Wednesday, December 11, 2024

နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက...

မိမိတို့အနေဖြင့် နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ...

အာဆီယံနှင့် တရုတ်ပြည်သူလူထုတို့ အပြန်အလှန် နားလည်မှုကို...

အာဆီယံ-တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှ တစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံ ပြည်သူ လူထုတို့အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်...

ရွှေတိဂုံစေတီတော်တွင် (၂၄)နာရီ ဓာတ်အားရရှိရေး တင်ဒါ...

ရွှေတိဂုံစေတီတော်ရှိ သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော ထရန်စမော်အား (၂၄)နာရီ ဓာတ်အားရရှိရေးအတွက် တင်ဒါခေါ်ယူနေကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးသည် ရွှေတိဂုံစေတီတော်သိင်္ဂုတ္တရ...

မြန်မာ-ကာလ်မီးကီယာပြည်နယ်ကြား ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ဆွေးနွေး

မြန်မာ-ကာလ်မီးကီယာပြည်နယ်ကြား ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရေးကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲတို့ ဆွေး နွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌမှ ကာလ်မီးကီယာပြည်နယ်အကြီးအကဲဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား...
HomeNewsLocal Newsမြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့သွားရောက်ပါက MoU...

မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့သွားရောက်ပါက MoU လုပ်ငန်းစဥ်အတိုင်း တရားဝင်သွားလာရန်လိုအပ်

မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့သွားရောက်ပါက MoU လုပ်ငန်းစဥ်အတိုင်း တရားဝင်သွားလာရန်လိုအပ်

အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဝင်းရှိန် က ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်စေလွှတ်မည့် အလုပ် သမားများကို ပြည်ပအလုပ်အကိုင်အကျိုး ဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီများက စာချုပ်ချုပ်ဆိုပေးနေမှုအား သွားရောက်ကြည့်ရှု့စဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများထံမှ ကောက်ခံရမည့် ဝန် ဆောင်စရိတ်နှုန်းထားအား သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံခြင်းမပြုရန် ပြည်ပအလုပ်အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီများ၏ တာဝန်ရှိသူများအား ဒု-ဝန်ကြီးကမှာကြားခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံဘက်နှင့်မြန်မာနိုင်ငံဘက်မှ သတ်မှတ်ထားသည့် ဝန်ဆောင်စရိတ်ထက်ပိုမိုပေးဆောင်ရခြင်းမရှိစေရန် လိုင်စင်ရအေဂျင်စီများက အလေးထားဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

အလားတူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခက်အခဲများရှိပါက ရွှေ့ပြောင်းအ လုပ်သမားဌာနခွဲနှင့်တိုင်ကြားမှုဌာနသို့ သတ်မှတ်ထားသည့် ဖုန်းနံပါတ်များဖြင့် ဆက်သွယ်တိုင်ကြားနိုင်သည်ဟု ပြောကြားသည်။

ထို့အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအ နေဖြင့် လိုင်စင်ရအေဂျင်စီများနှင့်ချိတ်ဆက်ခြင်းမရှိဘဲ တရားမဝင် ပို့ဆောင်သူ၊ပွဲစားများဖြင့် ချိတ်ဆက်၍ တရားမဝင်သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝမရခြင်းနှင့်အခြား လူ့အခွင့်အရေး ဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကာ အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် MoU လုပ်ငန်းစဉ်အတိုင်း တရားဝင်သွားလာရန်လိုအပ်သည်ဟု ဒု-ဝန်ကြီးဦးဝင်းရှိန်က တိုက်တွန်းပြောကြားခဲ့သည်။

“ပြည်ပကိုတရားဝင်သွားရောက်အလုပ်ကိုင်တဲ့အခါမှာ ဥပဒေနဲ့အညီ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေ အပြည့်အဝရနိုင်ပြီး လူကုန်ကူးခံရမှု မဖြစ်နိုင်တာ ဆိုက်ရောက်နိုင်ငံတွေမှာ လွတ်လွတ်လပ်လပ်သွားလာနိုင်တာ လုပ်ငန်းခွင်မှာ စိတ်ချလုံခြုံစွာလုပ်ကိုင်နိုင်တာစတဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာဖြစ်ပါတယ်”ဟု ဒု-ဝန်ကြီးဦးဝင်းရှိန်ကပြောသည်။

