Saturday, January 24, 2026

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး...

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း...

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ်...

ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...

မနက်ဖြန် ဇန်နဝါရီ (၂၅)၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး မဲဆန္ဒရှင်များ အေးချမ်းစွာ မဲပေးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...
HomeNewsLocal Newsမြန်မာလိမ်လည်မှုစင်တာမှ အကယ်ခံရသူ မလေး...

မြန်မာလိမ်လည်မှုစင်တာမှ အကယ်ခံရသူ မလေး ၃၁ ဦး နေရပ်ပြန်

ဒီဇင်ဘာ ၂၀

မြဝတီမြို့ရှိ လိမ်လည်မှုစင်တာ အစုအဖွဲ့တစ်ခုမှ မလေးရှားနိုင်ငံသား ၃၁ ဦးကို အဆင့်မြင့် သံတမန်စစ်ဆင်ရေး အပြီးတွင် အောင်မြင်စွာ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း မလေးဘာသာစကားဖြင့် ထုတ်ဝေသော နေ့စဉ်ထုတ် စီနာဟာရီးယန်က ဖော်ပြသည်။

ထိုင်း-မလေးရှားနယ်စပ် အနီး ဘူကစ် ကာယူ ဟီတမ် လူဝင်မှုကြီးကြပ်ရေးဌာနသို့ စနေနေ့ ညနေ ၆ နာရီ ၅၀ မှာ ရောက်ရှိလာကြောင်း၊ ရောက်ရှိလာချိန်တွင် ၎င်းတို့ကို တော်ဝင်မလေးရှားရဲတပ်ဖွဲ့ထံသို့ ချက်ခြင်းလွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် လူလိမ်ဂိုဏ်း၏လုပ်ဆောင်မှုများကို ဆက်လက်စုံစမ်းစစ်ဆေးခဲ့ပါသည်။

ဒီဇင်ဘာလ အစောပိုင်းအတွင်း ဘန်ကောက်ရှိ မလေးရှားသံရုံးမှ လိမ်လည်ခံရသူများ၏ အမည်စာရင်းကို အတည်ပြုခဲ့သော်လည်း ၎င်းတို့အား ပြန်ပို့မှုကို ဥပဒေဆိုင်ရာ အတားအဆီးများကြောင့် နှောင့်နှေးမှုများရှိခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏သတင်း ထုတ်ပြန်ချက်အရ အဆိုပါ အဖွဲ့ကို ပြည်တွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ တရားမဝင် ဝင်ရောက်မှုကြောင့် စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ချုပ်နှောင်ထားသည့် လုပ်ငန်းစဉ်များ၊ တရားရုံးလုပ်ဆောင်ချက်များနှင့် ဒ-ဏ်ငွေများကြောင့် ၎င်းတို့ ပြန်လာရန် ချက်ချင်းစီစဉ်နိုင်ခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောကြားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ရှုပ်ထွေးခက်ခဲမှုများကို အာဏာပိုင်များက လမ်းကြောင်းရှာဖွေနေရသောကြောင့် လုပ်ငန်းစဉ်သည် အနည်းဆုံးသီတင်းနှစ်ပတ်ကြာမည်ဟု ၎င်းသည် ယခင်က အသိပေး‌ပြောကြားထားသည်။

လိမ်လည်မှုအဖွဲ့ကို ထိုင်းနိုင်ငံ၏ နိုင်ငံအဆင့် လွှဲပြောင်းပေးရေး ယန္တရားအရ သောကြာနေ့၌ လွတ်မြောက်လာခဲ့ကြသည်။ ဘန်ကောက်ရှိ မလေးရှားသံရုံးနှင့် တက်ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များအကြား အကြိတ်အနယ် ညှိနှိုင်းပြီးနောက်၊ အရေးပေါ် ခရီးသွားစာရွက်စာတမ်းများ၊ မိသားစုထံ အသိပေးပြောကြားချက်များ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် မဲဆောက်မှ မလေးရှားနယ်စပ်သို့ ၂၆ နာရီကြာ အစောင့်အကြပ်များ အပါအဝင် ကောင်စစ်ရေးရာ ပံ့ပိုးကူညီမှုများပေးထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် မလေးရှားနယ်စပ်ထိန်းချုပ်ရေးအေဂျင်စီတို့ကြား ချောမွေ့စွာ ညှိနှိုင်းဆောင်ရွက်ခြင်းကြောင့် မစ်ရှင်၏အောင်မြင်မှုကို ဝန်ကြီးဌာနက အသိအမှတ်ပြုခဲ့ပြီး အဖွဲ့၏ပြန်လည်လက်ခံရေးအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်မှုအတွက် ထိုင်းနှင့်မြန်မာအစိုးရတို့ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြည်ပရှိ မလေးရှားနိုင်ငံသားများအား အကာအကွယ်ပေးရေး ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ပြီး ပိုမိုခေတ်မီဆန်းပြားသော အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးအသင်းအဖွဲ့များကို ရှောင်ရှားရန် နိုင်ငံသားများအား သတိပေးထားသည်။

Ref: မိုင်နျူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ICRC က ပေးအပ်နေ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ပေးအပ်နေကြောင်း အသိပေးထားသည်။ ရပ်ရွာအခြေပြုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်း (CAPT)ကို သင်ကြားပို့ချခဲ့ပြီး တောင်သူကိုယ်စားလှယ်များရေရှည်ဆောင်ရွက်နိုင်မည့် လယ်ယာစိုက်ပျိုးနည်းစနစ်များအပြင် မြေဆီထိန်းသိမ်းပုံနှင့် သဘာဝမြေသြဇာအသုံးပြုပုံတို့ကိုလည်း လက်တွေ့ သင်ကြားပေးခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ယခု ၂၀၂၆ ခုနှစ်အတွင်း သင်တန်းတက်ရောက်ခဲ့ကြသည့် တောင်သူကိုယ်စားလှယ်များက ၎င်းတို့ သင်တန်း၌ လေ့လာသင်ယူခဲ့သည့် ကျွမ်းကျင်မှုနည်းပညာများကို အခြားတောင်သူများကိုတဆင့်မျှ‌ဝေပေးကာ ထောက်ပံ့ကူဘညီနေကြပြီဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် သင်တန်းတွင်ပါဝင်ခဲ့သည့် အခြားတောင်သူကိုယ်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွ င်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့် မီးလောင်မှုများ မဖြစ်ပေါ်စေရေး၊ မီး‌ဘေးလုံ ခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲအပိုင်း (၃)ကို ဇန်နဝါရီလ(၂၅)ရက်တွင် ကျင်း ပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆားလင်းကြီးမြို့နယ်နှင့် ကနီမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့်အဖွဲ့ဝင်များလိုက်ပါပြီး ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဦးနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အတွင်း တိုက်စစ်ပိုင်း အားဖြည့်ရန်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Bakayoko သည်  ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း  ရှမ်းယူနိုက်တက်အသင်းနှင့်အတူ MNL အမှတ်ပေးဖလား၊ League Cup ချန်ပီယံဆုနှင့်အတူ AFC Challenge League ၌ ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ရန် ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်သည်။ လတ်တလော ကျင်းပပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသားပြိုင်ပွဲအတွင်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ် (၁၃) အပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071