မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းခြေစမ်းပွဲစဉ်အတွင်း (၃) ပွဲကစားရမည်ဖြစ်ရာ မေ (၁) ရက်တွင် Thammasat Stallions အသင်းနှင့်လည်းကောင်း၊ မေ (၃) ရက်တွင် Black Pearl United အသင်းနှင့် လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရဦးမည်ဖြစ်သည်။
အသင်းကို ကစားသမား (၁၉) ဦး၊ အုပ်ချုပ်နည်းပြအဖွဲ့ (၉) ဦးနှင့် ဖွဲ့စည်းထားပြီး၊ နည်းပြချုပ်အဖြစ် ထိုင်းလူမျိုးနည်းပြ Mr. Pattaya Piemkum က ကိုင်တွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဧပြီ(၂၇)ရက် နံနက်ပိုင်း၌ ထိုင်းနိုင်ငံ ဖူဆယ်ကလပ်အသင်းများဖြင့် ခြေစမ်းကစားရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။