်းများ၊ နောက်ဆုံးပေါ်နည်းပညာများနှင့် စက်ပစ္စည်းများကို လေ့လာခွင့်ရရှိမည်ဖြစ်သည်။

” မြန်မာနိုင်ငံအထည်အလိပ်လုပ်ငန်းသည် နိုင်ငံတကာဈေးကွက်ထဲမှာ ‘Made in Myanmar ဆိုတဲ့ နာမည်တံဆိပ်နဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် သစ်လွင်တဲ့စက်ယန္တရားနည်းပညာများ၊ ထုတ်လုပ်မှုစနစ်တိုးတက်မှုများနဲ့ သက်ဆိုင်ရာမိတ်ဖက်နိုင်ငံများနှင့် ပိုမိုနီးကပ်ချိတ်ဆက်နိုင်ဖို့ အရေးကြီးပါတယ်။ MGMA အနေနဲ့ မြန်မာအထည်ချုပ်လုပ်ငန်းမှ ထုတ်ကုန်များအတွက် ဈေးကွက်အသစ်များရရှိရန် တက်ကြွစွာဆောင်ရွက်လျက်ရှိပြီး ကုန်စည်ပြပွဲများ၊ စီးပွားရေးမိတ်ဖက်တို-က်ရို-က်တွေ့ဆုံဆွေးနွေးပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများတွင် ဝင်ရောက်ပြသခြင်းဖြင့် မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍရဲ့ လုပ်ကိုင်နိုင်စွမ်းကို တစ်ကမ္ဘာလုံးမှ ဝယ်လက်များသိအောင်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရှိ အထည်အလိပ်လုပ်ငန်းရှင်များအတွက် နည်းပညာအသစ်တွေကို သိရှိလာနိုင်ဖို့၊ နိုင်ငံတကာကုမ္ပဏီများနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ဖန်တီးနိုင်ဖို့ အခွင့်အလမ်းတွေ ပေးချင်ပါတယ်။ ဒီပြပွဲမှတစ်ဆင့် မြန်မာ့အထည်အလိပ်လုပ်ငန်းက နိုင်ငံတကာအဆင့်သို့ တက်လှမ်းသွားမည့် လမ်းကြောင်းကို ပိုမိုသိသာအောင် ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဌ ဦးမြင့်စိုးက ပြောသည်။

ပြပွဲအား ၂၀၂၃ ခုနှစ်မှ စတင်ကာကျင်းပခဲ့ပြီး ပြပွဲသို့လာရောက်ကြည့်ရှုသူပေါင်း ၁,၅၀၀ ကျော်ခန့်ရှိခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နိုင်ငံကျော်တေးသံရှင်များဖြစ်သော ဖိုးသောကြာ၊ မေသက်ထားဆွေတို့အပါအဝင် တေးသံရှင်များကသီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ညပိုင်းတွင်လည်း နိုင်ငံကျော်တေးသံရှင်များက သီဆိုဖျော်ဖြေလျက်ရှိကာ ပန်းပွဲတော်အား ယနေ့ ဒီဇင် ဘာ ၆ ရက်မှ ဇန်နဝါရီ ၄ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ် သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်လှေကားမြို့၊ ပန်းမြို့တော်၊ ချယ်ရီမြို့တော်ဟု တင်စားခေါ်ဝေါ်သည့် ပြင်ဦးလွင်မြို့အား ခေတ်အ ဆက်ဆက်တာဝန်ရှိများက မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများကို နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး တပ်မတော်အနေဖြင့်လည်းတတ် နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်ဟု ပြော သည်။ " ပြင်ဦးလွင်မြို့ကို...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး (၈) စျေးမှ စျေးကော်မတီများနှင့် တွေ့ဆုံကာ စျေးအတွင်း လက်ကမ်းစာစောင်များဝေခဲ့ကြောင်း သိရသည်။ ထို့ပြင် နေ့လယ်ပိုင်းတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် မဲဆန္ဒရှင် ပြည်သူ (၂၀၀) ဦးခန့်နှင့်တွေ့ဆုံကာ ကိုယ်စားလှယ်လောင်း မိတ်ဆက်ခြင်း၊ မဲပေးနည်းရှင်းလင်းခြင်း နှင့် လက်ကမ်းစာစောင်ဝေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071