Thursday, February 13, 2025

သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အ ခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့လည် ၃...

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ်...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး...

တရုတ်နှင့်အာဆီယံအကြီးတန်းအရာရှိများ ဆွေးနွေးပွဲကျင်းပမည်

ပေကျင်း၊ဖေဖော်ဝါရီ ၁၁ ဖေဖော်ဝါရီ လ ၁၂ ရက် နေ့မှ ၁၄ ရက် နေ့အထိကျင်းပမည့် ၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အကြီးတန်းအရာရှိများ...
HomeNewsLocal Newsမြန်မာ့အခြေအနေ တရုတ် အကျိုးစီးပွားနှင့်...

မြန်မာ့အခြေအနေ တရုတ် အကျိုးစီးပွားနှင့် တိုက်ရိုက် သက်ဆိုင်နေ၊ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် ဆန္ဒရှိဟု အာဆီယံကို တရုတ်ဆို

ရန်ကုန်၊ ဇွန် ၈

မြန်မာ့ အခြေအနေသည် တရုတ် အကျိုးစီးပွားနှင့် တိုက်ရိုက် သက်ဆိုင်နေသည့် အကြောင်း အပါအဝင် မြန်မာ့အရေးနှင့် စပ်လျဉ်းပြီး တရုတ်နိုင်ငံ အနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် ဆန္ဒရှိဟု အာဆီယံကို ဆိုလိုက်သည့်အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက ယနေ့တွင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံတွင် ကျင်းပနေဆဲ တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ် အထူးအစည်းအဝေး အတွင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေး ဝန်ကြီး Mr. Wang Yi က လက်ရှိမြန်မာနိုင်ငံ အခြေအနေနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ မူဝါဒ ရပ်တည်ချက်ကို ပြောကြားမှုနှင့် စပ်လျဉ်းပြီး တရုတ်သံရုံး၏ ထုတ်ပြန်ချက်အပြည့်အစုံမှာ…

“ Mr. Wang Yi က မြန်မာနိုင်ငံသည် အာဆီယံ မိသားစုကြီး၏ မိသားစုဝင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်း အရေးကို ကောင်းမွန်စွာဖြေရှင်းနိုင်ရန် အတွက် အာဆီယံမှ အပြု သဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းကို တရုတ်နိုင်ငံမှ ထောက်ခံ အားပေးကြောင်း၊ အာဆီယံ မူဘောင်အောက်၌ “သဘောတူညီချက် ၅ ချက်” ကို ဆက်တိုက် အကောင်အထည်ဖော်ဆောင်ရန် ထောက်ခံ အားပေးကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တောတောင်ရေမြေချင်း ဆက်စပ်လျက် ရှိသော အိမ်နီးချင်း လည်းဖြစ်ပြီး မြန်မာနိုင်ငံ အခြေအနေသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက် သက်ဆိုင်နေကြောင်း၊ တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံ အခြေအနေကို များစွာဂရုပြုလျက် ရှိပြီး မိမိ၏ နည်းလမ်းဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံသည် မြန်မာနိုင်ငံ အရေးနှင့် စပ်လျဉ်း၍ ရပ်တည်ချက်နှင့် ထင်မြင် ယူဆချက်များ ယေဘုယျအားဖြင့် တူညီကြောင်း၊ မိမိတို့သည် အာဆီယံနှင့် ဆက်လက်ပူးပေါင်း၍ မြန်မာ့နယ်ပယ် အသီးသီးအား ပြည်သူလူထု အကျိုးစီးပွားကို အဓိက ထားပြီး တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်၊ အကြမ်းဖက်မှု အသီးသီးကို ဖယ်ရှားရန် အတူတကွ တွန်းအားပေး လိုကြောင်း၊ မြန်မာ့နယ်ပယ် အသီးသီးအား ဖွဲစည်းပုံ အခြေခံဥပဒေနှင့် တရားဥပဒေ မူဘောင်အောက်၌ နိုင်ငံရေး ဆွေးနွေး မှုများ ဆောင်ရွက်၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းကို ပြန်လည်စတင်ရန် အတူတကွ အားပေးလိုကြောင်း၊ မြန်မာနိုင်ငံသို့ ကပ်ရောဂါဆိုင်ရာ အကူအညီများ အတူတကွ ပေးအပ်၍ မြန်မာနိုင်ငံ ကပ်ရောဂါအခြေအနေ ပြန့်နှံမည့် အလားအလာအား ထိန်းချုပ်ပြီး ပြည်သူ လူထု၏ အသက်နှင့် ကျန်းမာရေးကို အာမခံချက် ရှိစေမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စီးပွားရေးပြန်လည် ဦးမော့လာရေး၊ ပြည်သူ လူထုဘဝ ကောင်းမွန်လာရေး အတွက် အတူတကွ ထောက်ခံ အားပေး၍ အခြေခံလူထုကို အကျိုးစီးပွား ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးအား “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်နှင့် မူဝါဒများကို လိုက်နာရန် အတူတကွ တိုက်တွန်းပြီး တစ်ဖက်သက် ကန့်သတ် အရေးယူမှုနှင့် မသင့်လျော်သည့် ကြားဝင်မှုများ မဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အထက်ပါ “သဘောတူညီချက် ငါးချက်” သည် တရုတ်နိုင်ငံနှင့် အာဆီယံ၏ တတ်နိုင်သမျှ ဆောင်ရွက်နိုင်မှုဖြစ်ပြီး မြန်မာနိုင်ငံ အတွက်လည်း များစွာ အရေးပါကြောင်း၊ အပြန်အလှန် ဆက်စပ်နေပြီး ပြိုင်တူ ဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိ အတွက်လည်း အာရုံစိုက်ပြီး ရေရှည် အတွက်လည်း ထည့်သွင်း စဉ်းစားထားကြောင်း၊ နှစ်ဦးနှစ်ဖက်၏ သဘောတူညီမှုနှင့် ကြိုးပမ်းရန် ဦးတည်ချက်လည်း ဖြစ်သင့်ကြောင်း ပြောကြားပါသည်”ဟု သံရုံးက ဆိုသည်။

အဆိုပါ အစည်းအဝေးသို့ နစက ကိုယ်စားလှယ် နစက နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် လည်း ဖိတ်ကြားချက်အရ တက်ရောက် လျှက်ရှိနေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071