မြန်မာနိုင်ငံ၌ သင့်တင့်သည့် နိုင်ငံခြားအရန်ငွေ ကြေးနှင့်အရန်ဘဏ္ဍာငွေကြေးများ အလုံအ လောက်ရှိပြီးဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ နေပြည်တော် ၌ ဇူလိုင် ၂၆ ရက်(ယနေ့)မွန်းလွဲ ၁ နာရီကပြုလုပ်သည့် ၁၈ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံမှာ သင့်တင့်တဲ့နိုင်ငံခြားအရန်ငွေကြေးနဲ့အရန်ဘဏ္ဍာငွေကြေးတွေ အလုံအ လောက်ရှိပြီးဖြစ်ပါတယ်နိုင်ငံတော်မှာလုံလောက်တဲ့ငွေကြေးရှိလို့လည်း နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်ပြီး ဇူလိုင် ၂၂ ရက်ကစီးပွားရေးကော်မတီအစည်းအဝေးကိုပြုလုပ်ခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)ဝန်ထမ်းများအား အိမ်ငှားစ ရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာရဲ့ ၈ ရာခိုင်နှုန်းနှင့်လူပျို/အပျို ဖြစ်ပါက မူရင်းလ စာ၏ ၄ ရာခိုင်နှုန်းစီ ထောက်ပံ့ပေးသွားမည်ဖြစ် သည်ဟု ပြောသည်။
ထို့ပြင် သြဂုတ်လမှစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ပင်ပန်းကြမ်းတမ်းမှုနှင့်သက်စွန့်တာဝန်စရိတ်အဖြစ် တစ်ဦးလျင် ငွေကျပ် ၁၀၀၀၀ စီအားလစဥ်ထောက်ပံပေးသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စတင်တာဝန်ယူချိန်ကစပြီး ယနေ့အချိန်အထိ အခုလိုထောက် ပံ့မှု ၂၇ ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ် အစိုးရဝန် ထမ်းတွေကို ခေတ်နဲ့အညီ ထောက်ပံ့ငွေ၊ချီးမြှင့်ငွေတွေကို ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော သည်။