Saturday, January 18, 2025

အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများလာသည့်အတွက် ရန်ကုန်တွင်တိုက်ခန်းငှားရမ်းခများ မြင့်တက်လာ

အနယ်နယ် အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်ကြသူများ ယခင်ထက် ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့၏ အိမ်ခန်းအငှား ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေကြောင်း စုံစမ်းသိရသာည်။ “နယ်က အကြောင်းအမျိုးမျိုးနဲ့ လာတဲ့လူတွေက...

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခ သတ်မှတ်နှုန်းထားထက်...

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ...

ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) ဂျပန်ယဉ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်း၍ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း...

ပုပ္ပားတောင် ပရဆေးဥယျာဉ်အနီး မြန်မာ့ရွှေသမင်များအား လာရောက်...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် ကမ္ဘာကျော် မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်ပရဆေး ဥယျာဉ်အနီး ရွှေသမင်ဘေးမဲ့တော ဥယျာဉ်တွင် ရွှေသမင်များ...
HomeNewsLocal Newsမြန်မာအရေးနှင့်ပတ်သက်၍ တစ်ဖက်သတ်ဆန်သည့် ထုတ်ပြန်ချက်အပေါ်...

မြန်မာအရေးနှင့်ပတ်သက်၍ တစ်ဖက်သတ်ဆန်သည့် ထုတ်ပြန်ချက်အပေါ် လက်မခံကြောင်းနှင့် စိတ်ပျက်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တုန့်ပြန်

(၅၆)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်သည် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ တစ်ဖက်သက်မမျှမတဖော်ပြထားသည့်အတွက် စိတ်ပျက်မိကြောင်း လက်မခံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး ဌာနက မြန်မာအစိုးရကိုယ်စား ထုတ်ပြန်သည့် သဘောထားမှတ်ချက်ကို ယမန်နေ့ ဇူလိုင်လ (၁၄) ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်အပါအဝင် မည်သည့်ထုတ်ပြန်ချက်တွင်မဆို နိုင်ငံတစ်နိုင်ငံအား သီးခြားပစ်မှတ်ထား၍ ယင်း၏ ပြည်တွင်းရေးကိစ္စအား ဖော်ပြမှုသည် အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် “ဝင်ရောက်မစွက်ဖက်ရေးမူ”နှင့် သွေဖည်နေသဖြင့် မြန်မာနိုင်ငံက မည်သည့်အခါကမျှ လက်ခံခြင်းမရှိကြောင်း ထည့်သွင်းပြောကြားထားသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုခေါင်းစဉ်အောက်၌ သက်ဆိုင်ရာနိုင်ငံ၏ ငြိမ်းချမ်းသောနည်းဖြင့် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးကြိုးပမ်းနေမှုများနှင့် သဘောထားရပ်တည်ချက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ရေးသားထုတ်ပြန်ခဲ့ခြင်းသာဖြစ်ကြောင်းလည်း ပြောကြားထားသည်။

အဆိုပါ ပူးတွဲကြေညာချက်(မူကြမ်း)အား ညှိနှိုင်းစဉ် မြန်မာနိုင်ငံမှ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်သိစွာဖြင့် ပါဝင်ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း ပူးတွဲကြေညာချက်အား အပြီးသတ်ထုတ်ပြန်ကြေညာရာတွင် မြန်မာနိုင်ငံက အဆိုပြုပြင်ဆင်ဖြည့်စွက်ထည့်သွင်းလိုသည့်အချက်များ၊ မြန်မာနိုင်ငံ၏ သဘောထားနှင့် စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ထောက်ပြထားသည်။

သို့ဖြစ်၍ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံကိစ္စနှင့် ပတ်သက်သည့် အချို့အချက်များအပေါ် စိတ်ပျက်မိပြီး ယင်းဖော်ပြချက်များအား ပြတ်သားစွာ ပယ်ချပြီး ပါဝင်ပတ်သက်မှု မရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုရှိရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာအစိုးရကိုယ်စား နိုင်ငံခြားရေး ဝန်ကြီးဌာနက အသိပေးထားသည်။

(၅၆)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင်လ (၁၁) ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများလာသည့်အတွက် ရန်ကုန်တွင်တိုက်ခန်းငှားရမ်းခများ မြင့်တက်လာ

အနယ်နယ် အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်ကြသူများ ယခင်ထက် ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့၏ အိမ်ခန်းအငှား ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေကြောင်း စုံစမ်းသိရသာည်။ “နယ်က အကြောင်းအမျိုးမျိုးနဲ့ လာတဲ့လူတွေက များလာတယ်။ အိမ်ငှား၊ ပွဲစားတွေက ဈေးတင်ရို-က်ကြတယ်။ အဲဒီတော့ ဈေးတွေက တက်လာတာပေါ့” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက်၌ အိမ်အငှားဈေးကွက်သည် ယမန်နှစ်ကထက် လက်ရှိ ၂၀၂၅ အစပိုင်းတွင် ဆက်တိုက်မြင့်တက်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။ “အရင်က နှစ်သိန်း၊ တလချင်းဆီ တက်သွားတာ ၊ အခု တစ်လ သုံးသိန်း ပေးနေရတယ်။...

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက ထိရောက်စွာ အရေးယူမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်မှ ဧပြီ (၁၇) ရက်အထိ ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူး လာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ မန်းရွှေစက်တော်တွင် တည်းခိုဆောင်...

ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) ဂျပန်ယဉ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်း၍ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲသည် အကြိမ် (၂၀) မြောက် အဖြစ် ကျင်းပခြင်းဖြစ်ကာ ဘာသာပြန်ပညာရှင်အဆင့်ကို ရည်မှန်း၍ ဂျပန်ဘာသာကို အဆင့်မြင့်လေ့လာနေသူများအတွက် ရည်ရွယ်ကာ ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။ ပြိုင်ပွဲကို “ကျွမ်းကျင်အဆင့်” ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနှင့် ဂျပန်ဘာသာ အရည်အချင်း N3 အဆင့်ရှိ အခြေခံအဆင့်ဂျပန်ဘာသာလေ့လာနေသူများအတွက် “အငယ်တန်း အဆင့်” ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ဟူ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071