Monday, December 8, 2025

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌...

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့...

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...
HomeNewsLocal Newsမြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် မြန်မာဘာသာအပြင်...

မြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာ ၇ မျိုးဖြင့် လက်ကမ်းစာစောင်ပြုစုထား

မြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်ကို မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာ ၇ မျိုးဖြင့် ပြုစုထားရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား(NCM)ထူထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ အဓမ္မခိုင်းစေမှုရှိပါက ပြည်သူများအနေဖြင့် အလွယ်တကူတိုင်ကြားနိုင်ရန်နှင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြား မှုများကို ထိရောက်စွာ အရေးယူဖြေရှင်းနိုင်ရန် ဖြစ်သည်။

ထို့ပြင် တိုင်ကြားမှုသည် မှန်ကန်ကြောင်း စုံစမ်းပေါ်ပေါက်ပါက သင့်အနေဖြင့် တစ်နည်းတစ်ဖုံ တရားမျှတမှုနှင့် နောက်နောင် ဤသို့ထပ်မံမဖြစ်ပွားတော့ဆိုသည့် အသိအမြင်ရရှိစေခြင်း သို့မဟုတ် အဓမ္မခိုင်းစေသူ၏ လုပ်ရပ်များအတွက် ထိုက်သင့်သော ပြစ်ဒ-ဏ်ပေးပြီးဖြစ်ကြောင်း ကျေနပ်မှုရစေခြင်းတို့ကို မျှော်လင့်နိုင်သည်ဟု ဆိုသည်။

ပဏာမအားဖြင့် ရပ်ကွက်/ကျေးရွာ၊ မြို့နယ် (သို့မဟုတ်)ခရိုင်အဆင့်ရှိ ဒေသခံအုပ်ချုပ်ရေး အဖွဲ့အစည်းများထံတိုင်ကြားလျှင် သင့်လျော်မည်ဟုထင်မြင်ယူဆလျှင် ထိုသို့တိုင်ကြားမှုပြုလုပ်နိုင်သည်။

အဓမ္မစစ်မှုထမ်းစေခြင်း သို့မဟုတ် အသက်မပြည့်သော ကလေးသူငယ်များအား စစ်မှုထမ်းစေသော ကိစ္စရပ်များတွင် စိုးရိမ်မကင်းဖြစ်မှုကို နီးစပ်ရာတပ်သားသစ်စုဆောင်းရေးစခန်း၊ စစ်အခြေခံလေ့ကျင့်ရေးကျောင်း သို့မဟုတ် နီးစပ်ရာတပ်စခန်းသို့ တင်ပြနိုင်သည်။

အကယ်၍ အထက်ပါအကြံပြုချက်သည် သင့်အတွက် မသင့်လျော်ဟုထင်မြင်ပါက သို့မဟုတ် အဆိုပါ တိုင်ကြားမှုနှင့် စပ်လျဉ်းသော တုံ့ပြန်ဆောင်ရွက်ပေးမှုအပေါ် အားရကျေနပ်မှုမရှိပါက သက်ဆိုင်သော အချက်အလက် အထောက်အထားများဖြင့် တိုင်ကြားချက်ကို အောက်ပါအတိုင်း လိပ်မူပေးပို့နိုင်သည်။

တိုင်ကြားရာတွင် (National Complaint Mechanism-NCM)
ဖုန်း- ဝ၆၇-၃၄၃ဝဝ၉၀၊ ၀၆၇-၃၄၃ဝ၂၇၃၊၀၆၇-၃၄၃ဝ၄၃၆ E-mail([email protected])၊ [email protected]၊ organization၊ [email protected] သို့ တိုင်ကြားနိုင်သည်။

မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုလုံးဝပပျောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ၂ဝဝ၇ ခုနှစ်မှ စတင်၍ ILO နှင့်ပူးပေါင်း၍ တိုင်ကြားမှုယန္တရား ထူထောင်ပြီး အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ဖြေရှင်းဆောင်ရွက်ကာ ၂ဝ၂ဝ ပြည့်နှစ်မှစတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaint Mechanism-NCM) မှအဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဓမ္မခိုင်းစေမှုဆိုသည်မှာ လူတစ်ဦးတစ်ယောက်အား အလုပ်တစ်ခုကို ထိုသူမပြုလုပ်ပါက (သို့မဟုတ်) မလိုက်နာပါက တစ်စုံတစ်ရာ အပြစ်ပေးခံရမည်ဟူသော ခြိမ်းခြောက်မှုဖြင့် ထိုသူ၏ဆန္ဒမပါဘဲ ဥပဒေနှင့်ဆန့်ကျင်၍ခိုင်းစေသောအလုပ်မျိုးကိုခေါ်သည်။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ အမိန့်ညွှန်ကြားချက်များသည် အဓမ္မခိုင်းစေမှုကျင့်သုံးခြင်းကိုလည်းကောင်း၊ အသက်(၁၈)နှစ် အောက်ကလေးသူငယ်များအား တပ်မတော်အတွင်းသို့ စုဆောင်းမှုကိုလည်းကောင်းတားမြစ်ထားကြောင်း ကြေညာချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးကို အဆင်ပြေစွာဆောင်ရွက်ပေးရန် လဝက ဝန်ကြီးမှာကြား

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို စစ်ဆေးခဲ့စဉ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။ လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏ စီးပွားရေး အတန်အသင့် နာလံထူမှု လက္ခဏာများတွေ့ရကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့် လုပ်ငန်းလည်ပတ်မှုစနစ် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ စိန်ခေါ်မှုများ၏ သက်ရောက်မှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးမျှော်မှန်းချက် အလားအလာအား အခက်အခဲအတားအဆီးများသဖွယ် ဆက်လက်တည်ရှိနေသော်လည်း စီးပွားရေးနာလံထူလာသည့် လက္ခဏာများ အတန်အသင့်ရှိလာကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက် (ယနေ့) တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာသုံးသပ်ချက် အစီရင်ခံစာ (Myanmar Economic Monitor)...

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌ အမြဲတမ်းအတွင်းဝန်သည် ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနအကြီးအကဲ H.E. Aljohara Yousif Al-Obaidan နှင့် ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းကတွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဖိုရမ်၌ တက်ရောက်လာကြသူများက ငြိမ်းချမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအပါအဝင် အရေးပါသည့်နယ်ပယ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071