Monday, February 9, 2026

ဂျပန်ရွေးကောက်ပွဲ ဆနားအဲတာကာအိချီ အပြ-တ်အသ-တ်အနိုင်ရ

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ အာဏာရညွန့်ပေါင်းအစိုးရသည် တနင်္ဂနွေနေ့က အောက်လွှတ်တော်ရွေးကောက်ပွဲတွင် အပြ-တ်အသ-တ်အနိုင်ရရှိခဲ့ပြီး အများစု အမတ်နေရာ သုံးပုံနှစ်ပုံကို ရရှိခဲ့သည်။ သူ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ)...

ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့်...

EO G2 off-grid inverter အသစ်ကိုတရားဝင်မိတ်ဆက်ခဲ့ ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့် GoodWe မှ 2026 Myanmar Power...

FIFAနှင့် MFFတို့ ပူးပေါင်း၍ FIFA-MA...

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ၊ ဒိုင်ဌာနတို့ ပူးပေါင်း၍ FIFA-MA Refereeing Course 2026 သင်တန်းကို ယနေ့ ဖေဖော်ဝါရီ...

ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဆောင်ရွက်နေ

ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတား အောက် သဲသောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရသတင်းများအရ သိရသည်။ အထူးသဖြင့် မြစ်ကြီးနားမြို့သည် နှစ်စဉ် မိုးရာသီတွင် ရေကြီးရေလျှံမှုဖြစ်ပွားမှု...
HomeNewsFootballမြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်း၏...

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်း၏ အပြီးသတ်ကစားသမား ၁၈ ဦးစာရင်းထုတ်ပြန်

ဂျပန်နိုင်ငံ၊ချီဘားမြို့တွင်ကျင်းပမည့် (၁၁)ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်ရန် AYA Bank မှ ပံ့ပိုးကူညီမှုဖြင့် မြန်မာ့လက်ရွေးစင် ယူ -၁၂ အသင်း၏ အပြီးသတ်ကစားသမား ၁၈ ဦးစာရင်းအား သြဂုတ် ၅ ရက်ကထုတ်ပြန်ခဲ့သည်။

U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ၌ဝင်ရောက်ယှဥ်ယှဥ်ပြိုင်ရန် ဆန်ခါတင်ကစားသမား(၂၅)ဦးအား လေ့ကျင့်မှုများပြုလုပ်စေခြင်း၊ခြေစမ်းပွဲများကစားစေခြင်းများပြုလုပ်ပြီးနောက် အပြီးသတ်ကစားသမား(၁၈)ဦးအားရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယင်း ကစားသမားများကို သု၀ဏ္ဏ အားကစားကွင်းလက်ရွေးစင်များအဆောင်တွင်ထားရှိကာ လေ့ကျင့်ရေးများဆက်လက်ပြုလုပ်စေခြင်း၊ခြေစမ်းပွဲများယှဥ်ပြိုင်ကစားစေခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်း၏ အပြီးသတ်ကစားသမားစာရင်းတွင် ဂိုး-လရောင်လင်း (ရန်ကုန်အကယ်ဒမီ)၊ဘုန်းထွန်းခန့်(ရန်ကုန်)၊ နောက်တန်း-မင်းဘုန်းသစ်(ပုသိမ်အကယ်ဒမီ)၊မြင့်မြတ်သူ(ပုသိမ်အကယ်ဒမီ)၊ရှင်းပြည့်ကျော်(မကွေး)၊စိုင်းခမ်စိုး(မန္တလေးအကယ်ဒမီ)၊ဝေယံဦး (နေပြည်တော်)၊နေဇင်မင်း(ရန်ကုန်အကယ်ဒမီ)၊ပရင့်ဒိုဒိုလျန်တောင်း(မြောက်ဒဂုံ)၊ အလယ်တန်း- ခွန်မောင်ဘွေ(မြောက်ဥက္ကလာပ)၊ဇင်မင်းမြတ်သူ(ပြင်ဦးလွင်)၊အောင်လ(မန္တလေးအကယ်ဒမီ)၊နေယံထွဋ်(စစ်ကိုင်း)၊ရှိုင်း၀င်းထွဋ်(ရန်ကုန်အ ကယ်ဒမီ)၊ ရှေ့တန်း-တေဇာဖြိုး(ရန်ကုန် အကယ်ဒမီ)၊ခွန်‌ဝေဖြိုး(မန္တလေးအကယ်ဒမီ)၊အံ့မင်းမြတ်(ရန်ကုန်အကယ်ဒမီ)၊ခိုင်မြဲခန့်(ပုသိမ်အကယ်ဒမီ)တို့ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် အုပ်ချုပ်၊နည်းပြအဖွဲ့၀င်(၇)ဦးနှင့်အတူ သြဂုတ် ၂၂ ရက်ညနေပိုင်းတွင် ‌ဂျပန်နိုင်ငံသို့ထွက်ခွာမည်ဖြစ်ကာ အုပ်စုအဖွင့်ပွဲစဥ်အဖြစ် သြဂုတ် ၂၄ ရက် မြန်မာစံတော်ချိန်မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်တွင် ဘာစီလိုနာလူငယ်အသင်းနှင့်ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စုဒုတိယပွဲစဥ်အဖြစ် သြဂုတ် ၂၄ ရက် မြန်မာစံတော်ချိန်နေ့လည် ၃ နာရီတွင် Daiwa House Dream လူငယ်အသင်း၊အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် သြဂုတ် ၂၅ ရက် မြန်မာစံတော်ချိန်မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်တွင် JEF United Chiba U-12 လူငယ်အသင်းတို့နှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

