Monday, August 17, 2026

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆...

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊...

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁...

မန္တလေး၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက...

ဖိလစ်ပိုင်ဝယ်လိုအား မြင့်တက်မှုကြောင့် GW-11 မြန်မာ့ဆန်...

ရန်ကုန်၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် အရည်အသွေးမြင့် GW-11 မြန်မာ့ဆန်မှာ ဝယ်လိုအားအားကောင်းလာမှုကြောင့် တစ်တန်လျှင်...

ရေဘေးကယ်ဆယ်ရေးစခန်းများတွင် မြွေဆိပ်ဖြေဆေးများ အသင့်ထားရှိ၊ ကျန်းမာရေးဝန်ထမ်းများက...

ဧရာဝတီ၊ ဩဂုတ် ၁၇ ရေဘေးအန္တရာယ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်ကုသမှုများ အချိန်မီဆောင်ရွက်ပေးနိုင်ရန် ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများတွင် မြွေဆိပ်ဖြေဆေးများ...
HomeNewsLocal Newsမြန်မာနိုင်ငံ၌အခါကြီး ရက်ကြီးများတွင် ဖောက်ခွဲတိုက်ခိုက်မှုများ...

မြန်မာနိုင်ငံ၌အခါကြီး ရက်ကြီးများတွင် ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်လာနိုင်‌ကြောင်း အမေရိကန်သံရုံးသတိပေး၊မသင်္ကာစရာတွေ့က ရဲနှင့် လုံခြုံရေး များထံ အကြောင်းကြားရန် အမေရိကန်သံရုံးထုတ်ပြန်

ဒီဇင်ဘာ (၂၃) ရက်က ထုတ်ပြန်ခဲ့သည့် သံရုံး၏ ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့ရှိ ရှန်ဂရီလာ(Shangri-la) ၊ Lotte ဟိုတယ် အပါအဝင် နိုင်ငံခြားသားအများစုဝင်ထွက်သည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ ၊ ဘားများနှင့် လူစည်ကားရာ နေရာများတွင် ပေါက်ကွဲမှုများ ၊ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့်အတွက် အဆိုပါနေရာများသို့ မသွားကြရန် ၎င်းတို့၏ သံရုံးဝန်ထမ်းများအပါအဝင် ပြည်သူလူထုကို အ​မေရိကန်သံရုံးက အသိ​ပေးထားသည်။

အခါကြီးရက်ကြီး အခမ်းအနားများနှင့် ပွဲလမ်းသဘင်များတွင် ဖြစ်ပွားနိုင်ခြေများသည့်အတွက် သင်္ကာမကင်းဖြစ်စရာ အခြေအနေ သို့မဟုတ် အရေးပေါ် အခြေအနေများတွင် ရဲတပ်ဖွဲ့များနှင့် လုံခြုံရေး တာဝန်ရှိသူများထံ သတင်း ပို့အကြောင်းကြားကြရန်လည်း အမေရိကန် သံရုံးက တိုက်တွန်းထားသည်။

အမေရိကန် သံရုံးသည် အကြမ်းဖက် ဖြစ်နိုင်သည့် သတင်းများကိုလည်းဆက်လက် စောင့်ကြည့်​ပေး​နေမည်ဖြစ်​ကြောင်း နှင့် အရေးပေါ်အခြေအနေမျိုးတွင် သတိပြုနေထိုင်ရန်များကိုလည်း အသိ​ပေးထားသည်။၄င်းတို့မှာ

ဒေသဆိုင်ရာ အာဏာပိုင်များ၏ လမ်းညွှန်ချက်ကို လိုက်နာပါ။

သံသယဖြစ်ဖွယ် သို့မဟုတ် အန္တရာယ်ရှိနိုင်သည်ဟု သင်္ကာမကင်း ဖြစ်ပါက ဘေးကင်းရာ ပြောင်းရွှေ့ပြီး အုပ်ချုပ်​ရေးအဖွဲ့များသို့ သတင်းပို့ပါ။

ပြည်တွင်းပြည်ပသတင်းများနှင့် ဆိုရှယ်မီဒီယာသတင်းလိုင်းများကို ပုံမှန်စောင့်ကြည့်ပါ။

ခရီးသွားရာတွင်လိုအပ်သည့်စာရွက်စာတမ်းများပြင်ဆင်ထားပါ။ COVID ကာကွယ်ဆေးထိုးပြီး​ကြောင်းလက်မှတ်​ဆောင်ထားပါ။

မိမိ၏ လုံခြုံရေး အစီအစဉ်များကို ပြန်လည်သုံးသပ်ပြီး (US နိုင်ငံသားများအ​နေဖြင့်US အစိုးရ၏ အကူအညီကို အားမကိုးသော) အရေးပေါ် အခြေအနေ အစီအစဉ်ကိုဆွဲထားပါ ဟူ၍ဖြစ်သည်။

Source:https://mm.usembassy.gov/security

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆ မြို့တွင် မြေနိမ့်ပိုင်းနေပြည်သူများ ကြိုတင်ရွှေ့ပြောင်းရန် နှိုးဆော်

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားပြောင်းရွှေ့နိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားသည်။ မိုးဇလဌာန၏ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီ တိုင်းထွာချက်များအရ မြစ်ကြီးငါးစင်း၏ မြစ်ရေများမှာ မြို့ ၇ မြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေခြင်းဖြစ်သည်။ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အထက် ၃၃...

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁ ဦးအား ဝတ်စုံများထောက်ပံ့

မန္တလေး၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက ဩဂုတ် ၁၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှု၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဦးဆောင်မှုတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Grade-5 မှ Grade-9 အထိ ကျောင်းသူများကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် အသက်အရွယ်အလိုက် U-12/U-13 အဆင့်၌ အားကစားသမား ၂၅...

ဖိလစ်ပိုင်ဝယ်လိုအား မြင့်တက်မှုကြောင့် GW-11 မြန်မာ့ဆန် တစ်တန် ဒေါ်လာ ၅၈၀ အထိ စံချိန်တင်ဈေးရရှိ

ရန်ကုန်၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် အရည်အသွေးမြင့် GW-11 မြန်မာ့ဆန်မှာ ဝယ်လိုအားအားကောင်းလာမှုကြောင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ အထိ စံချိန်တင်ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှလည်း ဆန်ဝယ်ယူလျက်ရှိသော်လည်း မြန်မာ့ GW-11 ဆန်၏ မျိုးစိတ်နှင့် အရည်အသွေးကောင်းမွန်မှုကို ပိုမိုနှစ်ခြိုက်သဖြင့် ဈေးကောင်းပေးဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့ရာတွင် ထိုင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၀ ခန့်ရရှိနေချိန်၌ မြန်မာ့ GW-11...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071