Saturday, November 15, 2025

နိုင်ငံတိုင်းက အမျိုးသားရေးကို ဦးစားပေးဖော်ထုတ်လာဟု နိုင်ငံတော်ယာယီသမ္မတပြော

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် (...

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က...

YMBA ၏ (၇၅)ကြိမ်မြောက် စိန်ရတု...

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ...

မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရအဖွဲ့ကကူညီပေးနေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ...
HomeNewsLocal Newsမြန်မာပြည်သူများ၏ဆန္ဒနှင့် ၎င်းတို့၏ အကျိုးစီးပွားအတွက်...

မြန်မာပြည်သူများ၏ဆန္ဒနှင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုနှင့် ပြန်လည်ရင်ကြားစေ့ရေးတို့ကို ဆောင်ရွက်ကြရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာကိုတိုက်တွန်း

(Unicode)

မြန်မာပြည်သူများ၏ဆန္ဒနှင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုနှင့် ပြန်လည်ရင်ကြားစေ့ရေးတို့ကို ဆောင်ရွက်ကြရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာကိုတိုက်တွန်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဆက်လက်ဖြစ်ပေါ်နေ သည့် အကြမ်းဖက်မှုများအတွက် များစွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အကြမ်းဖက်မှုများအား ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားများ၏ ဘေးကင်းလုံခြုံရေး အတွက် ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ကြောင်း ကုလသမဂ္ဂ(မြန်မာ)ရုံးက ယနေ့ နိုဝင်ဘာ၁၂ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထုတ်ပြန်ချက်တစ်ရပ်ဖြင့် ထုတ်ပြန်ကြေညာသည်။

ထုတ်ပြန်ချက်ထဲ ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဘေးကင်းလုံခြုံစွာဖြင့် အဆီးအတားတစ်စုံတစ်ရာ မရှိဘဲ သာတူညီမျှ ထိုးနှံပေးနိုင်ရေးနှင့် ဖြန့်ဝေပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရန်အပါအဝင် မြန်မာ နိုင်ငံရှိ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ တိုးတက်ကောင်း မွန်အောင် လုပ်ဆောင်ရန် အရေးကြီးကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အလေးထား ပြော ကြားခဲ့ကြောင်း၊ လိုအပ်နေသူများအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အား ဘေးကင်းလုံခြုံစွာဖြင့် အဆီးအတားတစ်စုံတစ်ရာမရှိ အပြည့်အဝ ပေးအပ်ခွင့်ပြုရန်နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်း လုပ်ဆောင်သူများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် အပြည့်အဝကာကွယ်စောင့်ရှောက်မှု ပေးရန် တိုက်တွန်းကြောင်း၊ ကာကွယ်ဆေးများကို ပြည်သူအားလုံး လက်လှမ်းမီရရှိနိုင်အောင် ဆောင် ရွက်ပေးသင့်ကြောင်း အလေးအနက် ပြောကြားထားပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရရှိနိုင် ရန်နှင့် အမြန်ဆုံးထိုးနှံပေးနိုင်ရန် နိုင်ငံတကာမှ ယခုထက်ပို၍ ပံ့ပိုးကူညီပေးရန်ကိုလည်း တိုက်တွန်းထားသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်များက မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများအတွက် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးတွင် ပါဝင်ကူညီပေးနိုင်သည့် အာဆီယံ၏ အပြု သဘောဆောင်သော အခန်းကဏ္ဍကိုလည်း အပြည့်အဝထောက်ခံအားပေးကြောင်း ထပ်လောင်း ပြောကြားခဲ့ကြောင်း၊ လုံခြုံကောင်စီအဖွဲ့ဝင်များက အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီ ချက်ကို အမြန်ဆုံးနှင့် အပြည့်အဝ အကောင်အထည်ဖော်ရန် ထပ်မံတိုက်တွန်းကြောင်း၊ ၎င်းတို့က အာဆီယံအထူးကိုယ်စားလှယ်အား ထောက်ခံအားပေးကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ် အနေဖြင့် သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ် စတင်နိုင်ရေးနှင့် အာဆီယံမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေး အတွက် ကြားဝင်စေ့စပ်ဖျန်ဖြေပေးနိုင်ရန် မြန်မာနိုင်ငံသို့ အမြန်ဆုံး သွားရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အလေးအနက် ပြောကြားထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ်နှင့် အာဆီယံကြား တစ်ဦးကိုတစ်ဦး အပြန်အလှန် အားဖြည့်ကူညီ၍ ကြိုးပမ်း အားထုတ်ကြရန်ကိုလည်း တိုက်တွန်းအားပေးကြောင်းလည်းပြောသည်။

