မြန်မာ့လက်ရွေးစင်အသင်း၏ ခြေစမ်းပွဲများကာလအတွင်း မြန်မာနေရှင်နယ်လိဂ်ပွဲစဥ်များအား ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ယခုလတတိယပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်၍ ဖီဖာနိုင်ငံတကာခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည့်အတွက် လက်ရှိကျင်းပလျက်ရှိသည့် ၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပွဲစဥ်များအား အဆိုပါ ခြေစမ်းပွဲများ အပြီး၌သာ ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန်လ ၁၆ ရက်တွင် တရုတ်လက်ရွေးစင်အသင်း၊ ဇွန်လ ၁၉ ရက်တွင် မကာအိုလက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ယခုလက်ရှိ၌ ပဏာမလက်ရွေးစင်ကစားသမား (၃၃) ဦးဖြင့် ရန်ကုန်မြို့တွင် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။
ထို့ကြောင့် Myanmar National League 2023 Week-9 အား မြန်မာအသင်း၏ ခြေစမ်းပွဲစဥ်များအပြီး ဇွန်လ ၂၁ ရက်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မိုက်ကယ် (Michael Feichtenbeiner) သည် တရုတ်၊ မကာအို အသင်းများနှင့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင် ကစားရန် ကစားသမား ၂၄ ဦးပါဝင်သည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို ယနေ့ ဇွန်လ ၁၂ ရက်တွင် အောက်ပါအတိုင်းထုတ်ပြန်ကြေညာလိုက်သည်။
ဂိုး – ပြည့်ဖြိုးသူ (ရတနာပုံအက်ဖ်စီ)၊ ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)
နောက်တန်း – ဇွဲခန့်မင်း၊ ရဲမင်းသူ၊ နန္ဒကျော်၊(ရှမ်းယူနိုက်တက်)၊ ဟိန်းဖြိုးဝင်း (Ratchaburi)၊ သက်ဟိန်းစိုး (ရတနာပုံအက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင် ယူနိုက်တက်)၊
အလယ်တန်း – ဝေလင်းအောင် (ဒဂုံစတား)၊ ရန်နိုင်ဦး (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM)၊ ငြိမ်းချမ်းအောင် (Muang Trang UTD)၊ လွင်မိုးအောင် (Rayoung FC)၊ မောင်မောင်လွင် (Lamphun Warriors)၊ ဟိန်းထက်အောင် (Selangor FC)၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်)
ရှေ့တန်း – သန်းပိုင် (Free Agent)၊ စည်သူအောင် (Ayutthaya UTD)၊ အောင်ကောင်းမာန် (Chonburi FC)၊ ဝင်းနိုင်ထွန်း (Borneo)
ပုံစာ – ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကစားမည့် ပဏာမ မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ရေး မြင်ကွင်း
![](https://www.popularmyanmar.com/wp-content/uploads/2023/06/photo_6066819624508440131_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/06/photo_6066819624508440132_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/06/photo_6066819624508440133_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/06/photo_6066819624508440134_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/06/photo_6066819624508440135_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/06/photo_6066819624508440136_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/06/photo_6066819624508440137_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/06/photo_6066819624508440138_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/06/photo_6066819624508440139_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/06/photo_6066819624508440140_x.jpg)