Monday, August 17, 2026

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar...

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်ထား၊

ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးပြီး မိုးသက်လေပြင်းကျမည် နေပြည်တော်၊ သြဂုတ်-၁၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည်...

KBZ နှင့် ရွှေမင်းသားဖောင်ဒေးရှင်း ပူးပေါင်း၍...

ကမ္ဘောဇဘဏ် (KBZ) နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မသန်စွမ်းကျောင်းသား/ကျောင်းသူ ၄၇ ဦးအတွက် ၅ နှစ်တာ ပညာသင်ဆုစီမံကိန်းကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းက...

AFC Women’s Champions League...

AFC Women’s Champions League 2026/27 ပြိုင်ပွဲ၏ ခြေစစ်ပွဲအဆင့် (Preliminary Stage) ပွဲစဉ်များကို ယနေ့ ဩဂုတ် ၁၇...
HomeNewsLocal Newsမြန်မာ့ဘောလုံးပြိုင်ပွဲများကို နိုင်ငံတကာစံနှုန်းနှင့်အညီ စနစ်တကျ...

မြန်မာ့ဘောလုံးပြိုင်ပွဲများကို နိုင်ငံတကာစံနှုန်းနှင့်အညီ စနစ်တကျ ကြီးကြပ်ကွပ်ကဲနိုင်မည့် ပြိုင်ပွဲကြီးကြပ်သူ (၄၆) ဉီး မွေးထုတ်ပေးနိုင်ခဲ့

အာရှဘောလုံးအဖွဲ့ချုပ် (AFC)၏ ပြိုင်ပွဲကျင်းပရေး တာ ဝန်ရှိသူ Mr. Brian See Mei Chiat ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်

မြန်မာ့ဘောလုံးပြိုင်ပွဲများကို နိုင်ငံတကာစံနှုန်းနှင့်အညီ စနစ်တကျ ကြီးကြပ်ကွပ် ကဲနိုင်မည့် ပြိုင်ပွဲကြီးကြပ်သူများ ပိုမိုထွက်ပေါ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော AFC-MFF MC Seminar and LOC Workshop မှာ ယနေ့ ဇွန် (၁၃)ညနေပိုင်းတွင် အောင်မြင်စွာ ပြီးစီးသွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် အဆိုပါသင်တန်းကို ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ဇွန်လ (၁၂ )ရက်မှ (၁၃) ရက်အထိ (၂) ရက် ကြာ စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို အာရှဘောလုံးအဖွဲ့ချုပ် (AFC)၏ ပြိုင်ပွဲကျင်းပရေး တာ ဝန်ရှိသူ Mr. Brian See Mei Chiat ကိုယ်တိုင် ရန်ကုန်မြို့သို့ လာရောက်ကာ အနီးကပ် လေ့ကျင့်သင်ကြားပေးခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ အနာဂတ် ပြည်တွင်း/ပြည်ပ ဘောလုံးပွဲစဉ်များကို တာဝန်ယူမည့် သင် တန်းသား/သူ စုစုပေါင်း (၄၆) ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် အာရှဘောလုံးအဖွဲ့ချုပ် (AFC)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ် (MNL) တို့မှ တာဝန်ရှိသူများက သင်တန်းသားများကို ဂုဏ်ပြုမှတ် တမ်းလွှာ များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ သင်တန်းများ ပို့ချပေးနိုင်ခဲ့ခြင်းကြောင့် နောင်တွင်ကျင်းပမည့် ဘောလုံးပွဲစဉ်များတွင် ပိုမိုစနစ်ကျပြီး အဆင့်အတန်းရှိသည့် ပြိုင်ပွဲကြီးကြပ်သူများကို မြင်တွေ့ရတော့မည်ဖြစ်ကာ မြန်မာ့ဘောလုံးလောက၏လူ့စွမ်းအားအ ရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် လက်ဝှေ့အား ကစားသမားများ စခန်းသွင်းလေ့ကျင့်

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar Boxing Federation လက်ဝှေ့အဖွဲ့ချုပ်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲအတွက် အားကစားသမားများ၏ ကိုယ်ကာယကြံ့ခိုင်မှု၊ ထိုးသတ်မှုနည်း ဗျူဟာများနှင့် လက်ဝှေ့နည်းစနစ်ပိုင်းဆိုင်ရာများကို အဓိကထား၍ အပြင်းအထန် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ လေ့ကျင့်ရေးစခန်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ပြိုင်ပွဲတွင် အကောင်းဆုံးရလဒ်များ ရရှိနိုင်ရေးအတွက် စုစည်းလေ့ကျင့်နေကြပြီး လေ့ကျင့်မှုအခြေအနေများကို ဓာတ်ပုံမှတ် တမ်းများဖြင့် ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်ထား၊

ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးပြီး မိုးသက်လေပြင်းကျမည် နေပြည်တော်၊ သြဂုတ်-၁၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဩဂုတ် ၁၇ ရက်) မွန်းလွဲ ၁၂ နာရီတွင် သတင်းထုတ်ပြန်သည်။ သို့သော် မုန်တိုင်းငယ်၏ လက်ရှိ ရွေ့လျားမှု လမ်းကြောင်းမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်မည့် အခြေအနေ မရှိသည့်အတွက် သတိပေးချက်ကို အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားသည်။ အဆိုပါ...

KBZ နှင့် ရွှေမင်းသားဖောင်ဒေးရှင်း ပူးပေါင်း၍ မသန်စွမ်းကျောင်းသား/သူ ၄၇ ဦးကို ၅ နှစ်တာ ပညာသင်ဆုပေးမည်

ကမ္ဘောဇဘဏ် (KBZ) နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မသန်စွမ်းကျောင်းသား/ကျောင်းသူ ၄၇ ဦးအတွက် ၅ နှစ်တာ ပညာသင်ဆုစီမံကိန်းကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။ အဆိုပါ စီမံကိန်းအတွက် ငါးနှစ်တာ သဘောတူစာချွန်လွှာ (MoU) ကို ဩဂုတ် ၁၃ ရက်တွင် နှစ်ဖက်တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကိုယ်အင်္ဂါ၊ အမြင်၊ အကြားနှင့် ဉာဏ်ရည်မသန်စွမ်းမှု အပါအဝင် မသန်စွမ်းမှုအမျိုးအစား အမျိုးမျိုးရှိသော ကျောင်းသား/ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဖြစ်ကြောင်း ဖောင်ဒေးရှင်းက ဆိုသည်။ ရွေးချယ်ခံရသူများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071