ဆက်၍ မကြာမီက ဖြစ်ပေါ်ပြောင်းလဲမှုများသည် ရိုဟင်ဂျာဒုက္ခသည်များ(၎င်းတို့၏ အခေါ်အဝေါ်အား မူရင်းအတိုင်းဖော်ပြခြင်းဖြစ်ပါသည်) ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ ပြောင်းနေထိုင်ရသူများ၏ ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ၎င်းတို့၏ သဘောဆန္ဒအလျှောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက် အထူးကြီးမားသော စိန်ခေါ်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်းပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များ က ပြောဆိုကြကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ထို့အပြင်“ လုံခြုံရေးကောင်စီအဖွဲ့ဝင်များက မြန်မာပြည်သူများနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းမှု၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု၊ နိုင်ငံရေး သီးခြားလွတ်လပ်မှု၊ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် ပေါင်းစည်းညီညွတ်ရေးတို့အတွက် ရပ်တည်ပံ့ပိုးပေးပါမည်ဟူသည့် ခိုင်မာ သည့် သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုပြောကြားပါသည်။လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဖေဖေါ်ဝါရီလ (၄) ရက်နေ့ သတင်းထုတ်ပြန်ချက် အမှတ် SC/14430 နှင့် မတ်လ (၁၀) ရက်နေ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အမှတ် S/PRST/ 2021/5 တို့အား ပြန်လည်ရည်ညွှန်းကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထပ်လောင်းဖော်ပြပြီး စစ်တပ်ကိုလည်း အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် ထပ်လောင်းတိုက်တွန်းထားပါသည်။ မြန်မာပြည်သူများ၏ဆန္ဒနှင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုနှင့် ပြန်လည်ရင်ကြားစေ့ရေးတို့ကို ဆောင်ရွက်ကြရန် တိုက်တွန်း ပါသည်။လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်နေကြောင်း အလေးအနက်ပြောကြားထားပါသည်”ဟု ဖော်ပြခဲ့သည်။

(Zawgyi)

ျမန္မာျပည္သူမ်ား၏ဆႏၵႏွင့္ ၎တို႔၏ အက်ိဳးစီးပြားအတြက္ အျပန္အလွန္ေဆြးေႏြးညႇိႏႈိင္းမႈႏွင့္ ျပန္လည္ရင္ၾကားေစ့ေရးတို႔ကို ေဆာင္႐ြက္ၾကရန္ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ျမန္မာကိုတိုက္တြန္း

ကုလသမဂၢလုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ားသည္ ျမန္မာႏိုင္ငံတစ္ဝွမ္းတြင္ ဆက္လက္ျဖစ္ေပၚေန သည့္ အၾကမ္းဖက္မႈမ်ားအတြက္ မ်ားစြာ စိုးရိမ္ပူပန္လ်က္ရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အၾကမ္းဖက္မႈမ်ားအား ခ်က္ခ်င္းရပ္တန႔္ရန္ႏွင့္ အရပ္သားမ်ား၏ ေဘးကင္းလုံၿခဳံေရး အတြက္ ေဆာင္႐ြက္ေပးရန္ တိုက္တြန္းခဲ့ေၾကာင္း ကုလသမဂၢ(ျမန္မာ)႐ုံးက ယေန႔ ႏိုဝင္ဘာ၁၂ရက္တြင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ျမန္မာႏိုင္ငံဆိုင္ရာ သတင္းထုတ္ျပန္ခ်က္တစ္ရပ္ျဖင့္ ထုတ္ျပန္ေၾကညာသည္။

