Thursday, May 22, 2025

အာရှအမျိုးသမီး ချန်ပီယံလိဂ်ပွဲစဉ်များတွင် ဒိုင်ကြီးကြပ်အဖြစ် မြန်မာအမျိုးသမီး...

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကျင်းပပြုလုပ်မည့် အာရှအမျိုးသမီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်သိန်းသိန်းအေးက ဒိုင်ကြီးကြပ်အဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း...

နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင်...

နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍...

လွတ်လပ်စွာကုန်သွယ်မှုအဆင့်မြှင့်တင်ရေး တရုတ်၊ အာဆီယံစေ့စပ်မှုပြီးစီး

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ထပ်မံပြင်ဆင်‌ေရးကိုစေ့စပ်ဆွေးနွေးမှုသည်အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင်...

မြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်မှ အရှိအတိုင်းရပ်တည်ပေးသော နိုင်ငံများသည်...

မိတ်ဆွေကောင်း၏အရေးပါမှုနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်...
HomeNewsLocal Newsမြန်မာ့ရွှေ ဂျပန်သို့ တင်ပို့ရန်ကိစ္စ...

မြန်မာ့ရွှေ ဂျပန်သို့ တင်ပို့ရန်ကိစ္စ လာရောက်လေ့လာဆဲအဆင့်သာရှိသေးဟုဆို

မြန်မာ့ရွှေအချောထည့်များကို ဂျပန်နိုင်ငံသို့ တင်ပို့ရန်ကိစ္စနှင့် ပတ်သက်၍ တစ်ဖက်နိုင်ငံမှ ကုန်သည်များအနေဖြင့် ပြည်တွင်းဈေးကွက်ကို လာရောက်လေ့လာသည့် အဆင့်သာ ရှိသေးကြောင်း ရန်ကုန်တိုင်း ရွှေအသင်းမှ သိရသည်။

ကိုဗစ်ကာလတွင် ရပ်နားသွားသည့် မြန်မာ့ရွှေအချောထည် ဂျပန်သို့ တင်ပို့သည့်အစီအစဉ်ကို ပြန်လည်စတင်နိုင်ရန်အတွက် ဂျပန်ဘက်မှ ကုမ္ပဏီများအနေဖြင့် ပြည်တွင်းသို့ လာရောက်ကာ ဈေးကွက်လေ့လာခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်ရွှေအသင်း တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နှစ်ဘက်ညှိနှိုင်းဆွေးနွေးမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ပြန်ဆက်သွယ်ဖို့ ဈေးကွက်လာလေ့လာတဲ့ သဘောပါပဲ။ ကုန်သွယ်ရေးလိုင်စင်လုပ်တာ လွယ်သလား ၊ ဘဏ်ငွေလွှဲတာတွေမှာ ဘာတွေအပြောင်းအလဲရှိသေးလဲ ၊ လာတဲ့အချိန်မှာရော ကိုဗစ်နဲ့ပတ်သက်လို့ ဘာစည်းကမ်းချက်တွေရှိသေးလဲ အဲဒါတွေ လာလေ့လာတဲ့ သဘောပါပဲ ” ဟု ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

လက်ရှိတွင် ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ ဈေးနှုန်းတက်ရိပ်ပြနေသော်လည်း အရောင်းအဝယ်အေးနေပြီး ဂျပန်ကုမ္ပဏီနှင့်ဆွေးနွေးရာတွင် ဈေးနှုန်းကိစ္စ ဆွေးနွေးခြင်းမရှိသေးကြောင်း သိရသည်။

အကယ်၍ အရောင်းအဝယ်စတင်ဖြစ်မည်ဆိုပါက ကမ္ဘာ့ရွှေဈေးနှုန်းပေါ်၌သာအခြေခံ၍ ဈေးနှုန်းသတ်မှတ်ကာအရောင်းအဝယ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးမြင့်မြင့်က ပြောသည်။

