Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsမြန်မာနိုင်ငံ လူဦးရေသည် ၂၀၃၀...

မြန်မာနိုင်ငံ လူဦးရေသည် ၂၀၃၀ ခုနှစ်တွင် ၅၉ ဒသမ ၃ သန်းကျော်ခန့်ရှိလာမည်ဟု ခန့်မှန်းထား

အနာဂတ်တွင် သက်ကြီးရွယ်အို လူဦးရေများပြားလာမည်ဖြစ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် အားကောင်းလာရန်လို

လက်ရှိ မြန်မာနိုင်ငံ လူဦးရေမှာ ၅၅ ဒသမ ၇ သန်းကျော်ရှိပြီး လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ၅၉ ဒသမ ၃ သန်းကျော်ခန့်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ဇူလိုင် (၁၁) ရက်တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားမှ ရရှိသည့်အချက်အလက်အရ သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များကို အခြေခံ၍ လူဦးရေ ခန့်မှန်းတွက်ချက်မှုအရ ၂၀၂ ၂ခုနှစ်၊ အောက်တိုဘာ (၁) ရက်တွင် မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၅ ဒသမ ၇ သန်းကျော်ရှိလာခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၅၉ ဒသမ ၃ သန်းကျော်ခန့်ရှိလာမည်ဟု ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိကာလသည် လူဦးရေဆုလာဘ်ကို ရရှိခံစားနေရချိန်ဖြစ်ပြီး အနာဂတ်တွင် သက်ကြီးရွယ်အို လူဦးရေများပြားလာမည်ဖြစ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် အားကောင်းလာစေရန်နှင့် သက်ကြီးရွယ်အိုများ သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကိုလည်း နိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်းလည်း သိရသည်။

ကုလသမဂ္ဂ ကိန်းဂဏန်းအချက်အလက်များအရ ကမ္ဘာလုံးဆိုင်ရာ လူဦးရေတိုးပွားမှုမှာ ဆက်လက်မြင့်တက်လျက်ရှိကာ လက်ရှိတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေစာရင်း၌ ထိပ်ဆုံးတွင် ရှိနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ယခုနှစ်အစောပိုင်းကာလတွင် ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံကို ကျော်တက်သွားခဲ့ပြီး လက်ရှိ အိန္ဒိယနိုင်ငံ၏ လူဦးရေမှာ ၁ ဒသမ ၄ ဘီလျံရှိမည်ဟု ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။

အခြားသော လူဦးရေအများဆုံးနိုင်ငံများတွင် လူဦးရေ (၁) ဘီလျံကျော်ရှိသော တရုတ်နိုင်ငံ၊ သန်း ၃၄၀ ရှိသော အမေရိကန်၊ ၂၇၇ ဒသမ ၅ သန်းရှိသော အင်ဒိုနီးရှားနှင့် ၂၄၀ ဒသမ ၅ သန်းရှိသော ပါကစ္စတန်နိုင်ငံတို့ ပါဝင်ပြီး ယခုအခါ ကမ္ဘာပေါ်ရှိ လူဦးရေစုစုပေါင်းမှာ ရှစ်ဘီလျံကျော်လွန်လာမည်ဖြစ်ကြောင်း ခန့်မှန်းကြသည်။

ထို့အပြင် လာမည့် ၂၀၈၀ ပြည့်နှစ်များတွင် ကမ္ဘာ့လူဦးရေမှာ ၁၀ ဒသမ ၄ ဘီလျံနီးပါးအထိ အမြင့်ဆုံးသို့ ရောက်ရှိလာနိုင်ခြေရှိကြောင်းလည်း ကုလသမဂ္ဂ ကမ္ဘာ့လူဦးရေအဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071