တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းအနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဖြင့် ပူးပေါင်းရန် ယမန်နေ့ နိုဝင်ဘာ (၂၈) ရက် ညပိုင်း၌ ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဝင်းသီဂီထွန်းအား ရန်ကုန်လေဆိပ်တွင် လက်ထောက်နည်းပြ ဒေါ်သက်သက်ဝင်း၊ ဒေါ်သူဇာထွေးနှင့် အသင်းခေါင်းဆောင် ခင်မာလာထွန်းတို့က ကြိုဆိုခဲ့ကြသည်။
တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် မလေးရှားကလပ် ဆာဘားအက်ဖ်အေ၌ သွားရောက်ကစားနေသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း၏ တိုက်စစ်မှူးတစ်ဦးဖြစ်သည်။
ဝင်းသိင်္ဂီထွန်းသည် မလေးရှားလိဂ်တွင် ဂိုးသွင်းအများဆုံး သွင်းယူထားနိုင်သည့် ကစားသမားတစ်ဦးဖြစ်ပြီး AFF Women’s Championship ပြိုင်ပွဲ အများဆုံးဂိုးသွင်းကာ ရွှေဖိနပ်ဆု ရရှိထားသူလည်းဖြစ်သည်။
မြန်မာလက်ရွှေစင်အသင်း၏ နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်သူ မေထက်လူမှာလည်း မြန်မာလက်ရွေးစင်အသင်းဖြင့် လာရောက်ပူးပေါင်းသွားမည်ဖြစ်သည်။
