မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းခေါင်းဆောင် ခင်မာလာထွန်း ထိုင်းကလပ်တစ်ခုတွင် ကာလတိုစာချုပ် ချုပ်ဆို ကစားမည်
မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းခေါင်းဆောင် ခင်မာလာထွန်း ထိုင်းအမျိုးသမီးဘောလုံးအသင်းတစ်ခုတွင် ကာလတိုစာချုပ် ချုပ်ဆိုကာ ကစားသွားမည်ဖြစ်ကြောင်းသိရသည်။
ခင်မာလာထွန်းဝင်ရောက်ကစားမည့် ထိုင်း အမျိုးသမီးဘောလုံးကလပ်မှာ လက်ရှိချန်ပီယံအသင်းဖြစ်သည့်(BG College of Asian Scholars FC)အသင်းဖြစ်ပြီး ကာလတိုစာချုပ်သုံးလချုပ်ဆိုကာ ခေါ်ယူကစားခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ ခြေစွမ်းပေါ် မူတည်၍ စာချုပ်သက်တမ်း ဆက်လက် တိုးသွားရန်ရှိကြောင်း သိရသည်။
လက်ရှိတွင် ၎င်းဝင်ရောက်ကစားမည့် ထိုင်းအမျိုးသမီးဘောလုံးကလပ်ဖြင့်ပူးတွဲလေ့ကျင့်မှုများပြုလုပ်နေပြီဖြစ်သည်။
ခင်မာလာထွန်းသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း လက်ရွေးစင်ဖြစ်သူ ဝင်သိဂီ်ထွန်းနောက်ပိုင်း ဒုတိယမြောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးတစ်ဦးလည်းဖြစ်သည်။
ပြီးခဲ့သည့် ဗီယက်နမ် ဆီးဂိမ်းတွင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သဖြင့် ထိုင်းနိုင်ငံ အမျိုးသမီးဘောလုံးအသင်းက ကာလတိုစာချုပ်ဖြင့် ကနဦးခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။
ခင်မာလာထွန်း ဝင်ရောက်ကစားမည့် BG C ollege Asian Scholars FCအသင်းသည် ၂၀၂၂ခု နှစ် ထိုင်းအမျိုးသမီးလိဂ်လိဂ်-၁
ပြိုင်ပွဲတွင် ၁၀ ပွဲဝင်ရောက်ယှဥ်ပြိုင်ရာတွင် ၁၀ ပွဲလုံးအနိုင်ရရှိထားပြီး ရမှတ် ၃၀ ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသော အသင်းတစ်သင်းဖြစ်သည်။