Wednesday, February 18, 2026

ဧရာဝတီတိုင်းအတွင်း၌ဖောက်လုပ်နေသည့် ကျေးရွာချင်းဆက်လမ်းများ

ဧရာဝတီတိုင်းအတွင်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ၊ တိုင်းငွေလုံးငွေ ရင်းရန်ပုံငွေတို့ဖြင့် ကျေးရွာချင်းဆက်လမ်းများကို ကျိုက်လတ်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနကတာဝန်ယူ၍ သက်ဆိုင်ရာ ကုမ္ပဏီများကဖောက် လုပ်လျက်ရှိကြောင်း...

ဂျပန်က အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုတွင်ပထမဆုံးအကြိမ်ပါဝင်မည်

ဖေဖော်ဝါရီ ၁၈ ရက် ဂျပန်နိုင်ငံသည် ယခုနှစ်အတွင်း ကျင်းပမည့် ဆလာ့ခ်နစ်ဘ် စစ်ရေးလေ့ကျင့်မှုအတွက် ထိပ်တန်းစစ်သည် ၃၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်ရန် စီစဉ်လျက်ရှိပြီး...

တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး တာဝန်မှ...

ဖေဖော်ဝါရီ ၁၆ ရက် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး ရန်လီဝေး သည် လက်ရှိတာဝန်များမှ တရားဝင် အနားယူခဲ့ပြီဖြစ်သော်လည်း ၎င်းအနေဖြင့် လေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်ဆဲဖြစ်ပြီး...

Insight ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းထန်းပင်ဝင်တိုက်ခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား   အမြန်လမ်း၌ဖြစ်ပွားသော...

Insight ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းပေါ်ရှိ ထန်းပင်ကိုဝင်တိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နံနက် ၇ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးပေါ်၌ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်း...
HomeNewsFootballမြန်မာအမျိုးသမီး ယူ-၁၉ အသင်း...

မြန်မာအမျိုးသမီး ယူ-၁၉ အသင်း ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်နှင့်တွေ့ဆုံ

စည်းမျဉ်းပြောင်းလဲမှုအရ မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်း ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်နှင့်တွေ့ဆုံနေကြောင်း သိရသည်။

အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ အုပ်စု (ဂ) နောက်ဆုံးပွဲစဉ်တွင် ထိုင်းအမျိုးသမီး ယူ-၁၉ အသင်းကို နောက်ကျဂိုး (၁-၀) ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း အကောင်းဆုံး အုပ်စုဒုတိယနေရာဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

အုပ်စုပွဲစဉ်များ ပြီးဆုံးသွားချိန်တွင် အုပ်စုပထမရသော အသင်းများဖြစ်သည့် အုပ်စု (က)မှ အင်ဒိုနီးရှား၊ အုပ်စု (ခ)မှ ဗီယက်နမ်၊ အုပ်စု (ဂ)မှ ထိုင်းအသင်းတို့နှင့် အကောင်းဆုံး အုပ်စု ဒုတိယရရှိသည့် မြန်မာအသင်းတို့ ဆီမီးဖိုင်နယ်သို့တက်ရောက်သွားခဲ့သည်။

ဆီမီးအဆင့်တွင် Tournament regulations ပြောင်းလဲမှုအရ အုပ်စု (က) ပထမ အင်ဒိုနီးရှားနှင့် အုပ်စု (ဂ) ပထမ ထိုင်း၊ အုပ်စု (ခ) ပထမ ဗီယက်နမ်နှင့် အကောင်းဆုံး အုပ်စုဒုတိယ မြန်မာ အသင်းတို့ ရင်ဆိုင်ကစားကြရမည်ဖြစ်သည်။

“ ကလေးတွေ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ အကောင်ထည်ပေါ်လာဖို့အတွက် လာမဲ့ပွဲတွေမှာ အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံးကြိုးစားသွားမှာပါ”ဟု မြန်မာအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့မှာ ပထမပွဲစဉ်အဖြစ် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ကစားကြရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီတိုင်းအတွင်း၌ဖောက်လုပ်နေသည့် ကျေးရွာချင်းဆက်လမ်းများ

