လက်ရှိချန်ပီယံ ဗီယက်နမ်အမျိုးသမီးအသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတို့ ယနေ့ ဒီဇင်ဘာ (၁၁) ရက် ညနေ (၃) နာရီခွဲအချိန်တွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
ပြိုင်ဘက်အသင်းနှစ်သင်းသည် အုပ်စုတွင်း ပထမနှင့် ဒုတိယနေရာတွင် ရပ်တည်နေကြသည့် အသင်းနှစ်သင်းလည်းဖြစ်သည်။
မြန်မာ-ဗီယက်နမ် ပွဲစဉ်အတွက် အမျိုးမျိုးသော ဝေဖန်သုံးသပ်သံတွေ ထွက်ပေါ်နေသော်လည်း မြန်မာနည်းပြချုပ်က တစ်ပွဲပြီးတစ်ပွဲ အကောင်းဆုံးဖြတ်သန်းမယ်လို့ ပြောကြားထားသည်။
ယနေ့ ပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းက အဖြူရောင်ဂျာစီကို ဝတ်ဆင်ကစားသွားမည်ဟု အဖွဲ့ချုပ်က အသိပေးထားသည်။
မြန်မာအမျိုးသမီးအသင်းသည် အုပ်စု (ခ) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့်အတူ ကျရောက်နေပြီး ဒီဇင်ဘာ (၅) ရက် အုပ်စုအဖွင့်ပွဲစဥ်တွင် ဖိလစ်ပိုင်အသင်းကို (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရထားသလို အုပ်စု ဒုတိယပွဲစဉ်တွင် မလေးရှားအသင်းကို (၃)ဂိုး အပြတ်ဖြင့် အနိုင်ရရှိထားသည်။
ဂိုးကွာခြားချက်အရ အုပ်စုပထမနေရာတွင် ဗီယက်နမ်၊ ဒုတိယနေရာတွင် မြန်မာရှိနေပြီး တတိယနေရာမှာ ဖိလစ်ပိုင်နှင့် စတုတ္ထနေရာတွင် မလေးရှားအသင်းတို့ရပ်တည်နေကြသည်။
