Wednesday, April 30, 2025

နစက ဒု-ဝန်ကြီးချုပ်ဦးသန်းဆွေ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသံ...

နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ယနေ့ ဧပြီ ၂၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏...

ထာဝရငြိမ်းချမ်းရေးသို့….

လက်ရှိတွင် ရက် ၂၀ အပစ်ရပ်ပြီး သက်တမ်း တပတ်တိုးကာ ဧပြီ ၃၀ရက်နေ့ထိ အပစ်ရပ်ကြေငြာထားရာ ငြိမ်းချမ်းရေးအပြီးရရေးအတွက် ပြည်သူအားလုံး ဆန္ဒရှိနေကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက်...

စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို...

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို IBEC သဘာဝဘေးအန္တရာယ်ကူညီစောင့်ရှောက်ရေးစင်တာနှင့် ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများပူပေါင်း၍ ယနေ့ ဧပြီ ၂၉...

တစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန်သတိပေး

တစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဧပြီ ၂၉ ရက်က မိုးသက်လေပြင်းအန္တရာယ်သတိပေးချက်အဖြစ် သတိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ သတိပေးချက်အရ...
HomeNewsLocal Newsမြန်မာ့ရေကြောင်းအကျိုးစီးပွားများကာကွယ်ရန်တပ်မတော်(ရေ)အား မဟာဗျူဟာအမြင်ဖြင့် စဉ်ဆက်မပြတ်တိုးချဲ့တည်ဆောက်ပေးလျက်ရှိ

မြန်မာ့ရေကြောင်းအကျိုးစီးပွားများကာကွယ်ရန်တပ်မတော်(ရေ)အား မဟာဗျူဟာအမြင်ဖြင့် စဉ်ဆက်မပြတ်တိုးချဲ့တည်ဆောက်ပေးလျက်ရှိ

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ် လည်နေ့အထိမ်းအမှတ်အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၄ ရက်(ယနေ့)တွင်ကျရောက်သည့် (၇၅)နှစ်‌မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ် လည်နေ့အထိမ်းအမှတ်အခမ်းအနားအား ရန်ကုန် တိုင်းရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေးဌာနချုပ် ၏ သီရိမဟာဇေယျာကျော်ထင်ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ကုန်းမြေဧရိယာ၏ တစ်ဝက်ကျော်ရှိသည့် ရေပြင်ဧရိယာသည် စတုရန်းရေမိုင်ပေါင်း ၁၄၄၉၁၂ မိုင်ရှိပြီး ရေပေါ်ရေအောက်အဖိုးတန်သ ယံဇာတများ၊ရေသတ္တဝါများနားခိုကျက်စားရာနေရာများနှင့်ကျွန်းကြီးကျွန်းငယ်များ၊ပင်လယ် ကမ်းရိုးတန်းသဘာဝအလှတရားများစွာနှင့်ပြည့်နှက်နေ၍ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပင်လယ်ပြင်မှအဓိကဖော်ဆောင်ပေးနေ သည်ဟု ဆိုသည်။

မြန်မာ့ရေပြင်သည် ဘင်္ဂလားပင်လယ်အော်ကပ္ပ လီပင်လယ်ပြင်တို့ကိုပိုင်ဆိုင်ထားရှိပြီး ကုန်သွယ်ရေလမ်းကြောင်းများထိန်းချုပ်နေရာများကို စိုးမိုးချုပ်ကိုင်ထားနိုင်သော သဘာဝကပေးသည့် လက်ဆောင်ကောင်းကိုရရှိထားသည်ဟု ဆို သည်။

ထို့ကြောင့် ပင်လယ်ပြင်အား အကျိုးရှိစွာအသုံး ချနိုင်ရန်ရည်ရွယ်၍ ပင်လယ်ပြင်နှင့်ဆက်စပ်နေသည့် နိုင်ငံရေး၊စီးပွားရေး၊စစ်ရေးအခြေအနေများကိုသုံးသပ်ကာ မြန်မာ့ရေကြောင်းအကျိုး စီးပွားများကာကွယ်ရန် တပ်မတော်(ရေ)အား မဟာဗျူဟာအမြင်ဖြင့် စဉ်ဆက်မပြတ်တိုးချဲ့တည်ဆောက်ပေးလျက်ရှိသည်ဟု ဆိုသည်။