ဧရာဝတီတိုင်းအတွင်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ၊ တိုင်းငွေလုံးငွေ ရင်းရန်ပုံငွေတို့ဖြင့် ကျေးရွာချင်းဆက်လမ်းများကို ကျိုက်လတ်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနကတာဝန်ယူ၍ သက်ဆိုင်ရာ ကုမ္ပဏီများကဖောက် လုပ်လျက်ရှိကြောင်း သိရသည်။ ဘုံလုံချောင်း-ထိန်ကျွန်း-ဒရယ်ချို-အထက်ဆင်ကူး- အောက်ဆင်ကူး-ဖောင်ရိုးဆိပ်ကျေးရွာချင်းဆက်လမ်းကို ကျောက်ချောခင်းကာ နတ်စဉ်ကျောင်းစုကျေးရွာ အုပ်စု၊ မဲဇလီကျေးရွာနှင့် ကျုံကလွတ်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာသို့လည်း မြေသားလမ်းဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဓနုဖြူ၊ ဇလွန်၊ ဖျာပုံ၊ ဒေးဒရဲမြို့များရှိ ကျေးရွာချင်းဆက်လမ်းများကိုလည်း သက်ဆိုင်ရာ ကုမ္ပဏီများက ဖောက်လုပ်လျက်ရှိရာ ပြီးစီးပါက ကျေးရွာနေသူ များ သွားလာမှုနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပိုမိုအဆင်ပြေလာစေမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်က အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုတွင်ပထမဆုံးအကြိမ်ပါဝင်မည်

ဖေဖော်ဝါရီ ၁၈ ရက် ဂျပန်နိုင်ငံသည် ယခုနှစ်အတွင်း ကျင်းပမည့် ဆလာ့ခ်နစ်ဘ် စစ်ရေးလေ့ကျင့်မှုအတွက် ထိပ်တန်းစစ်သည် ၃၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်ရန် စီစဉ်လျက်ရှိပြီး အဆိုပါစေလွှတ်မှုသည် အမေရိကန်-ဖိလစ်ပိုင် နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွင် အခြားမိတ်ဖက်နိုင်ငံမှ တပ်ဖွဲ့ဝင်များက ပထမဆုံးအကြိမ် ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ရပ်သည် နှစ်နိုင်ငံ တည်းထိ‌တွေ့ဆောင်ရွက်မှုများမှ အမေရိကန် မဟာမိတ်များအကြား အပြန်အလှန် အမှီသဟဲပြုသော ဘက်စုံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုသို့ ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ ဝေးလံသောကျွန်းစုများ ကာကွယ်ရေး၊ ထိုင်ဝမ်ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်လာနိုင်သော အရေးပေါ်အခြေအနေများကို ပိုမိုအာရုံစိုက်လာခြင်းဖြစ်ကြောင်း...

တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး တာဝန်မှ တရားဝင် အနားယူ

ဖေဖော်ဝါရီ ၁၆ ရက် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး ရန်လီဝေး သည် လက်ရှိတာဝန်များမှ တရားဝင် အနားယူခဲ့ပြီဖြစ်သော်လည်း ၎င်းအနေဖြင့် လေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်ဆဲဖြစ်ပြီး လိုအပ်ပါက အာကာသဝတ်စုံကို ပြန်လည်ဝတ်ဆင်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး အဖွဲ့သည် စည်းမျဉ်း/စည်းကမ်းဥပ‌ဒေများအရ အောက်တိုဘာလတွင် ပျံသန်းမှု ရပ်နားခဲ့ရသော်လည်း "အကယ်၍ မိခင်နိုင်ငံက လိုအပ်မယ်ဆိုရင် ကျွန်တော်တို့ ပျံသန်းမှုတွေကို ပြန်လည်စတင်နိုင်ပါတယ်" ဟု ၎င်းက စနေနေ့က CCTV နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ကြောင်း သိရသည်။ ယခုအခါ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071