(Unicode)
မြန်မာ့ရှေ့ဆောင်ဘဏ် ဒု-မန်နေဂျာလိုက်ပါလာသည့် ကားနှင့်ငွေများအား အမျိုးသားခြောက်ယောက်က လုယူထွက်ပြေး
မွန်ပြည်နယ်၊သထုံမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ် ၏ ဒု-မန်နေဂျာနှင့်နှစ်ဦးသည် ဒီဇင်ဘာ ၂၇ ရက်ကနေ့လည် ၁ နာရီခန့်က ဘီးလင်း/သိမ်ဆိပ်ရှိ Danko ဆီဆိုင်များမှ ဆီရောင်းရငွေများကို လိုက်လံကောက်ခံပြီး ပြန်လာစဥ် လမ်း ၌ အမျိုးသားခြောက်ဦးမှ လုယူထွက်ပြေးသွားခြင်းဖြစ်သည်။
မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဒု-မန်နေဂျာနှင့် နှစ်ဦးသည် ဆီရောင်းရငွေ ကျပ်သိန်း ၈၄၀ အားတင်ဆောင်၍ Probox(ခဲရောင်)ယာဥ်ဖြင့် ဘီးလင်းဘက်မှ သထုံဘက်သို့ ရန်ကုန်-မော်လမြိုင်ကားလမ်းအတိုင်း ပြန်လာခဲ့ကြသည်။
အခင်းဖြစ်နေရာ နောင်မွန်ရွာမရောက်မီ၌ လက်နက်များကိုင်ဆောင်ထားသည့် အမျိုးသားခြောက်ဦးက စီစစ်ဆဲ(အဖြူရောင်)ယာဥ်ဖြင့် ရှေ့မှပိတ်ရပ်ကာ ဒု-မန်နေဂျာနှင့် နှစ်ဦးအားကားပေါ်မှဆင်းခိုင်း၍ Probox ယာဥ်နှင့်ငွေများအား လုယူကာ ဘီးလင်းဘက်သို့မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
“စုံစမ်းလို့သိရသလောက်က ဝန်ထမ်းတွေရဲ့ဖုန်းတွေကိုပါ ယူသွားကြတယ် Mask တွေတပ်ထားတယ်လို့သိရတယ်”ဟုမွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။
ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့များက စုံစမ်းစစ်ဆေးလျက်ရှိသည်။
(Zawgyi)
ျမန္မာ့ေရွ႕ေဆာင္ဘဏ္ ဒု-မန္ေနဂ်ာလိုက္ပါလာသည့္ ကားႏွင့္ေငြမ်ားအား အမ်ိဳးသားေျခာက္ေယာက္က လုယူထြက္ေျပး
မြန္ျပည္နယ္၊သထုံၿမိဳ႕ရွိ ျမန္မာ့ေရွ႕ေဆာင္ဘဏ္ ၏ ဒု-မန္ေနဂ်ာႏွင့္ႏွစ္ဦးသည္ ဒီဇင္ဘာ ၂၇ ရက္ကေန႔လည္ ၁ နာရီခန္႔က ဘီးလင္း/သိမ္ဆိပ္ရွိ Danko ဆီဆိုင္မ်ားမွ ဆီေရာင္းရေငြမ်ားကို လိုက္လံေကာက္ခံၿပီး ျပန္လာစဥ္ လမ္း ၌ အမ်ိဳးသားေျခာက္ဦးမွ လုယူထြက္ေျပးသြားျခင္းျဖစ္သည္။
ျမန္မာ့ေရွ႕ေဆာင္ဘဏ္၏ ဒု-မန္ေနဂ်ာႏွင့္ ႏွစ္ဦးသည္ ဆီေရာင္းရေငြ က်ပ္သိန္း ၈၄၀ အားတင္ေဆာင္၍ Probox(ခဲေရာင္)ယာဥ္ျဖင့္ ဘီးလင္းဘက္မွ သထုံဘက္သို႔ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းအတိုင္း ျပန္လာခဲ့ၾကသည္။
အခင္းျဖစ္ေနရာ ေနာင္မြန္႐ြာမေရာက္မီ၌ လက္နက္မ်ားကိုင္ေဆာင္ထားသည့္ အမ်ိဳးသားေျခာက္ဦးက စီစစ္ဆဲ(အျဖဴေရာင္)ယာဥ္ျဖင့္ ေရွ႕မွပိတ္ရပ္ကာ ဒု-မန္ေနဂ်ာႏွင့္ ႏွစ္ဦးအားကားေပၚမွဆင္းခိုင္း၍ Probox ယာဥ္ႏွင့္ေငြမ်ားအား လုယူကာ ဘီးလင္းဘက္သို႔ေမာင္းႏွင္ထြက္ေျပးသြားခဲ့သည္။
“စုံစမ္းလို႔သိရသေလာက္က ဝန္ထမ္းေတြရဲ႕ဖုန္းေတြကိုပါ ယူသြားၾကတယ္ Mask ေတြတပ္ထားတယ္လို႔သိရတယ္”ဟုမြန္ျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံးမွ အႀကီးတန္းအရာရွိတစ္ဦးကေျပာသည္။
ျပစ္မႈက်ဴးလြန္သူမ်ားအားဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးအဖြဲ႕မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိသည္။