အလားတူ ပြည်ပတွင်နေထိုင်စဉ် ရွှေ့ပြောင်းအ လုပ်သမားများပြန်လည်ပေးပို့သည့် ဝင်ငွေသည် နိုင်ငံ့စီးပွားအတွက် များစွာအထောက်အကူဖြစ်စေ၍ မိသားစုလွှဲပို့ငွေများ တရားဝင်လွှဲပို့နိုင်ရန် အေဂျင်စီများအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား ဆိုက်ရောက်နိုင်ငံရှိ ဗဟိုဘဏ်မှခွင့်ပြုပေးထားသည့် ပုဂ္ဂိလိကမြန်မာနိုင်ငံသားဘဏ်များဖြင့် ချိတ်ဆက်ပေးပို့နိုင်ရန် ကူညီဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ဇန်နဝါရီလမှဇူလိုင်လကုန်အထိ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့်ပြည်ပရောက်မြန်မာ နိုင်ငံသားများ ပြန်လည်ပေးပို့သည့် မိသားစုလွှဲပို့ငွေသည် အမေရိကန်ဒေါ်လာ ၂၆၄ သန်းကျော်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက ဥက္ကဋ္ဌပြော

မိမိတို့အနေဖြင့် နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီကူးပြောင်းကာစ ဖွံ့ ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်၍ အင်အားကြီးနိုင်ငံအချို့မှ လူ့အခွင့်အရေးများ၊ ဒီမိုကရေစီစံနှုန်းများနှင့် နိုင်ငံကိုအပြစ်ရှာပြောဆိုကာ ၎င်းတို့လိုချင်သည့်ပုံစံပေါ်အောင် သွတ်သွင်းပုံဖော်ရန်ကြိုးပမ်းနေကြသည်ဟု ပြောသည်။ " မိမိတို့အနေနဲ့ နိုင်ငံနဲ့မကိုက်ညီတဲ့ ဒီမိုကရေစီစံ နှုန်းတွေအပေါ် ရာနှုန်းပြည့်အခြေမပြုဘဲ နိုင်ငံရဲ့ပကတိအခြေအနေ၊ လူမှုစီးပွားဖြစ်ထွန်းမှုတွေ၊ သမိုင်းကြောင်းတစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ သမိုင်းပေးတာဝန် သင်ခန်းစာတွေ၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့သာ အခြေခံစဉ်းစားပြီး...

အာဆီယံနှင့် တရုတ်ပြည်သူလူထုတို့ အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြ

အာဆီယံ-တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှ တစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံ ပြည်သူ လူထုတို့အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်တို့ တွေ့ ဆုံစဉ် သဘောတူညီခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ (၉) ရက်က...

ရွှေတိဂုံစေတီတော်တွင် (၂၄)နာရီ ဓာတ်အားရရှိရေး တင်ဒါ ခေါ်ယူနေ

ရွှေတိဂုံစေတီတော်ရှိ သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော ထရန်စမော်အား (၂၄)နာရီ ဓာတ်အားရရှိရေးအတွက် တင်ဒါခေါ်ယူနေကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးသည် ရွှေတိဂုံစေတီတော်သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော 6.6/0.4 kV,(315kV) ထရန်စဖော်မာအား (၂၄)နာရီ ဓာတ်အားရရှိရေး အတွက် 6.6kV မြေအောက်ဓာတ်ကြိုးပေ (၁၄၅၀)ခန့် ချမြှုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် လုပ်ငန်းအားဆောင်ရွက်ရန် စိတ်ပါဝင်စားသူလုပ်ငန်းရှင်များဈေးပြိုင်(တင်ဒါပုံစံနှင့် စည်းကမ်းချက် တစ်စုံလျှင် ၃၀,၀၀၀/- (နှုန်း)ဖြင့် ဒီဇင်ဘာလ (၁၀)ရက် (အင်္ဂါနေ့)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071