(၁၁)ကြိမ်မြောက် U 12 Junior Soccer World Challenge 2023 ပြိုင်ပွဲအား ဂျပန်နိုင်ငံ၊ချီဘားမြို့တွင် သြဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ရွေးကောက်ပွဲ ဆနားအဲတာကာအိချီ အပြ-တ်အသ-တ်အနိုင်ရ

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ အာဏာရညွန့်ပေါင်းအစိုးရသည် တနင်္ဂနွေနေ့က အောက်လွှတ်တော်ရွေးကောက်ပွဲတွင် အပြ-တ်အသ-တ်အနိုင်ရရှိခဲ့ပြီး အများစု အမတ်နေရာ သုံးပုံနှစ်ပုံကို ရရှိခဲ့သည်။ သူ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ) နှင့် ၎င်း၏ မိတ်ဖက် ဂျပန်အင်နိုဗေးရှင်းပါတီတို့သည် လွှတ်တော်ကို လွှမ်းမိုးနိုင်ရန်လိုအပ်သော အကန့်အသတ်ကို ကျော်လွန်ခဲ့ပြီး မဲရုံများပိတ်ပြီးနောက် နှစ်နာရီနီးပါးအကြာမှာပင် အယ်လ်ဒီပီတစ်ခုတည်းက အမတ်အများစုနေရာထိန်းချုပ်မှုကို ပြန်လည်ရရှိခဲ့သည်။ အောက်တိုဘာလတွင် တာကာအိချီ ရာထူးတာဝန်ယူချိန်တွင် ၎င်း၏ ညွန့်ပေါင်းမိတ်ဖက် ကိုမီအီတို နုတ်ထွက်သွားခဲ့သောကြောင့် အယ်လ်ဒီပီသည် အောက်လွှတ်တော်ကို ဦးဆောင်ရန် ရုန်းကန်ခဲ့ရသည်။ တာကာအိချီ၏ အယ်လ်ဒီပီပါတီသည် တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင်...

ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့် GoodWe မှ 2026 Myanmar Power and Solar Photovoltaic Energy Storage Expo တွင်ပါဝင်ပြသ

EO G2 off-grid inverter အသစ်ကိုတရားဝင်မိတ်ဆက်ခဲ့ ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့် GoodWe မှ 2026 Myanmar Power and Solar Photovoltaic Energy Storage Expo တွင်ပါဝင်ပြသခဲ့ပြီး 3-6 kW single-phase မော်ဒယ်များဖြင့်ရရှိနိုင်သော EO G2 off-grid inverter အသစ်ကိုတရားဝင်မိတ်ဆက်ခဲ့သည်။ အဆိုပါ EO G2 off-grid inverter အသစ်သည် ဓာတ် အားလိုင်းမရရှိသောနေရာများနှင့် ဓာတ်အားလိုင်းအား နည်းသောနေရာများအတွက် အထူးဒီဇိုင်းထုတ်ထားပြီး...

FIFAနှင့် MFFတို့ ပူးပေါင်း၍ FIFA-MA Refereeing Course 2026 သင်တန်း ယနေ့ စတင်ဖွင့်လှစ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ၊ ဒိုင်ဌာနတို့ ပူးပေါင်း၍ FIFA-MA Refereeing Course 2026 သင်တန်းကို ယနေ့ ဖေဖော်ဝါရီ (၉)ရက်တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ဖေဖော်ဝါရီ (၉) ရက်မှ (၁၅)ရက်အထိ ရက်သတ္တပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဒိုင်လူကြီး သင် တန်းနည်းပြ Mr. Mohamad Rodzali Bin Yacob က ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသင်တန်း၌ သင်တန်းသား (၅၈) ဦး၊ သင်တန်းသူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071