“မြန်မာ့ပင်လယ်ပြင်ကို လုံခြုံစွာကာကွယ်ဖို့နဲ့ပင်လယ်ပြင်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် နိုင်ငံတော်လွတ်လပ်ရေးရရှိပြီးချိန်ကစပြီး ဒီနေ့အထိ ခေတ်အဆက်ဆက် ရေတပ်သားတွေဟာ ပုခုံးပြောင်းတာဝန်ထမ်းဆောင်ခဲ့ကြပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

တပ်မတော်(ရေ)တိုးတက်ရေးအတွက် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်အဆက်ဆက်၏ လမ်းညွှန်မှု၊ကူညီပံ့ပိုးမှုတို့ဖြင့်တည်ဆောက်လာခဲ့၍ ယခုအခါ စစ်ရေယာဉ်ကြီးများအား ကိုယ် တိုင် ဒီဇိုင်းရေးဆွဲတည်ဆောက်နိုင်သည့် တပ်မ တော်(ရေ)အဖြစ် တက်လှမ်းနိုင်ခဲ့သည်ဟု ဆို သည်။

စစ်ရေယာဉ်ကြီးများအား ပင်လယ်ပြင်တွင် သ မားရိုးကျစစ်ပွဲများဆင်နွှဲနိုင်ရန် ရည်မှန်းချက်ထားတည်ဆောက်ပေးနိုင်ခဲ့ကာ တပ်မတော်(ရေ) ၏ စစ်မဟာဗျူဟာများဖြစ်သည့် Active Defence Strategy နှင့် Two Sea Strategy အရ ဆက်လက်တည်ဆောက်ရမည့် စစ်ရေယာဉ်များကိုလည်း လျာထားစီမံတည်ဆောက်လျက်ရှိသည်ဟု ဆိုသည်။

“စစ်ရေယာဉ်တွေ တိုးတက်တည်ဆောက်နိုင်ခဲ့တာကြောင့် ဖရီဂိတ်စစ်ရေယာဉ်တွေနဲ့ သီးသန့်စီးပွားရေးဇုန်အတွင်း သမားရိုးကျစစ်ပွဲတွေကို ဆင်နွှဲနိုင်တဲ့ ရေတပ်၊တရားဥပဒေစိုးမိုးရေးကို အပြည့်အဝထမ်းဆောင်နိုင်တဲ့ ရေတပ်အဖြစ် ဂုဏ်ယူဝင့်ထည်စွာရပ်တည်ဆောင်ရွက်နေပြီဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

တပ်မတော်(ရေ)အား တိုက်ပွဲဝင်အသင့်ဖြစ်ရန် စစ်ရေယာဉ်အသင့်ဖြစ်မှု၊လက်နက်နှင့်လက်နက်စနစ်အသင့်ဖြစ်မှု၊ရေတပ်သားအသင့်ဖြစ်မှု ၃ ရပ်ဖြင့် ပြည့်စုံအောင်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

စစ်ရေယာဉ်ကိုယ်ထည်ဒီဇိုင်းများအား ကိုယ်ပျောက်နည်းပညာ(Stealth Technology)ဒီဇိုင်းအထိ အဆင့်ဆင့်ပြောင်းလဲခဲ့ပြီး ကိုယ်တိုင်တိုး တက်တည်ဆောက်နိုင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“မောင်းနှင်မှုစနစ်တွေမှာလည်း Waterjet Propulsion စနစ်အသုံးပြုနိုင်ပြီး ရေမိုင် ၄၀ အ ထက်မောင်းနှင်နိုင်တဲ့ ရေယာဉ်တွေအထိ စွမ်း အားမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ် မြစ်တွင်းစစ်ရေယာဉ်တွေမှာလည်း Armor Plate တွေ တပ်ဆင်ထားပြီး ထိရောက်အောင်စစ်ဆင်နိုင်စွမ်းရှိတဲ့ စစ်ရေယာဉ်တွေအဖြစ် တည်ဆောက်ပေးခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ရေအောက်စစ်ဆင်ရေးကဏ္ဍအတွက် အ လွန်အရေးကြီးသည့် တိုက်ခိုက်ရေးရေငုပ်သ င်္ဘော ၂ စီးရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး ဒေသတွင်း၌ ရေငုပ်သင်္ဘောလက်ဝယ်ပိုင်ဆိုင်သည့်ရေ တပ်အဖြစ်ရပ်တည်နိုင်ခဲ့သည်ဟု ဆိုသည်။

