ဆီးဂိမ်းအကြိုပြင်ဆင်သည့်အနေဖြင့် မြန်မာယူ-၂၂ (က) နှင့် (ခ) အသင်းတို့ အကြိုခြေစမ်းယှဉ်ပြိုင်ကစားကြရာ
(က) အသင်းက တစ်ဂိုးအသာဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။
ယမန်နေ့ နိုဝင်ဘာ (၁၁) ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစာခဲ့ကြခြင်းဖြစ်ပြီး ၊ မြန်မာ ယူ-၂၂ (က) အသင်းက (ခ) အသင်းကို (၃) ဂိုး (၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာ ယူ-၂၂ (ခ) အသင်းကို အသစ်ထပ်မံဖွဲ့စည်းထားပြီး၊ အဆိုပါ အသင်းနှစ်သင်းအနက်မှ ကစားသမားများကို ခြေစမ်းစေကာ ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းအဖြစ် ရွေးချယ်ဖွဲ့စည်းသွားမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းဖြင့် နိုဝင်ဘာ (၁၈) ရက်၌ အထူးခြေစမ်းပွဲကစားသွားကြဦးမည်ဖြစ်သည်။
