လုပ်ပွဲကစားခြင်းတို့ ဖြစ်ပေါ်လာပါက ချက်ခြင်းအရေးယူဆောင်ရွက်သွားမည်
၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများအတွက် ဧရာဝတီဘဏ်မှ ကျပ်သိန်းနှစ်သောင်း ထပ်မံ မတည်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံမှ သိရသည်။
ယမန်နေ့ မေ(၁၄)ရက်က ၂၀၂၄ ခုနှစ် ဘောလုံးရာသီအတွ က် မြန်မာနေရှင်နယ်လိဂ် လိဂ်ကော်မတီ၏ အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးအတွင်း ဧရာဝတီဘဏ်မှ Main Partner အဖြစ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ အစည်းအဝေးအတွင်း ရက္ခပူရယူနိုက်တက်အသင်း၏ မြန်မာနေရှင်နယ်လိဂ် -၂ ပြိုင်ပွဲမှ နုတ်ထွက်သွားရန် တရားဝင်တင်ပြထားမှုအပေါ် အဆိုပါအသင်း၏ နေရာတွင် ပြီးခဲ့သည့် အပျော်တမ်းလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဖြစ်ခဲ့သည့် ရိန်းဂျားအသင်းအား အစားထိုး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန်ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးအတွင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီနာယက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အ ဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ဘောလုံးအတွက် နှစ်ပေါင်းများစွာ ငွေကုန်ကြေးကျခံပြီး ကလပ်အသင်းများကို တည်ထောင်ပေးနေသော ကလပ်အသင်းပိုင်ရှင်ကြီးများကို အားလုံးကိုယ်စားအထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အခက်အခဲများကြားမှ ကလပ်အသင်းများ ပုံမှန်လည်ပတ်နိုင်အောင်နှင့် ပြိုင်ပွဲများစဉ်ဆက်မပြတ် ကျင်းပနိုင်အောင် တာဝန်ယူဆောင်ရွက်ပေးနေသူများ၊ ပံ့ပိုးပေးနေသည့် စပွန်ဆာများနှင့် တာဝန်ရှိသူများအားလုံးကိုလည်း အ သိအမှတ်ပြုကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအား ယခင်ပုံစံအတိုင်း အဆင့်မြင့်မြင့် ပြန်လည်လည်ပတ်နိုင်ရန် MFF၊ MNL နှင့် ကလပ်အသင်းများအားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ယနေ့အချိန်အခါသည် Media & Marketing ပိုင်းကို အသုံးပြု၍ ကလပ်အသင်း၏ ပုံရိပ်၊ လိဂ်ပြိုင်ပွဲ၏ ပုံရိပ်ကို ပြန်လည်မြှင့်တင်သွားရမည့် အချိန်အခါဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ကလပ်အသင်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် စနစ်ကျသော စီမံခန့်ခွဲမှုဖြစ်ရန်လည်းလိုအပ်ပြီး ကစားသမား စာချုပ်ချုပ်ဆိုရာတွင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် စာချုပ်စာတမ်းခိုင်မာမှုရှိရန် အရေးကြီးကြောင်း သတိပေးပြောကြား ခဲ့သည်။
ပြည်ပကစားသမား ခေါ်ယူရာတွင် အသင်းနစ်နာမှု မရှိစေရ န်အတွက် ခေါ်ယူမည့် ကစားသမားကို Test လုပ်ပြီးမှသာ ခေါ်ယူစာချုပ်ချုပ်ရန်၊ ကစားသမားအပြောင်းအရွှေ့၊ လစာကိစ္စများမှာ အထိအခိုက်မခံသည့် ကိစ္စရပ်များဖြစ်ပြီး နော က်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာပါက အသင်းအတွ က် အချိန်၊ ငွေကြေးနှင့် အသင်းရလဒ်ပိုင်းကို ထိခိုက်လာမည်ဖြစ်ကြောင်း၊ ကလပ်အသင်းနှင့် ကစားသမားတို့အ ကြား အငြင်းပွားမှုတစ်စုံတရာ ဖြစ်ပေါ်လာပါက FIFA၊ AFC တို့၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ဘောလုံးလောကတစ်ခုလုံးအား ထိခိုက်ပျက်စီးသွားနိုင်သည့် လုပ်ပွဲကစားမှု (Match Fixing) ပြုလုပ်ကစားခြင်းတို့ကို ကြိုတင်အသိပေးကာကွယ်မှုများ ပြုလုပ်သွားရန်နှင့် ဖြစ်ပေါ်လာပါက ချက်ခြင်းအရေးယူဆောင်ရွက်သွားရန် အဓိကအချက်တစ်ခုအနေဖြင့် တိုက်တွန်းလိုကြောင်းလည်း မြန်မာနေရှင်နယ်လိဂ်ကော်မတီနာယ က မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ယမန် နေ့ အစည်းအဝေးတွင် ပြောကြားသွားသည်။