ထုတ္ျပန္ခ်က္ထဲ ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ားအား ေဘးကင္းလုံၿခဳံစြာျဖင့္ အဆီးအတားတစ္စုံတစ္ရာ မရွိဘဲ သာတူညီမွ် ထိုးႏွံေပးႏိုင္ေရးႏွင့္ ျဖန႔္ေဝေပးႏိုင္ေရးအတြက္ ေဆာင္႐ြက္ေပးရန္အပါအဝင္ ျမန္မာ ႏိုင္ငံရွိ က်န္းမာေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အေျခအေနမ်ား တိုးတက္ေကာင္း မြန္ေအာင္ လုပ္ေဆာင္ရန္ အေရးႀကီးေၾကာင္း လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ားက အေလးထား ေျပာ ၾကားခဲ့ေၾကာင္း၊ လိုအပ္ေနသူမ်ားအားလုံးအတြက္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ား အား ေဘးကင္းလုံၿခဳံစြာျဖင့္ အဆီးအတားတစ္စုံတစ္ရာမရွိ အျပည့္အဝ ေပးအပ္ခြင့္ျပဳရန္ႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈလုပ္ငန္း လုပ္ေဆာင္သူမ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား၏ ေဘးအႏၲရာယ္ကင္းရွင္းေရးႏွင့္ လုံၿခဳံေရးအတြက္ အျပည့္အဝကာကြယ္ေစာင့္ေရွာက္မႈ ေပးရန္ တိုက္တြန္းေၾကာင္း၊ ကာကြယ္ေဆးမ်ားကို ျပည္သူအားလုံး လက္လွမ္းမီရရွိႏိုင္ေအာင္ ေဆာင္ ႐ြက္ေပးသင့္ေၾကာင္း အေလးအနက္ ေျပာၾကားထားၿပီး ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ား ရရွိႏိုင္ ရန္ႏွင့္ အျမန္ဆုံးထိုးႏွံေပးႏိုင္ရန္ ႏိုင္ငံတကာမွ ယခုထက္ပို၍ ပံ့ပိုးကူညီေပးရန္ကိုလည္း တိုက္တြန္းထားသည္။

လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ားက ျမန္မာျပည္သူမ်ား၏ အက်ိဳးစီးပြားႏွင့္ အသက္ေမြးဝမ္းေက်ာင္းမႈ လုပ္ငန္းမ်ားအတြက္ ၿငိမ္းခ်မ္းစြာ အေျဖရွာႏိုင္ေရးတြင္ ပါဝင္ကူညီေပးႏိုင္သည့္ အာဆီယံ၏ အျပဳ သေဘာေဆာင္ေသာ အခန္းက႑ကိုလည္း အျပည့္အဝေထာက္ခံအားေပးေၾကာင္း ထပ္ေလာင္း ေျပာၾကားခဲ့ေၾကာင္း၊ လုံၿခဳံေကာင္စီအဖြဲ႕ဝင္မ်ားက အာဆီယံ၏ အခ်က္ငါးခ်က္ပါ ဘုံသေဘာတူညီ ခ်က္ကို အျမန္ဆုံးႏွင့္ အျပည့္အဝ အေကာင္အထည္ေဖာ္ရန္ ထပ္မံတိုက္တြန္းေၾကာင္း၊ ၎တို႔က အာဆီယံအထူးကိုယ္စားလွယ္အား ေထာက္ခံအားေပးေၾကာင္းႏွင့္ အာဆီယံအထူးကိုယ္စားလွယ္ အေနျဖင့္ သက္ဆိုင္သူမ်ားအားလုံးႏွင့္ ေတြ႕ဆုံ၍ အျပန္အလွန္ေဆြးေႏြးညႇိႏႈိင္းမႈ လုပ္ငန္းစဥ္ စတင္ႏိုင္ေရးႏွင့္ အာဆီယံမွ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီမ်ား ေပးအပ္ႏိုင္ေရး အတြက္ ၾကားဝင္ေစ့စပ္ဖ်န္ေျဖေပးႏိုင္ရန္ ျမန္မာႏိုင္ငံသို႔ အျမန္ဆုံး သြားေရာက္ႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္ေၾကာင္း အေလးအနက္ ေျပာၾကားထားသည္။

