Thursday, February 13, 2025

Myanmar National League 2024-25...

Myanmar National League 2024-25 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် နီးကပ်လာသည်နှင့်အညီ ကလပ်အသင်းများအလိုက် လက်ကျန်ပွဲစဉ် (၃)ပွဲစီသာ ကစားရန် ကျန်ရှိတော့ကြောင်း...

လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး နည်းပညာ...

လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး နည်းပညာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်မှု ညှိနှိုင်းအစည်းအဝေး၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၏...

ဆေးရုံကြီးများတွင်သာမက မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများအထိ ဆရာဝန်များ...

ဆေးရုံတိုင်း ဆရာဝန်ရှိစေရေးအား အကောင်အထည်ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံကြီးများတွင်သာမက မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများအထိ ဆရာဝန်များ ချ ထားနိုင်ရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး...

ဘရော်နီကာနှင့် ဖရန်စစ်တာ ဗီယာတို့ ဆေးစစ်ဝိတ်ချိန်...

ONE Friday Fights 97 ပွဲစဥ်အတွင်း အမျိုးသမီးတွဲဆိုင်း တစ်ဆိုင်းအဖြစ်ပါဝင် ထိုးသ-တ်မည့် ကယန်း‌မွေထိုင်း လက်ဝှေ့မယ် ဘရော်နီကာနှင့် ချီလီဖိုက်တာ ဖရန်စစ်တာ...
HomeNewsLocal Newsမြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့်အညီ အာဆီယံ၏တူညီဆန္ဒ...

မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့်အညီ အာဆီယံ၏တူညီဆန္ဒ (၅) ရပ်အားအကောင်အထည်ဖော် ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိ

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေ သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တည်ခင်း ဧည့်ခံသည့် နှစ်သစ်ကူး အလုပ်သဘောညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကို အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ဇန်နဝါရီလ ၁၆ ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါ နှစ်သစ်ကူး အလုပ်သဘောညစာစားပွဲကို ကျောက်ယွီထိုင်နိုင်ငံတော်ဧည့်ဂေဟာတွင် ပေကျင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများနှင့် တီမောလက်စတေနိုင်ငံသံရုံးတို့မှ သံအမတ်ကြီးများအား နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက တည်ခင်းဧည့်ခံခဲ့ခြင်းဖြစ်သည်။

မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက အမှာစကားပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဆင့် သို့ ၂၀၁၃ ခုနှစ်တွင် မြှင့်တင်နိုင်ခဲ့သည်ကို ပြောကြားသည်။

အလားတူ နိုင်ငံတကာမျက်နှာစာ၊ ဒေသတွင်းနှင့် နှစ်နိုင်ငံ ကိစ္စရပ်များတွင်လည်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ ထောက်ခံကူညီဆောင်ရွက်ပေးခဲ့ခြင်းများ အတွက် ကျေးဇူးတင်ရှိကြောင်းကိုလည်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးထားရှိပြီး မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့်အညီ အာဆီယံ၏တူညီဆန္ဒ (၅) ရပ် အား အကောင်အထည်ဖော် ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ အလုပ်သဘော ညစာစားပွဲတွင် မစ္စတာဝမ်ယိက တရုတ်-အာဆီယံဆက်ဆံရေး၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံစုံ စိုးမိုးအုပ်ချုပ်သည့်ကမ္ဘာ(multipolar world) ဝါဒနှင့် တရုတ်ဝိသေသလက္ခဏာများဖြင့် ထုံမွှမ်းသော တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုပုံစံတို့ကို အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ ကလပ်အသင်းများအလိုက် လက်ကျန်ပွဲစဉ် (၃)ပွဲစီသာ ကစားရန် ကျန်ရှိ

Myanmar National League 2024-25 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် နီးကပ်လာသည်နှင့်အညီ ကလပ်အသင်းများအလိုက် လက်ကျန်ပွဲစဉ် (၃)ပွဲစီသာ ကစားရန် ကျန်ရှိတော့ကြောင်း မြန်နာနေရှင်နယ်လိဂ် ကော်မတီက အသိပေးထားသည်။ လက်ကျန်ပွဲ(၃)ပွဲစီ ကစားရာ၌ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် တောင်ကြီးကွင်းတွင် ရခိုင်ယူနိုက်၊ မဟာယူနိုက်တက်နှင့် ဟံသာဝတီ ယူနိုက်တက်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။ ထို့နည်းတူ ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့်လည်း ဧရာဝတီယူနိုက်တက် ၊ဒဂုံစတားယူနိုက်တက်နှင့် ISPE အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။ ဟံသာဝတီယူနိုက်တက် အသင်းသည်လည်း ISPE ၊ မြဝတီယူနိုက်တက်၊ ရှမ်းယူနိုက်တက်အသင်းတို့ဖြင့်ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး၊ ဒဂုံစတားယူနိုက်တက်အသင်းသည်...

လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး နည်းပညာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်

လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး နည်းပညာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်မှု ညှိနှိုင်းအစည်းအဝေး၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်မှု ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၂)ရက်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပလျက်ရှိသည့် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း ယာယီကွပ်ကဲရေးရုံး၌ ကျင်းပပြုလုပ်ရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြခန်းများတွင် လယ်ယာသုံး...

ဆေးရုံကြီးများတွင်သာမက မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများအထိ ဆရာဝန်များ ချထားနိုင်ရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိ

ဆေးရုံတိုင်း ဆရာဝန်ရှိစေရေးအား အကောင်အထည်ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံကြီးများတွင်သာမက မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများအထိ ဆရာဝန်များ ချ ထားနိုင်ရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်/တိုင်း‌ဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်လည်း ဆေးရုံ၊ ဆေးခန်းများတွင် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ကြသော်လည်း ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပြီး အခက်အခဲများကြားမှ ပြည်သူ့ဆေးရုံများ၏ လုပ်ငန်းများပြန်လည် လည်ပတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ နိုင်ငံတော်၏ မူဝါဒဖြစ်သော ဆေးရုံတိုင်း ဆရာဝန်ရှိစေရေးအား အကောင်အထည်ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံကြီးများတွင်သာမက မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေး ရုံများအထိပါ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071