မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ နောက်ခံလူဟောင်း ဇော်မင်းထွန်းသည် ဒီဇင်ဘာ ၃၀ ရက် (ယနေ့)တွင် မလေးရှားစူပါလိဂ်၏ ပီနန်အသင်းနှင့်စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
မြန်မာလက်ရွေးစင်နောက်ခံလူဟောင်း ဇော်မင်းထွန်းသည် ပီနန်အသင်း၌ကစားရန် တစ်ရာသီစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထိုင်းလိဂ်(၁)က လပ် ချောင်ဘူရီအသင်းနှင့်စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ရက်ပိုင်းအတွင်း၌ပင် မလေးရှားစူပါလိဂ်၏ ပီနန်းအသင်းနှင့်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်နောက်ခံလူဇော်မင်းထွန်းသည် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခြင်းခံခဲ့ရသော်လည်း လူငယ်မျိုးဆက်သစ်များအားနေရာပေးရန် လက်ရွေးစင်အသင်းမှအနားယူခဲ့သည်ဟု ကြေညာထားခဲ့သည်။

