Monday, December 8, 2025

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...

မြန်မာအားကစားအဖွဲ့(၁၂)ဖွဲ့ ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ

မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့(၁၂)ဖွဲ့သည် ထိုင်းနိုင်ငံတွင်ကျင်းပသည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ လက်ဝှေ့အားကစားအဖွဲ့၊ ဖူဆယ်(အမျိုးသား)အားကစားအဖွဲ့၊ ရေကူးအားကစားအဖွဲ့၊...

အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန်...

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခုကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါအေဂျင်စီများအနေဖြင့် ဒီဇင်ဘာ ၁၀...
HomeNewsLocal Newsမြန်မာဗိုဗီနမ်အသင်း ရွှေတံဆိပ်နှစ်ခု အပါအဝင်...

မြန်မာဗိုဗီနမ်အသင်း ရွှေတံဆိပ်နှစ်ခု အပါအဝင် ဆုတံဆိပ် (၁၄) ခု ဆွတ်ခူးခဲ့

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ပြုလုပ်ခဲ့သည့် ရှစ်ကြိမ်မြောက် (WVVF World Vovinam Championship 2025 ) ပြိုင်ပွဲ၌ မြန်မာဗိုဗီနမ်အသင်းက ရွှေတံဆိပ်နှစ်ခု အပါအဝင် ဆုတံဆိပ် (၁၄) ခု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲကို နိုဝင်ဘာ ၁ ရက်မှ ၈ ရက်ထိ ကျင်းပခဲ့ပြီး မြန်မာဗိုဗီနမ်အသင်း ရွှေတံဆိပ်နှစ်ခုအပါအဝင် ဆုတံဆိပ် (၁၄) ခု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

မြန်မာ ဗိုဗီနမ်အသင်းအနေဖြင့် အမျိုးသမီး (၄၈-၅၁) ကီလိုတန်း အတိုက်ပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီး ဓားမြှောင်နှစ်လက် အပြပြိုင်ပွဲနှင့် အမျိုးသမီး ဓားတစ်လက်အပြ ပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုရရှိခဲ့သည်။

ထို့အပြင် အမျိုးသားလက်သိုင်းအပြပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ ဓားမြှောင်အတိုက် အပြပြိုင်ပွဲ၊ အမျိုးသား တုတ်ရှည်အပြပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ ဓားရှည်နှစ်လက်အတိုက်ပြ ပြိုင်ပွဲ နှင့် ဓားရှည်တစ်လက် အတိုက် အပြပြိုင်ပွဲများ၌ ငွေတံဆိပ်ဆု တစ်ခုစီရရှိခဲ့သည်ဟုလည်း သိရသည်။

မြန်မာအသင်းအနေဖြင့် အားကစားနည်းအမျိုးအစား (Event) (၁၆) ခု ယှဉ်ပြိုင်ခဲ့ရပြီး အားကစားနည်း ၁၄ ခု၌ ရွှေ (၂) ခု၊ ငွေ (၅) ခု၊ ကြေးတံဆိပ် (၇) ခု စုစုပေါင်း ဆုတံဆိပ် (၁၄) ခုကို ဆွတ်ခူးရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ- လူမှုကွန်ယက်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန် ဖြန့်ဖြူးပေးနေ

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောသည်။ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ကျွန်တော်တို့နိုင်ငံမှာ ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ စားသုံးမှုနဲ့တွက်လို့ရှိရင် အများကြီးလိုအပ်ချက်ရှိနေတဲ့အတွက် နိုင်ငံတော်အကြီးအကဲကလည်း ဆီထွက်သီးနှံစိုက်ပျိုးမှုကို အာရုံစိုက်ဖို့...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနိုင်မင်းကျော်၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံရုံးတာဝန်ခံ Mr.Ahmad Ali R.A. AL-Marri နှင့်တာ၀န်ရှိသူများကကြိုဆိုနှုတ်ဆက်ပြီးနောက် ညစာစားပွဲကို မြန်မာ နိုင်ငံ တော်သီချင်း၊ ကာတာနိုင်ငံတော်သီချင်းတို့ဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာတာနိုင်ငံ သံရုံးတာဝန်ခံတို့မှ အထိမ်းအမှတ်ကိတ်ကိုလှီးဖြတ်ပြီးနောက်...

မြန်မာအားကစားအဖွဲ့(၁၂)ဖွဲ့ ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ

မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့(၁၂)ဖွဲ့သည် ထိုင်းနိုင်ငံတွင်ကျင်းပသည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ လက်ဝှေ့အားကစားအဖွဲ့၊ ဖူဆယ်(အမျိုးသား)အားကစားအဖွဲ့၊ ရေကူးအားကစားအဖွဲ့၊ ဘိလိယက်နှင့်စနူကာအားကစားအဖွဲ့၊ Kabaddi အားကစားအဖွဲ့၊ ဘတ်စကက်ဘောအားကစားအဖွဲ့၊ ဘော်လီဘောအားကစားအဖွဲ့၊ ပီတန်းအားကစားအဖွဲ့၊ ကျွမ်းဘားအားကစားအဖွဲ့၊ ဂေါက်သီးအားကစားအဖွဲ့တို့မှ အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများထွက်ခွာသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှင့်အတူ အားကစားအဖွဲ့များအားလိုက်လံအား ပေးရန် တာဝန်ရှိသူတစ်ဦးအပါအဝင် အုပ်ချုပ်မှုအဖွဲ့ဝင်(၉)ဦး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးသောင်းထိုက်မင်းတို့လည်းလိုက်ပါသွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071