ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ကူဝိတ်ကြက် ခြေနီအသင်း၊ ဒုတိယ ဥက္ကဋ္ဌတို တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကြက်ခြေနီအသင်းတို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးမှ မေလ (၁) ရက်က ကူဝိတ်ကြက်ခြေနီအသင်း (Kuwait Red Crescent Society – KRCS) ဒုတိယဥက္ကဋ္ဌ Mr. Anwar Abdullah Al-Hasawi အား ၎င်း၏ ရုံးခန်း KRCS ဌာနချုပ်တွင် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံရာတွင် KRCS နှင့် မြန်မာကြက်ခြေနီအသင်းတို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် ဖြစ်ပေါ်တိုးတက်မှုကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
KRCS သည် ကမ္ဘာတစ်ဝန်းရှိ လူသားချင်းစာနာမှု အကူ အညီ လိုအပ်နေသူများကို လူမျိုးဘာသာ ခွဲခြားမှု မရှိဘဲ အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။