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအထူး ကိုယ္စားလွယ္ႏွင့္ အာဆီယံၾကား တစ္ဦးကိုတစ္ဦး အျပန္အလွန္ အားျဖည့္ကူညီ၍ ႀကိဳးပမ္း အားထုတ္ၾကရန္ကိုလည္း တိုက္တြန္းအားေပးေၾကာင္းလည္းေျပာသည္။

ဆက္၍ မၾကာမီက ျဖစ္ေပၚေျပာင္းလဲမႈမ်ားသည္ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား(၎တို႔၏ အေခၚအေဝၚအား မူရင္းအတိုင္းေဖာ္ျပျခင္းျဖစ္ပါသည္) ျပည္တြင္းေနရပ္စြန႔္ခြာေ႐ႊ႕ ေျပာင္းေနထိုင္ရသူမ်ား၏ ေရရွည္တည္တံ့ေသာ နည္းလမ္းျဖင့္ ၎တို႔၏ သေဘာဆႏၵအေလွ်ာက္ ေဘးကင္းလုံၿခဳံစြာ ဂုဏ္သိကၡာရွိရွိ ေနရပ္ျပန္ႏိုင္ေရးအတြက္ အထူးႀကီးမားေသာ စိန္ေခၚမႈမ်ား ျဖစ္ေပၚမည္ကို စိုးရိမ္ေၾကာင္းပါ ကုလသမဂၢလုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ား က ေျပာဆိုၾကေၾကာင္း ထုတ္ျပန္ခ်က္က ေဖာ္ျပသည္။

ထို႔အျပင္“ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ားက ျမန္မာျပည္သူမ်ားႏွင့္ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီအသြင္ကူး ေျပာင္းမႈ၊ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာပိုင္မႈ၊ ႏိုင္ငံေရး သီးျခားလြတ္လပ္မႈ၊ ပိုင္နက္နယ္ေျမ တည္တံ့ခိုင္ၿမဲမႈႏွင့္ ေပါင္းစည္းညီၫြတ္ေရးတို႔အတြက္ ရပ္တည္ပံ့ပိုးေပးပါမည္ဟူသည့္ ခိုင္မာ သည့္ သႏၷိ႒ာန္အား ထပ္ေလာင္းအတည္ျပဳေျပာၾကားပါသည္။လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ားက ေဖေဖၚဝါရီလ (၄) ရက္ေန႔ သတင္းထုတ္ျပန္ခ်က္ အမွတ္ SC/14430 ႏွင့္ မတ္လ (၁၀) ရက္ေန႔ လုံၿခဳံေရးေကာင္စီဥကၠ႒၏ ထုတ္ျပန္ခ်က္အမွတ္ S/PRST/ 2021/5 တို႔အား ျပန္လည္ရည္ၫႊန္းကာ ေဖေဖၚဝါရီလ (၁) ရက္ေန႔တြင္ အေရးေပၚအေျခအေန ေၾကညာခဲ့ၿပီးေနာက္ပိုင္း ျဖစ္ေပၚေျပာင္းလဲမႈမ်ားႏွင့္စပ္လ်ဥ္း၍ အလြန္အမင္း စိုးရိမ္ပူပန္ေၾကာင္း ထပ္ေလာင္းေဖာ္ျပၿပီး စစ္တပ္ကိုလည္း အတတ္ႏိုင္ဆုံး ထိန္းထိန္းသိမ္းသိမ္းေဆာင္႐ြက္ရန္ ထပ္ေလာင္းတိုက္တြန္းထားပါသည္။ ျမန္မာျပည္သူမ်ား၏ဆႏၵႏွင့္ ၎တို႔၏ အက်ိဳးစီးပြားအတြက္ အျပန္အလွန္ေဆြးေႏြးညႇိႏႈိင္းမႈႏွင့္ ျပန္လည္ရင္ၾကားေစ့ေရးတို႔ကို ေဆာင္႐ြက္ၾကရန္ တိုက္တြန္း ပါသည္။လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ားသည္ အေျခအေနကို အနီးကပ္ ဆက္လက္ေစာင့္ၾကည့္ေနေၾကာင္း အေလးအနက္ေျပာၾကားထားပါသည္”ဟု ေဖာ္ျပခဲ့သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071