မြန်မာနိုင်ငံရေး အကျပ်အတည်း ကို ဖြေရှင်းရန် အခြားလုပ်ဆောင်ချက်များနှင့်အတူ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ စေလွှတ်သွားရေးကို အာဆီယံအဖွဲ့က ဆက်လက်ဆွေးနွေးနေသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆရီ မိုဟာမက်ဟာဆန်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်ရရှိရေးအတွက် အထောက်အကူဖြစ်စေမည့် ဒေသတွင်းကြိုးပမ်းမှုများတွင် သဘောတူညီချက် ၅ ရပ်ကို အဖွဲ့၏ အဓိကအကိုးအကားပြုရာအဖြစ် ဆက်လက်ကိုင်စွဲထားသည်ဟု ၎င်းက ပြောကြားခဲ့သည်။
အာဆီယံ လေ့လာစောင့်ကြည့်သူများအဖွဲ့ စေလွှတ်သွားရေးကို အကြီးတန်းအရာရှိအဆင့်၌ အသေအချာ စဉ်းစားသုံးသပ်သွားမည်ဖြစ်ကာ မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ ဆောင်ရွက်ချက်များသည် ဆက်လက်ရှိနေရန် အရေးကြီးကြောင်းကို မိမိတို့က ထပ်လောင်းအတည်ပြုခဲ့ကြကြောင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ သက်တမ်းကိုပြန်လည်ပြင်ဆင်ရေး အဆိုပြုချက်ကို ဆွေးနွေးခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာ့ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲသည် တရားမျှတသော၊ ပွင့်လင်းမြင်သာသော၊ အားလုံးပါဝင်နိုင်၍ လက်ခံယုံကြည်နိုင်သော အခြေအနေများရှိရမည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ဇူလိုင်လအတွင်းက အစည်းအဝေးတွင် သဘောတူထားခဲ့ကြောင်းနှင့် ရွေးကောက်ပွဲများမတိုင်မီတွင် အာလုံးပါဝင်သော ဆွေးနွေးမှုလုပ်ဆောင်ရန်လိုအပ်ကြောင်း မိမိတို့တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
Ref: ဘနားမား
