ဟုမ္မလင်းရှိ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေ အမှတ်ထက်ကျော်လွန်ရောက် ရှိနေပြီးဖောင်းပြင်မြို့ရှိ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် အနီးရောက်နေသလို ထီးချိုင့်နဲ့ ရွှေကူက ဧရာဝတီမြစ်ရေ ဟာလည်း စိုးရိမ်ရေမှတ်အနီးကို အသီးသီးရောက်ရှိနေပါတယ်။
ရွှေကူမှာတော့ သြဂုတ်လ ဒုတိယအပါတ် ကစပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းနဲ့ မြေနိမ့်နံဘေးက ကျေးရွအချို့က ၈၀ကျော်ဟာ ကယ်ဆယ်ရေးစခန်းကို ရွှေ့ပြောင်းနေနေရပါတယ်။
ရွှေကူ ရဲ့ လက်ရှိအခြေအနေ ကတော့ စိုးရိမ်ရေမှတ်အောက် တဖြည်းဖြည်း ကျလာနေတာရှိပါတယ်။
ထီးချိုင့်မှာကတော့ မြေနိမ့်ပိုင်းက မြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျေးရွာတွေကို ရေစတင်ဝင်ရောက်နေပြီး ကယ်ဆယ်ရေးစခန်းတွေ ဆီတော့ ရောက်ရှိခိုလှုတဲ့ အခြေအနေတော့ မရောက်သေးပါဘူး။
ဖောင်းပြင်မှာလည်း အလားတူအခြေအနေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေတဲ့ ဟုမ္မလင်းမှာလည်း အသင့်အနေအထားရှိဖို့ တာဝန်ရှိသူ တွေက နှိုးဆော်နေပါတယ်။