နိုဗိုစီဗစ်ဒေသ နှင့် မြန်မာနိုင်ငံအကြားထုတ်ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့မည် ကိစ္စရပ်များ ဆွေးနွေး
မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံ သို့ ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E Mr.Andrey Aleksandrovich Travnikov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ နိုဝင်ဘာ(၄)ရက်နေ့၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်အခြေအနေများကို ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံ နှင့် နိုဗိုစီဗစ်ဒေသတို့အကြား စီးပွားရေး၊ပညာရေး၊ကျန်းမားရေး၊ယဉ်ကျေးမှုဖလှယ်ရေး၊ခရီးသွားလုပ်ငန်းမြှင့်တင်ရေးစသည် ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်သွားမည်အခြေအနေများ နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ထိုအပြင် ထုတ်ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့၍ ကုန်သွယ်မှုမြှင့်တင်ဆောင်ရွက်နိုင်မည် အခြေအနေများ နှစ်နိုင်ငံတို့အကြား ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်သွားမည် အခြေအနေများ ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မကြာမီကျင်းပမည် ရွေးကောက်ပွဲဖြစ်စေရေးဆောင်သွားမည်အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ဆက်လက်လျှောက်လှမ်းသွားမည်အခြေအနေများ ကိုလည်း ဆွေးနွေးခဲ့ပြီး ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အားပေးထောက်ခံလျက်ရှိသည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှု၌ ယာယီသမ္မတနှင့်အတူ ကော်မရှင် အတွင်းရေးမှုူး တွဲဖက်အမှုဆောင်ချုပ်၊ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံဖက်မှလည်း နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး နှင့်အတူ ရုရှားသံအမတ်ကြီး နှင့် နိုဗိုစီဗစ်ဒေသ အစိုးရအဖွဲ့အကြီးအကဲများတက်ရောက်ခဲ့ကြောင်း သိရသည်။
