(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းအနေဖြင့် ဒီဇင်ဘာ (၁၅) ရက်မှစတင်၍ အုပ်စုပွဲစဉ်များကို ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၅) ရက်တွင် အင်ဒိုနီးရှား၊ ဒီဇင်ဘာ (၁၆) တွင် အိမ်ရှင် ထိုင်း၊ ဒီဇင်ဘာ (၁၇) တွင် မလေးရှား၊ ဒီဇင်ဘာ (၁၉) တွင် ဗီယက်နမ်အသင်းတို့ဖြင့် Nonthaburi ရှိ Nonth aburi Stadium တွင် ကစားသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက Imane Stadium ၌ Muban Chom Beung University အသင်းနှင့် လေ့ကျင့်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့သေးသည်။
ပွဲရလဒ်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားခြင်းမရှိပေ။
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (33rd SEA Games) ပြိုင်ပွဲ ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV Sport Channel တို့မှ တို-က်ရို-က်ထုတ်လွှင့်ပြသမည်ဖြစ်သည်။
