မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာ ဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ တာဝန်ရှိသူများ ဒီဇင်ဘာ ၁၇ ရက်မွန်လွဲပိုင်းက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)ရုံး၌တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော် မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေးဘာသာရပ်၊ မြန်မာနိုငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဦးကျော်စိုးက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဘာသာ ရပ်တို့အား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသူများကသိလိုသည်များကိုမေးမြန်းရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိကြသူများက ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏတို့မှလည်း နှုတ်ခွန်းဆက်အမှာစကားများပြောကြားခဲ့ကြကြောင်း သိရသည်။
Photo-Ko Aung Myint
