နေပြည်တော်၌ ကျင်းပနေသည့် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၆၉) တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၉၅၁)မှ (၁၉၀၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၅၆၉) တွဲရောင်းချခဲ့ရကြောင်း ကြေညာခဲ့သည်။
မွန်းလွဲပိုင်းတွင် ကျောက်စိမ်းအတွဲအမှတ် (၁၉၀၁) မှ (၂၇၅၀) အထိ တင်သွင်းထားသောဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ပြပွဲသတ္တမနေ့တွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့်လည်း စည်ကားလျက်ရှိသည်။
(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြ ည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ (၃) ရက် မှ (၁၂) ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲဒုတိယနေ့တွင် ပုလဲ အတွဲပေါင်း (၁၈၂) တွဲ၊ တတိယနေ့ တွင် ပုလဲအတွဲပေါင်း (၁၉၇) တွဲ၊ စတုတ္တနေ့တွင် ကျောက်မျက်အတွဲပေါင်း (၈၈)တွဲ၊ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၄၆) တွဲနှင့် ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၆၉) တွဲတို့ကို ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မျက်ပွဲရှိနေသည့်အတွက် နေပြည်တော်ဟော်တယ်အများစုလည်း တရုတ်အများစုအပါအဝင်
ဧည့်သည်များဖြင့် ပြည့်နေသည်။