(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကြီး၌ မြန်မာအတွက် ရွှေတံဆိပ်ကို ခြင်းလုံး (အမျိုးသားအသင်း)ကလည်း ဆွတ်ခူးခဲ့ပြီ ဖြစ်သည်။
ဗိုလ်လုပွဲတွင် မြန်မာအမျိုးသားအသင်းက ထိုင်းအမျိုးသားအသင်းကို နှစ်ပွဲပြတ်၊ ပထမပွဲတွင် မြန်မာ-၂၉၀နှင့် ထိုင်း-၂၄၆ ဖြင့်လည်းကောင်း၊ ဒုတိယပွဲတွင် မြန်မာ-၂၈၄နှင့် ထိုင်း-၂၅၅ ဖြင့်လည်းကောင်း၊ နှစ်ပွဲပေါင်းရလဒ်- မြန်မာ-၅၇၄ Vs ထိုင်း-၅၀၁ ဖြင့် အနိုင်ရရှိပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။
ထိုနည်းတူ ရိုးရာခြင်းလုံး အမျိုးသမီးပြိုင်ပွဲ အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲမှ ပထမဆုံး ရွှေတံဆိပ် စတင်ဆွတ်ခူးထားသည်။
မြန်မာအမျိုးသမီးအသင်းသည်လည်း ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲ၌ နှစ်ပွဲကစား နှစ်ပွဲလုံး အနိုင်ရကာ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