“ဟုတ်ပါတယ်၊ ကမ္ဘာ့ရွှေဈေးပေါ် အခြေခံပြီးတော့ပဲ သွားကြမှာပါ” ဟု ၎င်းက ဆိုသည်။

ဂျပန်ကုမ္ပဏီများအနေဖြင့် မြန်မာ့ရွှေကို ဝယ်ယူရာတွင် လက်ဝတ်ရတနာနှင့် အဆောင်ပစ္စည်းများ ၊ အရုပ်များစသည့် အချောထည်များကိုသာ ဝယ်ယူသွားရန် စိတ်ဝင်စားမှုရှိနေပြီး လေ့လာဆဲအဆင့်သာရှိသေးသည့်အတွက် မည်သည့်အချိန်တွင် အရောင်းအဝယ် စတင်လုပ်ဖြစ်မည်ကို အတိအကျမပြောနိုင်သေးကြောင်း သိရသည်။

လက်ရှိတွင် ပြန်တွင်းရွှေဈေးကွက်အတွင်း၌ အခေါက် ရွှေတစ်ကျပ်သားလျင် ၂၈ သိန်းကျပ်အထက် ပေါက်ဈေးရှိနေပြီး ရန်ကုန်ရွှေအသင်း၏ ယနေ့ရည်ညွှန်းဈေးမှာ ၂၁၆၄၂၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှအမျိုးသမီး ချန်ပီယံလိဂ်ပွဲစဉ်များတွင် ဒိုင်ကြီးကြပ်အဖြစ် မြန်မာအမျိုးသမီး ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးတာဝန်ယူ ဆောင်ရွက်မည်

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကျင်းပပြုလုပ်မည့် အာရှအမျိုးသမီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်သိန်းသိန်းအေးက ဒိုင်ကြီးကြပ်အဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်၏ အသိပေးချက်အရ သိရသည်။ ဒေါ်သိန်းသိန်းအေးသည် မြန်မာအမျိုးသမီးဒိုင်လောကတွင် ကမ္ဘာ့အဆင့်ပြိုင်ပွဲ၌ ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်ခွင့်ရသည့် ဒိုင်လူကြီးဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျင်းပခဲ့သည့် MFFMNL Awards Night တွင် ဂုဏ်ပြုဆုချီးမြှင့် ခံခဲ့ရသူတစ်ဦးဖြစ်သည်။ ဒေါ်သိန်းသိန်းအေးသည် အာဆီယံအဆင့်၊ အာရှအဆင့် ပြိုင်ပွဲများတွင်သာမက ကမ္ဘာ့အဆင့် လူငယ်ပြိုင်ပွဲတွင်လည်း တာဝန်ထမ်းဆောင်ဖူးသည့် မြန်မာအမျိုးသမီး ဒိုင်လူကြီး တစ်ဦးဖြစ်သည်။ ထို့ပြင် ဒေါ်သိန်းသိန်းအေးသည်...

နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင် ဦးဆောင်လူငယ်များအဖြစ်ပါဝင်ကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍ အမှာစကားပြောကြားစဉ် မျိုးဆက်သစ်လူငယ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ " ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းခဲ့ကြသူတွေပီပီ အမိနိုင်ငံတော်ကြီးရဲ့ သမိုင်းကြောင်းအစဉ်အလာတွေကိုကောင်းစွာသိရှိနားလည်ထားရပါမယ်။ မိမိတို့နိုင်ငံရဲ့ လွတ်လပ်ရေးဟာ မျိုးချစ်လူငယ်တွေက ခေတ်မီတပ်မတော်တစ်ရပ်ထူထောင်ပြီး ပြည်သူလူထုရဲ့ တစ်စိတ်တစ်ဝမ်းတည်းပူးပေါင်းကြိုးပမ်းမှုတွေကြောင့်ရရှိခဲ့တာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။ ထို့ပြင် နစက အနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်နှင့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိကာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရာတွင် နိုင်ငံသားတိုင်းသည်...

လွတ်လပ်စွာကုန်သွယ်မှုအဆင့်မြှင့်တင်ရေး တရုတ်၊ အာဆီယံစေ့စပ်မှုပြီးစီး

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ထပ်မံပြင်ဆင်‌ေရးကိုစေ့စပ်ဆွေးနွေးမှုသည်အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၄ ဘီလျံအထိ ရှိခဲ့သည်ဟု တရုတ်အကောက်ခွန် အချက်အလက်များအရ သိရသည်။ ၃.၀ ဗားရှင်းဟု ခေါ်ဆိုသော လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အားသစ်လောင်းပေးမည်ဖြစ်ကာ ပွင့်လင်းမှု၊ အားလုံးပါဝင်မှုနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတို့ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071