“ရေငုပ်သင်္ဘောတပ်ဖွဲ့ကိုလည်း ရေရှည်ဆက် လက်ချီတက်နိုင်ရေး အစီအမံတွေချမှတ်ဆောင် ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နစက ဒု-ဝန်ကြီးချုပ်ဦးသန်းဆွေ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသံ အမတ်တို့အားတွေ့ဆုံ ငလျင်ဒဏ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့

နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ယနေ့ ဧပြီ ၂၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ သံအမတ်ကြီးတို့အား သီးခြားစီတွေ့ဆုံခဲ့သည်။ ဝန်ကြီးဦးသန်းဆွေနှင့် တရုတ်သံအမတ်ကြီး မစ္စ မာကျားတို့သည် နံနက် ၉ နာရီခွဲက နေပြည်တော်၌ တွေ့ဆုံ၍ ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်များဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့် အသိုက်အဝန်းများအတွက် တရုတ်နိုင်ငံမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ဆေးဝါးများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထောက်ပံ့ရေး၊ မြန်မာနိုင်ငံအစိုးရ၏ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှဆက်လက်ကူညီပံ့ပိုးပေးသွားမည်တို့အား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံကြား...

ထာဝရငြိမ်းချမ်းရေးသို့….

လက်ရှိတွင် ရက် ၂၀ အပစ်ရပ်ပြီး သက်တမ်း တပတ်တိုးကာ ဧပြီ ၃၀ရက်နေ့ထိ အပစ်ရပ်ကြေငြာထားရာ ငြိမ်းချမ်းရေးအပြီးရရေးအတွက် ပြည်သူအားလုံး ဆန္ဒရှိနေကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် သွေးမအေးကြသူများ၏ စကားသံများ စုစည်း ဖော်ပြလိုက်ပါသည်။ "ကပ်မျိုးစုံကို ရင်ဆိုင်ကျော်လွှားလာရတာ လူတွေတအားပင်ပမ်းနေပြီ။ သားသည်မိခင်တွေ၊ခွန်အားမပြည့်သေးတဲ့အမျိုးသမီးတွေနေရာက ခနလောက်ဝင်ခံစားပေးကြပါလို့။အဆင်ပြေနိုင်တဲ့ထွက်ပေါက်တွေ ရ ေအာင်ရှာနိုင်တယ်ဆိုတဲ့စိတ်မွေးပြီး မာနေတွေခနဘးဖယ်ကာ ဆွေးနွေးကြစေချင်ပါတယ်။ တဖွဲ့နဲ့တဖွဲ့ မယုံရဘူးဆိုတဲ့ သံသယတွေလည်း ခဏ ဘေးဖယ်ထားပြီး အရင်ဆုံးအတူ သဘောတူလို့ရတဲ့အချက်တွေကနေစညှိစေချင်ပါတယ်။ Peace or Justice ဆိုတဲ့ ဆိုရိုးလိုပေါ့ ငြိမ်းချမ်းရေး အကြောင်းပြောမယ်ဆို...

စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ဝတ္ထုငွေ/အလှူငွေနှင့် ဆေးဝါးများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို IBEC သဘာဝဘေးအန္တရာယ်ကူညီစောင့်ရှောက်ရေးစင်တာနှင့် ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများပူပေါင်း၍ ယနေ့ ဧပြီ ၂၉ ရက်က ဝတ္ထုငွေ/အလှူငွေနှင့် ဆေးဝါးများလှူဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ရှိ ပင့်သံဃာတော်အပါး(၇၀)အား တစ်ပါးလျှင် (၁)သိန်းကျပ်စီ၊ သီလရှင်ဆရာကြီး/ဆရာလေးအပါး(၁၀၀၀)ကျော်အား တစ်ပါးလျှင် (၂)သောင်းကျပ်စီ၊ ခေါင်းရိတ်ဓား၊ ဆပ်ပြာ၊ ဆေးဝါးအသုံးအဆောင်များကို ဗီယက်နမ်သံဃာ့အဖွဲ့အစည်းက လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လူပုဂ္ဂိုလ်(၁၀၀၀)ဦးအား တစ်ဦးလျှင် (၁၅၀၀၀)ကျပ်စီကိုလည်း လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးသွားသော ရဟန်း၊ ရှင်၊ လူအပေါင်းတို့အားရည်စူး၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071