ယခုနှစ်ဘောလုံးရာသီအတွက် ခေါ်ယူထားသည့် မြန်မာလက်ရွေးစင် တိုက်စစ်မှူး ဟိန်းထက်အောင်မှာ ယမန်နေ့ဩဂုတ် (၂၄)ရက်က ရန်ကုန်ယူနိုက်တက်အသင်းနှင့်(၂)ဦးသဘော တူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အသင်းက အသိပေးသည်။
ဟိန်းထက်အောင်ကို မလေးရှားကလပ် Kelantan က ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများအတွက် ကစားသမားအင်အားဖြည့်မှုအဖြစ် ကမ်းလှမ်းလာခဲ့သည့်အပေါ် အသင်းက ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကစားသမားများ၏ အောင်မြင်တိုးတက်ရေးအတွက် အမြဲကြည့်ရှုသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ဟိန်းထက်အောင်၏ ကစားသမားဘဝ ပိုမိုကောင်းမွန်ရေးနှင့် အခွင့်အလမ်းကောင်းများရရှိစေရန်အတွက် လမ်းခွဲပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း အသိပေးဖော်ပြထားသည်။
