Tuesday, February 18, 2025

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅)...

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင်...

မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။ "မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ...

ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဈေးသစ်မကြာမီဖွင့်လှစ်ရန် အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေ

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများနှင့် ပတ်ဝန်းကျင်၌ နေထိုင်သူများအတွက် အဆင်ပြေစေရန် ဈေးသစ်ကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ ဈေးသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏...
HomeNewsLocal Newsမြန်မာရွှေ့ပြောင်းအလုပ်သမားများပါသည့်ကားတစ်စီး ထိုင်းတွင်တိမ်းမှောက်ကာ ၃ဦးသေဆုံး

မြန်မာရွှေ့ပြောင်းအလုပ်သမားများပါသည့်ကားတစ်စီး ထိုင်းတွင်တိမ်းမှောက်ကာ ၃ဦးသေဆုံး

(Unicode)

မြန်မာရွှေ့ပြောင်းအလုပ်သမားများပါသည့်ကားတစ်စီး ထိုင်းတွင်တိမ်းမှောက်ကာ ၃ဦးသေဆုံး

လွန်ခဲ့သည့် ၂ ပတ်အတွင်းက မြဝတီနယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ကုန်းကြောင်း၊ ရေကြောင်း၊ခြေကျင်တစ်ဆင့် ကားတစ်ဆင့် လှေတစ်ဆင့်ဖြင့် တရားမဝင် ရောက်ရှိလာသော မြန်မာရွှေ့ပြောင်းလုပ်သားများစီးနင်းလိုက်လာလာသည့် ကားတစ်စီး ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် မဟာရတ်မြို့နယ်အတွင်း ဒီဇင်ဘာလ ၈ရက် နံနက်ပိုင်းက တိမ်းမှောက်မှုဖြစ်ခဲ့သည်။

တိမ်းမှောက်မှုဖြစ်ခဲ့သည့် ယာဉ်ပေါ်တွင် စုစုပေါင်း ၁၈ ဦးလိုက်ပါလာခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံးသွားခဲ့ရသည်။ ဒဏ်ရာပြင်းထန်သူ ၃ဦးရှိခဲ့ပြီး ၂ ဦးမှာ အရိုးအဆစ်ထိကာ ၁ ဦးမှာ ဝမ်းတွင်းသွေးယိုစီးမှုဖြစ်ခဲ့သည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာ အလုပ်သမားသံအရာရှိရုံးက ပြောဆိုသည်။

ကျန် ၁၂ ဦး တွင် ၁ ဦးသာ လက်ကျိုးသည်မှ လွဲ၍ ကျန်သူများမှာ အခြေအနေကောင်းမွန်လျှက်ရှိကြောင်းလည်း သံအရာရှိရုံးကဆိုသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူ ၃ဦး နှင့် စပ်လျဉ်းပြီး သံအရာရှိရုံးက “ ပွဲစား အဆင့်ဆင့်ဖြင့် နယ်စုံမှ လာရောက်သူများဖြစ်ပြီး သေဆုံးသူ ၃ ဉီးအနက် တစ်ဉီးအား မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်မရသေးကြောင်း၊ ဒဏ်ရာပြင်းထန်သူ ၃ ဉီးကို ဆေးရုံ ၃ ရုံသို့ ပို့ဆောင်၍ အရေးပေါ်လူနာအဖြစ် ကုသစေလျှက်ရှိကြောင်း”ပြောသည်။

ဖြစ်စဉ်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိက မသင်္ကာ၍ ကားအား တားသည်မှ အရှိန်မြှင့်တင်မောင်းနှင်ထွက်ပြေးကာ တိမ်းမှောက်ခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းအား ဖမ်းဆီးရမိထားသည်။

လက်ရှိတွင် ရွှေ့ပြောင်းမြန်မာတို့ကို နေရပ်သို့ အမြန်ပြန်ပို့နိုင်ရေး၊ သေဆုံးသူများအတွက် နစ်နာကြေး အမြန်ရရှိရေးထိုင်းနိုင်ငံ ဗန်ကောက်ရှိ မြန်မာ အလုပ်သမားသံအရာရှိရုံးကစီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

(Zawgyi)

ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ားပါသည့္ကားတစ္စီး ထိုင္းတြင္တိမ္းေမွာက္ကာ ၃ဦးေသဆုံး

လြန္ခဲ့သည့္ ၂ ပတ္အတြင္းက ျမဝတီနယ္စပ္မွ တစ္ဆင့္ ထိုင္းနိုင္ငံသို႔ ကုန္းေၾကာင္း၊ ေရေၾကာင္း၊ေျခက်င္တစ္ဆင့္ ကားတစ္ဆင့္ ေလွတစ္ဆင့္ျဖင့္ တရားမဝင္ ေရာက္ရွိလာေသာ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားစီးနင္းလိုက္လာလာသည့္ ကားတစ္စီး ထိုင္းနိုင္ငံ အယုဒၶယခရိုင္ မဟာရတ္ၿမိဳ႕နယ္အတြင္း ဒီဇင္ဘာလ ၈ရက္ နံနက္ပိုင္းက တိမ္းေမွာက္မွုျဖစ္ခဲ့သည္။

တိမ္းေမွာက္မွုျဖစ္ခဲ့သည့္ ယာဥ္ေပၚတြင္ စုစုေပါင္း ၁၈ ဦးလိုက္ပါလာခဲ့ၿပီး ယာဥ္တိမ္းေမွာက္မွုေၾကာင့္ ၃ ဦး ေသဆုံးသြားခဲ့ရသည္။ ဒဏ္ရာျပင္းထန္သူ ၃ဦးရွိခဲ့ၿပီး ၂ ဦးမွာ အရိုးအဆစ္ထိကာ ၁ ဦးမွာ ဝမ္းတြင္းေသြးယိုစီးမွုျဖစ္ခဲ့သည္ဟု ထိုင္းနိုင္ငံ ဘန္ေကာက္ရွိ ျမန္မာ အလုပ္သမားသံအရာရွိ႐ုံးက ေျပာဆိုသည္။

က်န္ ၁၂ ဦး တြင္ ၁ ဦးသာ လက္က်ိဳးသည္မွ လြဲ၍ က်န္သူမ်ားမွာ အေျခအေနေကာင္းမြန္လၽွက္ရွိေၾကာင္းလည္း သံအရာရွိ႐ုံးကဆိုသည္။

ယာဥ္တိမ္းေမွာက္မွုေၾကာင့္ ေသဆုံးသြားသူ ၃ဦး ႏွင့္ စပ္လ်ဥ္းၿပီး သံအရာရွိ႐ုံးက “ ပြဲစား အဆင့္ဆင့္ျဖင့္ နယ္စုံမွ လာေရာက္သူမ်ားျဖစ္ၿပီး ေသဆုံးသူ ၃ ဉီးအနက္ တစ္ဉီးအား မည္သူမည္ဝါျဖစ္သည္ကို ေဖာ္ထုတ္မရေသးေၾကာင္း၊ ဒဏ္ရာျပင္းထန္သူ ၃ ဉီးကို ေဆး႐ုံ ၃ ႐ုံသို႔ ပို႔ေဆာင္၍ အေရးေပၚလူနာအျဖစ္ ကုသေစလၽွက္ရွိေၾကာင္း”ေျပာသည္။

ျဖစ္စဥ္မွာ လူဝင္မွုႀကီးၾကပ္ေရးအရာရွိက မသကၤာ၍ ကားအား တားသည္မွ အရွိန္ျမႇင့္တင္ေမာင္းႏွင္ထြက္ေျပးကာ တိမ္းေမွာက္ျခင္းျဖစ္ေၾကာင္း၊ ယာဥ္ေမာင္းအား ဖမ္းဆီးရမိထားသည္။

လက္ရွိတြင္ ေရႊ႕ေျပာင္းျမန္မာတို႔ကို ေနရပ္သို႔ အျမန္ျပန္ပို႔နိုင္ေရး၊ ေသဆုံးသူမ်ားအတြက္ နစ္နာေၾကး အျမန္ရရွိေရးထိုင္းနိုင္ငံ ဗန္ေကာက္ရွိ ျမန္မာ အလုပ္သမားသံအရာရွိ႐ုံးကစီစဥ္ေဆာင္ရြက္ေနေၾကာင္းသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071