Saturday, November 15, 2025

နိုင်ငံတိုင်းက အမျိုးသားရေးကို ဦးစားပေးဖော်ထုတ်လာဟု နိုင်ငံတော်ယာယီသမ္မတပြော

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် (...

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က...

YMBA ၏ (၇၅)ကြိမ်မြောက် စိန်ရတု...

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ...

မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရအဖွဲ့ကကူညီပေးနေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ...
HomeNewsLocal Newsမြန်မာနှင့်နယ်စပ်တွင် ထိုင်းစစ်တပ်က စောင့်ကြည့်...

မြန်မာနှင့်နယ်စပ်တွင် ထိုင်းစစ်တပ်က စောင့်ကြည့် ထိန်းချုပ်နေ

KK Park မှ နိုင်ငံခြားသား ၁,၅၀၀ ကျော် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့သည့်အတွက် မဲဆောက်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ဧရိယာကို ထိုင်းဘုရင့်တပ်မတော်၏ နရဲစွမ်တပ်ဖွဲ့က စောင့်ကြည့်ထိန်းချုပ်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက စနေနေ့က ပြောကြားလိုက်သည်။

ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အထူးစီးပွားရေးဇုန်ကို တပ်မတော်က စီးနင်းထိန်းချုပ်ခဲ့မှုကြောင့် ရင်းနှီးမြှုပ်နှံသူများ၊ လောင်းကစားနှင့်ဆက်စပ်သော အလုပ်သမားများနှင့် ထိုဒေသတွင် အခြေစိုက်သော နိုင်ငံခြားသားများသည် အလန့်တကြားဖြစ်ကာထိုင်းဘက်သို့ ထွက်ပြေးကြသဖြင့် ထိုင်းဘက်က ယခုကဲ့သို့ စောင့်ကြည့်နေခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၂ ရက် နေ့မှစကာ လူအများအပြားသည် နယ်စပ်ကိုဖြ-တ်၍ ထိုင်းဘက်ကို ဝင်ရောက်ခဲ့ကြသည်။

နရဲစွမ်တပ်ဖွဲ့၏ Ratchamanu အထူးတပ်ဖွဲ့သည် နယ်စပ်တလျှောက်တွင် ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ထိုင်း-မြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီ(တီဘီစီ) မှတဆင့် မြန်မာဘက်ကို ကန့်ကွက်လွှာပို့ခဲ့ရာတွင် KK Park အတွင်းရှိ အဆောက်အအုံများကို ဖြိုချရာတွင် သတိထားဆောင်ရွက်ပေးရန်၊ နယ်စပ်နှစ်ဖက်ရှိ ဒေသခံများ ထိခိုက်နစ်နာမှုမဖြစ်စေအောင် ကာကွယ်ပေးရန် မြန်မာအာဏာပိုင်များကို တိုက်တွန်းထားသည်ဟု သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

တာ့ခ်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်ကွပ်ကဲရေးစင်တာ၏ အဆိုအရ KK Park မှ ထိုင်းနိုင်ငံဘက်ထွက်ပြေးဝင်ရောက်ခဲ့သူများမှာ အမျိုးသား ၁,၃၃၀ ဦးနှင့် အမျိုးသမီး ၂၆၅ ဦး စုစုပေါင်း ၁,၅၉၅ ဦးရှိခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လူအများဆုံး အုပ်စုတွင် အိန္ဒိယလူမျိုး(၄၆၅) ဦးပါဝင်ခဲ့ပြီး ယင်းနောက်တွင် ဖိလစ်ပိုင်(၂၂၀) ဦး၊ တရုတ်(၁၈၅) ဦး၊ ဗီယက်နမ်(၁၅၁) ဦး နှင့် အီသီယိုပီးယား(၁၃၀) ဦးတို့ဖြစ်သည်။

ကျန်သူများမှာ ကင်န်ယာ၊ ပါကစ္စတန်၊ နီပေါ၊ ယူကရိန်း၊ အင်ဒိုနီးရှား၊ လာအို၊ တောင်အာဖရိက၊ ဂါနာ၊ နိုင်ဂျီးရီးယား၊ သီရိလင်္ကာ၊ ရဝမ်ဒါ၊ မြန်မာနှင့် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ လာရောက်ကြသူများဖြစ်ကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတိုင်းက အမျိုးသားရေးကို ဦးစားပေးဖော်ထုတ်လာဟု နိုင်ငံတော်ယာယီသမ္မတပြော

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းတည်ဆောက်နေကြ၍ နိုင်ငံတော်၏ ဘက်စုံအကျိုးစီးပွားများအောင်မြင်ဖြစ်ထွန်းစေရေးအတွက် “စစ်မှန်သော အမျိုးသားရေး စိတ်ဓာတ်”ကို နိုင်ငံသားတိုင်း၌ မရှိမဖြစ်ရှိနေကြရန်လိုအပ်သည်ဟု ပြောသည်။ မြန်မာစာပေ၊...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် ( MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ (၁၄) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ MEVM ကို ပြည်တွင်းနည်းပညာရှင်များ က ပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး စက်၏ အရည်သွေးနှင့် စံချိန်စံညွှန်းကို စစ်ဆေးပေးရန် အမျိုးသားစံချိန်စံညွှန်းကောင်စီကတင်ပြခဲ့ခြင်း ဖြစ်သည်။ ကောင်စီက မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များပါဝင်သည့် အဖွဲ့ဝင် (၂၀) ဦးဖြင့် ဖွဲ့စည်းပြီး MEVM...

YMBA ၏ (၇၅)ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကျင်းပ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ကျင်းပခဲ့ကြောင်း သိရသည်။ ဆုချီးမြှင့်ပွဲသို့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တက်ရောက်ပြီးနောက် YMBA ၏ (၇၅) ကြိမ် မြောက်စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် မြန်မာဘာသာ (အကြီးတန်း)၊ ပအိုဝ်းဘာသာ (အကြီးတန်း)နှင့် မွန်ဘာသာ (အငယ်တန်း) တို့တွင် ပထမဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071