မြန်မာ့ပင်လယ်ပြင်တွင် ယနေ့ မေလ(၄) ရက် မွန်းတည့်ချိန်မှစ၍ နောက်(၂၄) နာရီအတွင်း အမြင့်(၅)ပေမှ (၈)အထိ လှိုင်း ကြီးနိုင်သည်ဟု ယနေ့မိုး/ဇလ၏ အသိပေးချက်အရ သိရသည်။
ရန်ကုန်မှ တနင်္သာရီ ကမ်းရိုးတန်းတလျှောက် ပင်လယ်ပြင်ခရီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကာ ရေပြင်လေသည် အနောက်(သို့) အနောက်တောင်သို့ တစ်နာရီလျှင် (၁၀) မိုင်မှ (၂၅) မိုင်နှုန်း တို-က်ခ-တ်နိုင်ပြီး လှိုင်းအမြင့် (၅)ပေမှ (၈)ပေခန့် အထိရှိနိုင်ကြောင်း သိရသည်။
အလားတူ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတလျှောက် ပင်လယ်ပြင်ခရီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရေပြင်လေသည် အနောက် (သို့) အနောက်တောင်သို့ တစ်နာရီ (၁၀)မိုင် မှ (၂၅) မိုင်နှုန်းတိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်(၅)ပေမှ (၈ )ပေခန့်အထိ ရှိနိုင်ကြောင်း မိုး/ဇလက အသိပေးထားသည်။
လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ် အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်ဟု ဖော်ပြထားသည်။