(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်းသည် အင်ဒိုနီရှား၊ ဗီယက်နမ်အမျိုးသမီးအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
အုပ်စုပွဲစဉ်များအနေဖြင့် ဒီဇင်ဘာ (၁၃) ရက်တွင် အင်ဒိုနီးရှားအသင်း၊ ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ဆက်တိုက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ယနေ့ ဒီဇင်ဘာ (၁၀) ရက်၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကျင်းပရာဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှဆီးဂိမ်းပြိုင်ပွဲ (SEA Games) အကြိုခြေစမ်းပွဲအဖြစ် ယမန်နေ့ ဒီဇင်ဘာ (၉) ရက်၌ Muban Chom Beung University အမျိုးသမီးအသင်းနှင့် လေ့ကျင့်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့သေးသည်။
သို့သော် ပွဲရလဒ်အခြေအနေကိုမူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားခြင်းမရှိပေ။
(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV Sport Channel တို့မှ တို-က်ရို-က်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
